address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Monday, September 16, 2013
မြေမြှုပ်မိုင်းအတွက် အမေရိကန် လာမယ်
16.9.2013
အမေရိကန်နိုင်ငံခြားရေးဌာန နိုင်ငံရေး/
စစ်ရေးဆိုင်ရာအဖွဲ့အောက်က လက်နက်ဖျက်သိမ်းရေးနဲ့လျှော့ချေ
ရးဆိုင်ရာရုံး အရာရှိတွေ မြန်မာပြည်ကို ဒီရက်ပိုင်းအတွင်း လာမယ်လို့ အမေရိကန်သံရုံးက ဒီမနက် ဖေ့ဘုတ်မှာ ကြေညာပါတယ်။
မြန်မာပြည်မှာရှိတဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေး ဆိုင်ရာ အခက်အခဲများနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် လာကြမှာပါ တဲ့။
မကြာသေးခင် မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး အစီ အစဉ်တွေကြောင့် ဒီအကြောင်းအရာ ကို ဆွေးနွေးနို င် တာဖြစ်ပါတယ်။
နှစ်ပေါင်းများစွာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက် ထိခိုက်ခဲ့ရ သူတွေ ကို မြေမြှုပ်မိုင်းနဲ့ပတ်သက်တဲ့အကူ
အညီ ပေးဖို့၊ လက်ရှိ ငြိမ်းချမ်းေ ရးဖော်ဆော င်မှု ဖြစ်စဉ်ကို အထောက်အကူ ပေးဖို့အတွက် အမေရိကန် အစိုးရက ကြိုးပမ်းနေပါတယ် တဲ့။
အမေရိကန်အစိုးရက မိုင်းနဲ့ပတ်သက်တဲ့ပညာပေးအစီအစဥ
်၊ စစ်တမ်းကောက် ယူမှု၊ ရှင်း လင်းမှု အစရှိတာတွေ လုပ်ကိုင်ချင်နေတာပါ။
ပြည်တွင်းစစ် အကြီးအကျယ် ဖြစ်ခဲ့တဲ့၊ ဖြစ်နေတဲ့၊ ရန်စောင်နေတဲ့နယ်မြေတွေမှာ မြေမြှုပ်မိုင်းတွေ ရှိနေပါတယ်။
မိုင်းတွေက ထိရောက်တဲ့ ဗျူဟာမြောက်လက်နက်တွေ ဖြစ်ပါတယ်။ရှေ့တန်းမှာ မိုင်းကြောင့် ခြေထောက် ထိ ခိုက် သွားသူကို သယ်ဖို့အတွက် ဆိုရင် အနည်းဆုံး လူ ၂ ယောက် လိုပါလိမ့်မယ်။ရန်သူရဲ့ အင်အား ကို ထိခိုက်စေ၊ စိတ် ဓာတ်ကို ပျက်ပြားစေတဲ့ လက်နက်ပါပဲ။မိုင်းကြောင့် ကိုယ့်တပ်စခန်းကို လုံလုံခြုံခြုံ ကာကွယ်နိုင်ကြပါတယ်။လူအ များ အပြားကို ထိခိုက်ဒဏ်ရာရ သေဆုံးစေတဲ့ ဖျက်အားပြင်းမိုင်းတွေလည်း ရှိပါတယ်။
အသုံးဝင်လွန်းတဲ့ ဒီမိုင်းတွေက ရန်သူကို ပစ်မှတ်ထားတယ် ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ပြီး ထိခိုက်တာမျိုး လည်း ရှိနိုင်ပါတယ်။
အဆိုးဆုံးကတော့ အရပ်သားတွေကို ထိခိုက်တာပဲဖြစ်ပါလိမ့်မယ်။ကချင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း နင်းမိ သဖြင့် ကလေးတဦးသေဆုံး
ဆိုတဲ့ သတင်းကို ဖတ်ရင် အရပ်သားတွေ ဘယ်လောက်အထိ အန္တရာယ်ရှိနေတယ် ဆိုတာ ကို တွေ့ရပါလိမ့်မယ်။
မြန်မာပြည်မှာ တိုက်ကြခိုက်ကြတာတွေ ရန်စောင်တာတွေက ဆက်ဖြစ်နေသေးတဲ့အတွက် မြေမြှုပ်မိုင်း ရှင်းလင်းရေး၊
ပညာပေးရေး၊ ထိခိုက်ဒဏ်ရာရခဲ့သူတွေကို အကူအညီပေးရေးတွေကို လုပ်ကိုင်ဖို့ မြန်မာအစိုးရက အစပျိုးနိုင်တဲ့အခြေ အနေ သိပ်မရှိသေးဘူးလို့ ယူဆရပါတယ်။
ဧရာဝတီ
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment