နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် KNU နှင့် RCSS သဘောတူ
13.9.2013
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကရင်အမျိုးသား
အစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS/SSA က
လက်မှတ်ရေးထိုးရန် မူအားဖြင့် သဘောတူကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ
အကြီးတန်းအကြံပေးတစ်ဦးက ပြောကြားသည်။
စက်တင်ဘာလ ၁၁ ရက်နေ့နှင့် ၁၂ ရက်တို့တွင် ရန်ကုန်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာအဆောက်အအုံတွင် ပြည်ထောင် စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း
ကော်မတီ၏ ငြိမ်းချမ်းရေး နည်းပညာ အထောက်အကူပြုအဖွဲ့နှင့် KNU/ RCSS
အ ဖွဲ့တို့၏ ငြိမ်းချမ်းရေးနည်းပညာ အထောက်အကူပြုအဖွဲတို့ နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေး အတွက် အကြို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း
၎င်းကဆိုသည်။
အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့်
နိုင်ငံရေးေ ဆွးနွေး ပွဲ အတွက် အချက်အလက်အချို့ကို သဘောတူညီ ခဲ့ကြောင်း ၄င်းက
ဆက်လက် ပြောကြားသည်။"နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ဘယ်လိုပုံစံ လုပ်မယ်ဆိုတာ ဆွေးနွေးတာပါ" ဟု ၄င်းက ဆက်လက် ပြော ကြား သည်။
KNU နှင့် RCSS အဖွဲ့တို့သည် သြဂုတ်လ ၃၁ ရက်နေ့တွင် နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ အ တွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး
လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ တပ်မတော်
ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့နှင့်
သွားရောက် တွေ့ဆုံထားသည်။
စက်တင်ဘာလ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ
ချင်းမိုင်မြို့၌ ကျင်းပသည့် အစိုးရနှင့် ညီညွတ်သော
တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့၏ ဆွေးနွေးပွဲ တွင် UNFC
က နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးမူ အချို့ကို သဘော မတူကြောင်း
သတင်းများ ထွက်ပေါ်လျက်ရှိသည်။
The Voice Weekly
No comments:
Post a Comment