address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Wednesday, September 11, 2013
နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုပြီးမှသာ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရန် တိုင်းရင်းသားလက်နက်ကိုင်များလိုလား
11.9.2013
တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ အ စည်းများအားလုံးနှင့် နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးမှုများ ပြု လုပ်ပြီးမှသာ တစ်ပြည်လုံးအပစ် အခတ် ရပ်စဲရေးလုပ်သင့်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အသိုင်း အဝိုင်းနှင့် နိုင်ငံရေးအ သိုင်းအဝိုင်း က သုံးသပ်ပြောကြားကြောင်း သိရသည်။
လက်ရှိအချိန်တွင် အစိုးရ မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေး နွေးပွဲများ ပြုလုပ်နေသော်လည်း အောက်ခြေတွင် တပ်ဖွဲ့များ အချင်းချင်း ယုံကြည် မှုမတည် ဆောက်နိုင်သေးခြင်း အပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် နိုင်ငံရေးအရ ဆွေးနွေးရမည့် အချက် များကို ထည့်သွင်းသဘော တူနိုင်ခြင်းမရှိသည့် အခြေအနေ များကြောင့် တိုင်းရင်းသားလက် နက်ကိုင်အချို့နှင့် ငြိမ်း ချမ်းရေး ဆွေးနွေးပွဲများ ဆက်လက်ရှေ့ တိုး ဆောင်ရွက်နိုင်ခြင်းမရှိသည့် အခြေအနေများဖြင့် ကြုံတွေ့နေ ရခြင်ြး ဖစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်များက ပြောသည်။
KNU အထွေထွေအ တွင်းရေးမှူး ဖဒိုစောကွယ်ထူး က ''တချို့ အပစ်ရပ်ဖို့ဆွေးနွေး ရမယ့်အချက်တွေ ကျန်သေးတာ နဲ့ ညှိနှိုင်းရမယ့်အချက်တွေ ကျန် သေးတာအတွက် တန့်နေတာ ဖြစ်တယ်။ အဓိကက နိုင်ငံရေးအ ရ သွားမယ်ဆိုရင် နိုင်ငံရေးအရ ဆွေးနွေးရမယ့် အချက်တွေကို ကတိကဝတ်ပြုပြီးမှ ပဋိပက္ခတွေ ပြေလည်သွားမယ့် သဘောရှိ တယ်။ တစ်ပြည်လုံး အပစ်ရပ်ဖို့ ကြေညာရုံနဲ့မပြီးဘူး။ တစ်ပြည် လုံး အပစ်ရပ်တဲ့နေရာမှာ ဘာ တွေ ပါသင့်တယ်ဆိုတာကို နိုင်ငံ ရေးအရ ကတိကဝတ်ပြုပြီးမှ ဆက်လုပ်လို့ရမယ်''ဟု ပြောကြား သည်။ ထိုသို့ နိုင်ငံရေးအရ တွေ့ ဆုံခြင်းဆို သည့်နေ ရာတွင် တိုင်း ရင်းသား လက်နက်ကိုင်တစ်ဖွဲ့ ချင်းစီနှင့်မဟုတ်ဘဲ တိုင်းရင်း သားအဖွဲ့အစည်းများ အားလုံး သမ္မတအပါအဝင် အစိုးရအဖွဲ့၊ လွှတ်တော်၊ တပ်မတော်စစ်ဦးစီး ချုပ်ပါ ပါဝင်၍ တစ်ပြည်လုံးအ တိုင်းအတာဖြင့် အပစ် အခတ်ရပ် စဲရေးတွင် ပါဝင်ရမည့်အချက်များ ကို ဆွေးနွေးရမည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်း ဦးက ''အခုက KIA နဲ့အဆင် မပြေသေးဘူး။ တအာင်း ပလောင် နဲ့ကလဲ ပြည်နယ်အဆင့်တွေ့ထား ပေမယ့် တိုက်ပွဲတွေ ပြန်ဖြစ်နေ တယ်။ အခု တိုင်းရင်းသားအဖွဲ့ တွေ က ပြောလာကြတာရှိတယ်။ အပစ်ရပ်လက်မှတ်က အရင်က တည်းကလဲ ထိုးခဲ့တာတွေရှိတယ်။ တိုက်ပွဲတွေ ပြန်ဖြစ် တယ်။ အ ပစ်ရပ်တဲ့ လက်မှတ်ထိုးဖို့ ဆွေး နွေးတာထက် နိုင်ငံရေးအဓိပ္ပာယ် ပါတဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့ လို လားကြ တယ်။ ဒါပြီးမှ တစ်နိုင်ငံ လုံး အပစ်ရပ်လက်မှတ်ထိုးဖို့ပြော လာကြတယ်။ နိုင်ငံရေး မပြေ လည်မှုတွေကြောင့်ပဲ လက် နက် ကိုင် တိုက်ပွဲဝင်တာ ဖြစ်လာတာ ကိုး။ ဒီလိုနိုင်ငံရေးအရ ဆွေးနွေး ပွဲတွေ အရင်လုပ်ပြီးမှ အပစ်ရပ် တာလုပ်ရင် ပိုအဆင်ပြေမယ်'' ဟု သုံးသပ်ပြောသည်။တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်း ချမ်းရေးဆွေးနွေးပွဲ များ ပြုလုပ် ၍ သဘောတူညီချက်များကို နှစ် ဖက် သဘောတူညီချက်များရခဲ့ သည်များ ရှိခဲ့သော်လည်း အောက် ခြေ တွင် နှစ်ဖက်ထိတွေ့ဆက်ဆံ သည့်နေရာတွင် အားနည်းချက် လိုအပ်ချက်များရှိနေသည့်အချက် မှာလည်း ငြိမ်း ချမ်းရေးဆွေးနွေး ပွဲများကို ရှေ့ဆက်မသွားနိုင်ရခြင်း ၏ အကြောင်းအရင်းတစ်ခုဖြစ် ကြောင်းလည်း တိုင်းရင်းသားအ ဖွဲ့အစည်းများက ပြောသည်။ ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင် သည့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးစိုင်းကျော်စောသန်း က ''တစ်ဖက်နဲ့တစ်ဖက် ယုံကြည် မှု မ တည်ဆောက် နိုင်သေးတာ တစ်ချက်၊ အောက်ခြေမှာ နယ်မြေ သတ်သတ်မှတ်မှတ် ခွဲခြားပေး တာ မရှိသေး တာတွေ ကလဲ တိုက် ပွဲတွေ ပြန်ဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်သွားဖို့ ယုံ ကြည်မှုမဲ့စေတဲ့ ဒီအချက်တွေ ကို ပြင် ဆင်ဖို့လိုတာပေါ့။ ဆက် ဆံရေးရုံးတွေ ဖွင့်ထားပေမယ့် နှစ်ဖက်တပ်မတော်အချင်းချင်း ပွင့်လင်းစွာ ထိတွေ့ဆက် ဆံမှုမရှိ သလောက် အားနည်းတာတွေ ကို ကြားရတာ ဒါတွေပြင်ဖို့လို တယ်''ဟု ပြောသည်။အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး လက် မှတ်ရေးထိုးပြီး ဖြစ်သော်လည်း နိုင်ငံရေးအ ရ တွေ့ ဆုံဆွေးနွေးမှု များပြုလုပ်နိုင်ခြင်း မရှိသေးသည့် အပြင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့နှင့် တပ် မတော် ချင်းထိတွေ့ဆက်ဆံခြင်း သဘော တူညီချက်များတွင် ခိုင်မာသည့် ကတိကဝတ်များအား သဘော တူ နိုင်ခြင်းမရှိသည့်အပြင် သ ဘောတူညီချက်များကို အကောင် အထည်ဖော်နိုင်မှု အားနည်းနေ သေးသည့် အ တွက် အောက်ခြေ တွင် နှစ်ဖက်တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လျက်ရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအ သိုင်းအဝိုင်းမှ သိရသည်။
Yangon Media Group
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment