မောင်တောခရိုင်တရားရုံးက ဘင်္ဂါလီ ၂၉ ဦးကို ထောင်ဒဏ်ခုနစ်နှစ်စီချမှတ်
12.9.2013
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သောမောင်တောမြို့မှ
ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သည့် ဘင်္ဂါ လီ ၂၉ ဦးကို
မောင်တောခရိုင်တရားရုံးက ထောင်ဒဏ်ခုနစ်နှစ်စီ အသီးသီး ချမှတ်လိုက်သည်ဟု
ထိုတရားရုံး တွင် အမှု လိုက်နေသည့် အထက်တန်း ရှေ့နေ ဦးအောင်ကျော်ညွန့်က
မဇ္ဈိမကိုပြောသည်။
ထိုတရားရုံးက
ဘင်္ဂါလီများကို စီရင်ချက်ချလိုက်သည်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့
ပြန်ကြားရေးကော်မတီ အတွင်းရေး မှူး ဦးဝင်းမြိုင်ကလည်း မဇ္ဈိမကိုအတည်ပြုသည်။
“ပြစ်ဒဏ်ချမှတ်တာဟုတ်ပါတယ်။ ပဋိပက္ခနဲ့ စပ်လျဉ်းတဲ့အမှုတွေကို မြို့နယ်အသီးသီးမှာ အရေးယူနေပါ တယ်” ဟု သူကဆိုသည်။
ယခုပြစ်ဒဏ်ကျခံရသူ ၂၉ ဦးမှာ မောင်တောမြို့တွင် ၂၀၁၂ ခုနှစ်
ဇွန်လအတွင်းကဖြစ်သည့် ပဋိပက္ခအတွင်း၌ အမှတ် (၄) ရပ်ကွက်ကို
မီးရှို့မှုကျူးလွန်သူများဖြစ်သည်ဟု ထိုအမှုကိုစီရင်သည့် တရားခွင်၌ သွားရောက် လေ့လာ ခဲ့ သည့် ရှေ့နေဦးအောင်ကျော်ညွန့်ကပြောသည်။
ထိုဘင်္ဂါလီ ၂၉ ဦးဘက်မှ ဦးကျော်ကျော်ဝင်း၊ ဦးဘ၀င်းနှင့်ဦးသိန်းနိုင်ဆိုသည့်ရှေ့နေသုံးဦးကအမှုလိုက်လျှောက်လဲပေး ခဲ့ပြီး တရားလို အာဏာပိုင်ဘက်မှ
မောင်တောခရိုင် ဥပဒေအရာရှိ ဦးမြင့်သိန်းက လျှောက်လဲခဲ့ သည်ဟု
ဦးအောင်ကျော်ညွန့် ကပြောသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း မောင်တောမြို့နယ်တရားရုံးက ဘင်္ဂါလီ ၅၆ ဦးကို ထောင်ဒဏ်ခု နစ်နှစ်စီ အမိန့် ချမှတ် ခဲ့သေးသည်။
ထို ၅၆ ဦးမှာ မောင်တောမြို့နယ် ကန်သာယာအလယ်ရွာ မီးရှို့မှုတွင်ပါဝင်သူ
ခုနစ်ဦး၊ မောရ၀တီ (နတလ) ဆေးပေး ခန်း မီးရှို့မှုတွင်ပါဝင်သူခုနစ်ဦး၊
မူလတန်းကျောင်းကို မီးရှို့မှုတွင်ပါဝင်သူ ၂၆ ဦး၊ ပုဂ္ဂလိက
ပိုင်ဗွီဒီယိုရုံကို မီးရှို့မှုတွင် ပါဝင်သူ ၁၆ ဦးတို့ ဖြစ်သည်ဟု
ပြည်နယ်အစိုးရအဖွဲ့ရုံးမှ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူးဦးဝင်းမြိုင်က
“သက်သေမခိုင်လုံလို့ ကြန့်ကြာနေ တဲ့ အမှုတွေ၊ မပြီးပြတ်သေးတဲ့
အမှုတွေလည်းရှိပါတယ်” ဟု မဇ္ဈိမကိုပြောသည်။
ရှေ့နေဦးအောင်ကျော်ညွန့်၏ အဆိုအရ မောင်တောမြို့နယ်တွင် တရားစွဲဆိုထားပြီး
ပြစ်ဒဏ်မချမှတ်ရသေးသည့် သံသ ယရှိသူ ၂၅၀ ကျော်ပင် ကျန်ရှိနေသေးသည်ဟုသိရသည်။
ရခိုင်ပြည်နယ်တွင် ပဋိပက်္ခဖြစ်ပွားပြီး နောက်ညမထွက်ရ အမိန့်ကို
ထုတ်ပြန်ထား စဉ်ဖမ်းဆီးထားခံရသူ စုစုပေါင်း ၈၇၂ ဦးရှိသည်ဟု ရခိုင်ပြည်နယ်
အစိုးရအဖွဲ့ဥပဒေချုပ် ဦးလှသိန်းက မဇ္ဈိမကိုပြောကြားထား သည်။ ထိုသူများမှာ
စစ်တွေမှ ၁၃၆ ဦး၊ ရသေ့တောင်မှ ၁၈၁ ဦး၊ ကျောက်တော်မှ ၁၈ ဦး၊ မင်းပြားမှ
လေးဦး၊ မောင်တောမှ ၄၉၃ ဦး၊ ဘူးသီးတောင်မှ ၃၅ ဦး၊ သံတွဲမှလေးဦး၊
ကျောက်ဖြူမှတစ်ဦးဖြစ်သည်ဟု ဦးလှသိန်း ကဆိုသည်။
(ကေဇင်ဦး -မဇ္စျိမ)
No comments:
Post a Comment