ကယားပြည်နယ်သူရဲကောင်းဗိမာန်ကိုပြုပြင် မွမ်းမံအလှဆင်မှုပြုလုပ်
30.9.2013
ကယားပြည်နယ်၊လွိုင်ကော် မြို့ရှိသူရဲကောင်းဗိမာန်ကိုဆေး
သုတ်ခြင်း၊ ဗိမာန်ပတ်လည်တွင် ကွန်ကရစ်ခင်း၍ အကာ အရံလက်
ရန်းတိုင်များတပ်ဆင်ခြင်း၊ ဗိမာန် အ၀င်လမ်းအားကွန်ကရစ်ခင်းခြင်း
စသည့်ပြုပြင်မွမ်းမံအလှဆင်မှုပြု လုပ် ထားကြောင်းသိရသည်။
ယင်းသူရဲကောင်းဗိမာန်သည် ကယားပြည်နယ်မော်ချီး၊ရှားတော၊လွိုင်ကော်၊ ဒီးမော့ဆိုဒေသများ သို့တရုတ်ဖြူ (ကူမင်တန်) များ
ကျူးကျော်တိုက်ခိုက်ခဲ့သည့် ၁၉၄၉ခုနှစ် နိုဝင်ဘာလမှ ၁၉၅၀
ပြည့်နှစ်သြဂုတ်လအတွင်းတိုက် ပွဲ များ တွင်မိမိတို့ပိုင်ဆိုင်သောနယ်
မြေများတိုင်းတစ်ပါးသားတို့ ၏လက်အောက်သို့မကျစေရန်
အသက်ကိုပဓာ နမ ထား ဘဲရွပ်ရွပ် ချွံချွံကာကွယ်ရင်းအသက်ပေးခဲ့
သောပြည်သူ့တပ်မတော်သားသူ ရဲကောင်းစစ်သည်များကိုအထိမ်း
အ မှတ်ကျောက်တိုင်ဆောက်လုပ် ရန်ကယားပြည်နယ်ပါလီမန်အတွင်း
ဝန်မဟာသရေစည်သူဦးစိန်အ ဆို ပြုချက် အရ ကယားပြည်နယ်ဥက္ကဋ္ဌ ၀န်ကြီးစပ်ဝဏ္ဏမှ ၁၉၅၂
ခုနှစ် မတ်လတွင်ကယားပြည်နယ်သူရဲ ကောင်းဗိမာန်အဖြစ် တည်ဆောက်
ပေးခဲ့ခြင်းဖြစ်သည်။
ကယားပြည်နယ်သူရဲကောင်း ဗိမာန်သည်လွိုင်ကော်မြို့ဆု တောင်းပြည့်မြို့နာမ်ရွှေစေတီ တော်အနီးကန်္ဒရ၀တီ လမ်း မကြီး ဘေး၌တည်ရှိသည်။
Hot News
No comments:
Post a Comment