Thursday, September 12, 2013

GSM/WCDMA (UMTS) လိုင်း ၁ သန်း အသစ် တပ်ဆင် တိုးချဲ့ခြင်းနှင့် လိုင်း ၃ သန်းကို အစားထိုးပြောင်းရွှေ့ခြင်း ဆောင်ရွက် လျက်ရှိ

12.9.2013

GSM/WCDMA (UMTS) လိုင်းတစ်သန်း အသစ်တပ်ဆင် တိုးချဲ့ခြင်းနှင့် လိုင်းသုံးသန်းကို အစားထိုး ပြောင်းရွှြေ့ ခင်း ဆောင်ရွက် လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

အဆိုပါ ကိစ္စရပ်အတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီများအား ၂၀၁၃ ခုနှစ်၊ ဧပြီလတွင် တင်ဒါစတင် ရွေးချယ်ခဲ့ကြောင်း၊ ၎င်းနောက်လုပ်ငန်း လိုအပ်ချက်နှင့် ကိုက်ညီသည့် Huawei Technologies Co.,Ltd နှင့် စာချုပ်ချုပ်ဆိုကာ လိုအပ် သည်များကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း မိုဘိုင်းဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်း က ပြောကြားကြောင်း စက်တင်ဘာလ ၃ ရက်နေ့ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။ 
၎င်းလိုင်းလေးသန်းတိုးချဲ့စီမံကိန်းအတွက်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌လိုလာမည့် ရေဒီယိုစခန်းသစ် လေး ရာအတွက်မြေနေရာရယူခြင်း၊ ကွင်းဆင်းတိုင်းတာခြင်း၊ စက်မှုအဆောက်အဦးနှင့် တာဝါတည်ဆောက်ခြင်း၊ လျှပ်စစ် ဓာတ်အားစနစ် တည်ဆောက်ခြင်း၊ လေအေးပေးစက် တပ်ဆင်ခြင်း စသည့် လုပ်ငန်းများအတွက်လည်း ဖိတ်ခေါ် ထားကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်အကျိုးတူ ပူးပေါင်းဆောင် ရွက်လိုသည့် ကုမ္ပဏီများကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်မတိုင်မီ တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ ၎င်းအဆိုပြုလွှာ တင်သွင်းရန်အတွက် လိုအပ်သည့် အချက်အလက်များ၊ လမ်းညွှန်ချက်များ၊ ပုံစံများကို အင်ဂျင်နီယာချုပ်ရုံး၊ ရုံးချုပ်အခြေစိုက် မိုဘိုင်းဆက်သွယ်ရေးစခန်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နေပြည်တော်တွင် ဝယ်ယူနိုင်ကြောင်း၊ တင်သွင်းသူသည် ကျပ်သိန်းငါးဆယ်ကို စိတ်ဝင်စားကြေးအဖြစ် ဌာနသို့ပေးသွင်းရမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့်ကြေညာခဲ့သည်။

အင်တာနက်

No comments:

Post a Comment