address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Thursday, October 10, 2013
ထိန်းသိမ်းခံ မြန်မာ့ရေလုပ်သား ၃၇ ဦး အင်ဒိုနီးရှားမှ ပြည်တော်ပြန်
10.10.2013
အင်ဒိုနီးရှားနိုင်ငံမှ ဆာဘန်းဆိပ်ကမ်း မြို့တွင် ထိန်းသိမ်းခံနေရသည့် မြန်မာ့ရေလုပ်သား ၃၇ ဦးသည် အောက်တို ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြည်လည် ရောက်ရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အ မှုဆောင် ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။
အဆိုပါရေလုပ်သားများသည် ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုကြောင့် ထိုင်းငါးဖမ်းလှေ များတွင် သွားရောက် လုပ် ကိုင်ရာမှ အင်ဒိုနီးရှား ရေပြင်ပိုင်နက်အတွင်း ငါးခိုးဖမ်းမှုကြောင့် အဖမ်းခံရခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။
ထိုင်းငါးဖမ်းလှေများသည် သယံဇာတ ရှားပါးသည့် ၄င်းတို့ပင်လယ်ပြင် အတွင်း ငါးဖမ်းမှု နည်းပါးပြီး အိမ် နီးချင်းနိုင်ငံ များ၏ ရေပြင်ပိုင်နက် အတွင်း ဝင်ရောက် ငါးခိုးဖမ်းရာမှ အလုပ်သမားအဖြစ် လုပ်ကိုင်နေသော မြန် မာ ရေလုပ်သား များ မကြာခဏ အဖမ်းခံနေရ ခြင်းဖြစ်သည်ဟု အဆိုပါ ပုဂ္ဂိုလ်ကရှင်းပြသည်။
ရေလုပ်သား ၃၇ ဦး နေရပ်ပြန်နိုင်ရေး အတွက် အင်ဒိုနီးရှားသံရုံးက လေယာဉ်စရိတ် ခန့်မှန်း အမေရိကန်ဒေါ် လာ နှစ်သောင်းကို ခေတ္တစိုက်ထုတ် ကူညီပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ကျပ် ၂၉ သိန်းကျော်(၂,၉၉၅,၀၀၀ ကျပ်) ထောက်ပံ့မည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန (နေပြည်တော်) မှ ညွှန်ကြားရေးမှူး ဦးချွမ်ဟရဲက ပြောကြားသည်။
ရေလုပ်သားများသည် အင်ဒိုနီးရှား နိုင်ငံမှ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ သွားရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့တော်သို့ မလေးရှား လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိမည် ဖြစ်သည်ဟု ၄င်းကဆိုသည်။
"အဓိကတော့ ဒီမှာအလုပ်အကိုင် ရှားပါးတယ်။ အသက်မွေးဝမ်းကျောင်း လုပ်ဖို့ ခက်တယ်။ ဒါကြောင့် ပိုက်ဆံများများ ရဖို့ ပြည်ပသွားလုပ်ကြတာ။ ပွဲစားတွေနဲ့သွားပြီး အလုပ်မရလို့ ကြုံရာလုပ်ပြီး ငါးဝင်ဖမ်းရတဲ့ လူတွေလည်းရှိတယ်" ဟု အဆိုပါပုဂ္ဂိုလ် က ဆိုသည်။
ပြည်တော်ပြန်ရေလုပ်သားများတွင် တနင်္သာရီတိုင်းဒေသကြီးမှ ၁၂ ဦး၊ ပဲခူးတိုင်း ဒေသကြီးမှ ခြောက်ဦး၊ ရန်ကုန် တိုင်းဒေသကြီး မှ ငါးဦး၊ မွန်ပြည်နယ်မှ ငါးဦး၊ ကရင်ပြည်နယ် မှလေးဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ သုံးဦး၊ မန္တလေး တိုင်းဒေသကြီးမှ တစ်ဦးနှင့် မကွေး တိုင်းဒေသကြီးမှ တစ်ဦးပါဝင်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လ ည် နေရာချထားရေးဝန်ကြီးဌာန ထံမှ သိရသည်။
မူလအစီအစဉ်တွင် ရေလုပ်သား ၄၀ နေရပ်ပြန်နိုင်ရေး စီစဉ်ထားသော်လည်း အင်ဒိုနီးရှား နိုင်ငံရှိ မြန်မာရေလုပ်သား သုံးဦး ထွက်ပြေးသွားသဖြင့် ၃၇ ဦးသာ နေရပ်ပြန်မည် ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိ ရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က အိန္ဒိယနိုင်ငံမှ မြန်မာရေလုပ်သား ၁၂၃ ဦးကို ထိပ်သီး စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကိုဝင်းက အမေရိကန်ဒေါ်လာ သုံးသောင်း အကုန်ခံ၍ ၄င်း၏ MAI လေကြောင်းဖြင့် ပြန်လည် ခေါ်ယူခဲ့သည်။
The Voice Weekly
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment