Wednesday, November 6, 2013

ြုငိမ်းချမ်းရေး ဘုံသဘောတူညီချက်(၃) ချက်နှင့်အတူ မနောမြေမှသည် ဒေါနမြေဆီသို့




6.11.2103

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက လိုင်ဇာတွင် ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး အဆိုပါ ညီလာခံမှ ဆုံးဖြတ်ချက်(၁၁)ချက် ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

၎င်းတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် ပြည် ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးကော်မတီတို့ နိုဝင်လာ ၄၊ ၅ ရက်နေ့များတွင်မြစ်ကြီးနားမြို့၌ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ သမ္မတဦးသိန်းစိန်က လမ်းညွှန် ချက်မူဝါဒ(၄)ချက်ကိုပေးပို့ခဲ့သည်။ ပေးပို့ခဲ့သော မူဝါဒ(၄) ချက်မှာ တိုင်းရင်းသားလက်နက် ကိုင်များ၏ တောင်းဆိုချက်ကို ညှိနှိုင်းဆောင်ရွက်ရန် ရေးထိုးပြီး သည့် အပစ်အခတ်ရပ်စဲရေးကို ထပ်လောင်းအတည်ပြုရန်၊ အပစ် အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး ပါက နိုင်ငံရေးဆွေးနွေးပွဲကို လုပ် ဆောင်ရန်နှင့် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားပေါင်းစုံနှင့် အဖွဲ့ အစည်းအားလုံး စုပေါင်းလုပ် ဆောင်ရန်တို့ဖြစ်သည်။

၎င်းဆွေးနွေးပွဲသို့ ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တပ်မ တော်၏ သဘောထား(၆)ချက်ကို ပေးပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ(၆)ချက်မှာ (၁) ငြိမ်းချမ်း ရေးရယူရန် အမှန်တကယ်ဆန္ဒရှိ ရန်၊ (၂) သဘောတူစာချုပ်များ၌ ကတိတည်၍၊ (၃) ငြိမ်းချမ်းရေး သဘောတူညီချက်များကို အမြတ် မထုတ်ရန်၊ (၄) ဒေသခံများပေါ်တွင် ၀န်ထုပ်
ဝန်ပိုးမဖြစ်စေရန်၊ (၅) နိုင်ငံတော်က ထုတ်ပြန်သည့် တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ (၆) ဒို့တာဝန်အရေး သုံးပါးနှင့် ဒီမိုကရေစီကျင့်စဉ်အရ ၂၀၀၈ ဖွဲ့စည်းပုံအရ လိုက်ပါ ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးခဲ့မှုများနှင့် ပတ် သက်၍ ပအို့ဝ်အမျိုးသားလွတ် မြောက်ရေးအဖွဲ့(PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ““ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင် ရေးကော်မတီနဲ့ လိုင်ဇာဆွေးနွေး ပွဲကနေ တာဝန်ပေးထားတဲ့ ကော်မတီတို့ ဆွေးနွေးခဲ့ကြပါ တယ်။ ဒီနေ့တွေ့ဆုံပွဲပြီးတော့ နှစ် ဖက်သဘောတူညီချက်ကို ထုတ် ပြန်ခဲ့တယ်။ ဒီနေ့ ဆွေးနွေးပွဲမှာ တိုင်းရင်း
သားတွေဘက်က သဘော တူညီချက်ကို လုပ်ငန်းကော်မတီ ကို တရားဝင်ပေးတယ်။လုပ်ငန်း ကော်မတီကလည်း ပြည်ထောင်စု မြန်မာနိုင်ငံရဲ့တိုင်းရင်းသားလက်နက်ကိုင်အကြားအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဆိုတဲ့မူကြမ်းကိုအပြန်အလှန်ပေးကြ တယ်။ ရရှိတဲ့ သဘောတူညီချက် က အဲဒါရတယ်။ နောက်တစ်ခု က အပစ်အခတ်ရပ်စဲရေးတွေမှာ တစ်ပြည်
လုံး အပစ်အခတ်ရပ်စဲ ရေးကိစ္စ၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေချမှတ်ရေးကိစ္စ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက် လက်အကောင်အထည်ဖော်မယ်ဆိုတဲ့ (၃)ချက်ကို သဘောတူညီမှု ရခဲ့တယ်။ အဲဒီလို ဆက်လက်ဆောင်ရွက်တဲ့နေရာမှာ လာမယ့် ဒီဇင်ဘာလမှာ ဘားအံမြို့မှာ နောက်တစ်ကြိမ် ဆက်လက်ဆွေး ဆွေးဖို့ကို သဘောတူမှု ရရှိခဲ့ပါ တယ်””ဟုပြောကြားခဲ့သည်။

““ဒီဆွေးနွေးပွဲကို ကျွန်တော့် အနေနဲ့ ဘယ်လို ကျေနပ်အားရမှု ရှိလဲဆိုရင်မြန်မာပြည်မှာ နိုင်ငံ ရေးပြဿနာတွေကို နိုင်ငံရေး နည်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းနိုင် ခြင်းမရှိခဲ့သေးဘူး။ အခုကတော့ နှစ်ဖက်အစိုးရက သဘောတူညီ ချက်တွေကို လက်မှတ်မရေးထိုး နိုင်သေးပေမဲ့လို့ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ် ဆိုတဲ့ အခြေခံသဘောထားရ လိုက်တယ်လို့ သုံးသပ်မိပါတယ်။ ယခုလက်ရှိ ပြည်ထောင်စုအစိုးရ ဟာ စစ်အစိုးရမဟုတ်တော့ဘဲ နိုင်ငံရေးအစိုးရဖြစ်တယ်လို့ ယုံ ကြည်မျှော်လင့်တယ်။ ထိုနည်းပဲ လိုင်ဇာညီလာခံ ကျင်းပနိုင်ရေး အတွက် အစိုးရက ခွင့်ပြုပေးခဲ့ တယ်။ လိုင်ဇာညီလာခံကျင်းပ နေစဉ်ကာလမှာ သမ္မတဦးသိန်းစိန် အနေနဲ့ ဒီညီလာံကို သ၀ဏ်လွှာ ပေးပို့တယ်။ ပေးပို့ခဲ့တဲ့ သ၀ဏ် လွှာကလည်းနိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကို အဓိကထား ပေးပို့ခဲ့တယ်။ ဒါ ကြောင့်မလို့ ရေကြောင်းဖြစ်တဲ့ ရွှံ့ဗွက်တွေကို ရေနဲ့ ပြန်ဆေးရသလိုပဲနိုင်ငံရေးကြောင့်ဖြစ်တဲ့ နိုင်ငံရေးပြဿနာတွေကို သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ နိုင်ငံရေး အစိုးရခေတ်မှ ဆွေးနွေးဖြေရှင်း နိုင်ဖို့ မျှော်လင့်ထား
ပါတယ်””ဟု ၎င်းက ထပ်ဆင့်ပြောသည်။

မြစ်ကြီးနားဆွေးနွေးမှုရလဒ်ကို အစိုးရနှင့်တိုင်းရင်းသားခေါင်း ဆောင်များကြား ကျေနပ်အားရမှု ရှိကြောင်းနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြိုတင်ပြင်ဆင် ရန်အတွက် ဒီဇင်ဘာလတွင် ကရင်ပြည်နယ်ဖားအံမြို့၌နိုင်ငံ ရေးဆွေးနွေးပွဲ ပြန်လည်ဆွေးနွေး ကြရန် သဘောတူညီလိုက်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန် လိုက်ကြောင်း သိရသည်။

Hot News Journal

No comments:

Post a Comment