နိုင်ငံခြားသားများကို မြဝတီ နယ်စပ်ဂိတ်မှ ရက်ရှည် ပြည်ဝင်ခွင့် ပြုမည်

13.8.2013
နိုင်ငံခြားသား ခရီးသွားများနှင့် စီးပွားရေး လုပ်ငန်းရှင် အချို့ကို
ထိုင်း - မြန်မာ နယ်စပ် ကုန်သွယ်ရေး အတွက် အဓိက ကုန်စည် စီးဆင်းရာ
မြို့ဖြစ်သော မြဝတီမြို့မှ ရက်ရှည် ပြည်ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း
ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားမှ လူဝင်မှု ကြီးကြပ်ရေး ဦးစီးအရာရှိ
ဦးစိုင်းမြင့်အောင်က ပြောကြား သည်။
သြဂုတ်လ၂၁ရက်နေ့မှစ၍ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသား မြန်မာတိုင်းရင်းသားများကိုရက်ရှည် ပြည် ဝင်ခွင့် ပေးမည် ဖြစ်ပြီး နိုင်ငံခြားသား
အားလုံးကို စက်ဘာလမှသာ စတင် ခွင့်ပြုသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်
ပြောကြားသည်။
နိုင်ငံခြားသား ခရီးသွားများ ပြည်ဝင်ခွင့်အတွက် ၂၈
ရက် ခွင့်ပြုမည် ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအ တွက် ရက် ၇၀
ခွင့်ပြုသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ပတ်စ်ပို့နဲ့ ဗီဇာပါတဲ့ ဘယ်နိုင်ငံခြားသားမဆို ခွင့်ပြုသွားမယ်” ဟု ၎င်းက ဆိုသည်။
ယင်းသို့ ခွင့်ပြုပေးသော်လည်း ခရီးသွားရာသီ မဟုတ်သောကြောင့် နိုင်ငံခြား
သားများ အများအပြား ဝင်ရောက်နိုင်မည် မဟုတ်သေးကြောင်း မြဝတီ အခြေစိုက်ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူဦးစောမိုးဇက် က သုံးသပ် ပြော ကြားသည်။
ယခင် မြဝတီ နယ်စပ်ဂိတ်မှထိုင်းနိုင်ငံသားများနှင့် မြန်မာလူမျိုး
နိုင်ငံခြားသားများကိုတစ်ပတ်သာ ပြည် ၀င်ခွင့် ပြုခဲ့ပြီး မွန်ပြည်နယ်
ကျိုက်ထို အထိသာ သွားလာခွင့် ပေးထားသည်။
၂၀၁၃ ခုနှစ်
ဇန်နဝါရီလတွင် မြဝတီ နယ်စပ်ဂိတ်မှ ဆိုက်ရောက်ဗီဇာ ပေးရန် အစိုးရက စီစဉ်ထား
သော် လည်း စက်ပစ္စည်းအခက်အခဲများကြောင့်ယင်းအစီအစဉ်အကန့်အသတ်မရှိ
ရွှေ့ဆိုင်းထား ကြောင်း မြဝ တီ အခြေစိုက် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက
ဆိုသည်။
The Voice Weekly
No comments:
Post a Comment