KNPP နှင့်အစိုးရတို့ ဖွံ့ဖြိုးရေးလုပ်ငန်း မပူးပေါင်းနိုင်သေး

30.9.2013
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ပြည်နယ်အစိုးရ အပစ်အခတ်ရပ်စဲရေး
ပြုလုပ်ထားသည့် ကာလအ တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတူတကွ
ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းမရှိသေးကြောင်း KNPP မှ
ဗိုလ်မှူး ဘုန်းနိုင်က ပြောသည်။
“တိုင်းပြည်အတွက် ဖွံ့ဖြိုးရေးလုပ်မယ်။ လမ်းပန်းဆက်သွယ်ရေးလုပ်မယ်။
ကျန်းမာရေးကိစ္စတွေ လုပ်မယ်။ ကျနော် တို့က တောင်းဆိုထားပါတယ်။ ဒါပေမဲ့
ကျနော်တော်တို့ ၀င်ထွက်ပြီးတော့ ပူးပေါင်းလုပ်ဆောင်တာမရှိဘူး။ ဒီနေ့
အထိပဲ။”
အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးထားသည့်
အချက်များတွင် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ် ငန်းများအတွက်
အစိုးရနှင့် (KNPP) ပူးပေါင်းဆောင်ရွက်ရန် ပါရှိထားပြီးဖြစ်သည်။
သို့သော်ယနေ့တိုင် တစုံတရာမျှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသေးကြောင်းကို
ဗိုလ်မှူးဘုန်းနိုင်က ပြည်နယ်၏ ငြိမ်း ချမ်းရေးဖြစ်စဉ်အပေါ်
လေ့လာသုံးသပ်ခြင်း အစီအစဉ်ကျင်းပပြုလုပ်ခဲ့စဉ်၌ ပြောကြား
သွားခဲ့ခြင်းဖြစ်သည်။
ကယားပြည်နယ်အစိုးရဘက်မှလည်း ရွာသစ်ရေအားလျှပ်စစ် စီမံကိန်းကဲ့သို့သော အကြီးစားစီမံကိန်းလုပ်ငန်းများကို
KNPP နှင့် တိုင်ပင်ညှိနှိုင်း ဆောင်ရွက်မည့်ကိစ္စ မှတပါး အခြားသော
ပူးပေါင်းဆောင်ရွက်မှုများ မရှိသေးကြောင်း ပြည် နယ်
လျှပ်စစ်ဝန်ကြီးဦးစောဟူးဟူးက ပြောသည်။
“ပူးပေါင်းလုပ်ဆောင်တယ်ဆိုတာက သူတို့ဖက်က ဘယ်လောက်ထိ ပူးပေါင်းပါဝင်နိုင်တဲ့ အပေါ်မှာလည်း မူတည် တာပေါ့လေ”
KNPP နှင့်အစိုးရတို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို၂၀၁၂မတ်လ၇ရက်တွင်တကြိမ် ပြည်ထောင် စုအဆင့်ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင်တကြိမ် ၂၀၁၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် တကြိမ်ပြု လုပ်ပြီးဖြစ်သည်။
KNPP ဘက်မှ ဆွေးနွေးတင်ပြထားသည့် အချက် ၂၀ တွင် အချက် ၁၄ ချက်ကို ပဏာမ
သဘောတူညီခဲ့ကြပြီး ကျန် သည့် တပ်ကိစ္စနှင့် ပတ်သက်သည့် အချက် ၆ ချက်မှာ
ယနေ့ထိ မဆွေးနွေးနိုင်သေးကြောင်းကိုလည်း ငြိမ်း ချမ်းရေးဖြစ် စဉ် လေ့လာသုံးသပ်မှုတွင် သိရှိသည်။
ကန္တာရ၀တီတိုင်းမ်
No comments:
Post a Comment