Wednesday, November 6, 2013

ပြဿနာရှိလျှင်ဖြေရှင်းရမည့်နည်းလမ်းရှိရမည်ဟုKNU+ ABSDF အကြွင်းမဲ့ငြိမ်းချမ်းရေးအဖွဲ့ဆို




6.11.2103

သမ္မတဦးသန်းစိန်အစိုးရ လက်ထက်ဒေသတော်တော်များများတွင်သေနတ်သံများငြိမ်သက် သွားသော်လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွင်ဖြစ်ပွားလျက်ရှိ သော တိုက်ပွဲများသည်ပြည်သူလူထုအတွက်စိတ်မအေးစရာ ပြဿနာများပင်ဖြစ်သည့်အတွက် ပြဿနာရှိလျင်ဖြေရှင်းရန်နည်း လမ်းရှိရမည်ဟုယုံကြည်ကြောင်း KNU+ABSDF အကြွင်းမဲ့ ငြိမ်းချမ်းရေးအဖွဲ့ဆိုသည်။

အကြွင်းမဲ့ငြိမ်းချမ်းရေးအဖွဲ့ အနေဖြင့်ပြည်တွင်းစစ်အကြွင်းမဲ့ ရပ်စဲရေးအတွက်တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်နားလည်ယုံကြည် မှုတည်ဆောက်ရာတွင်ကိုယ်အား၊ စိတ်အားဖြင့်ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ စက်ရုံ လုပ်သားများ၏ဆန္ဒပြမှုများနှင့် လယ်ယာမြေသိမ်းဆည်းခံရမှုကြောင့်လယ်ယာမြေအငြင်းပွားမှုပြဿနာများနေရာအနှံ့ဖြစ်ပွားလျက်ရှိရာယင်းပြဿနာများကိုအဂတိတရား မလိုက်စားဘဲတရားမျှတစွာဖြေရှင်း ရန်လိုအပ်လျက်ရှိကြောင်း၊ လုပ်သားများ၏အခွင့်အရေး၊ လယ်သမားများ၏ အခွင့်အရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတိုးတက် မြင့်မားရေးအတွက်အကြွင်းမဲ့ ငြိမ်းချမ်းရေးအဖွဲ့အနေဖြင့်အစွမ်း ကုန်ကူ ညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ သဘောထားကြေညာချက်အရ သိရသည်။

ပြည်သူ့လွှတ်တော်မှအသင်း အဖွဲ့မှတ်ပုံတင်ကိစ္စများတရားဝင် ကြေညာသည့်အခါတွင် ““ဒီမိုက ရေစီရရှိရေးကြိုးပမ်းမှုပြည်သူ့ အခြေ ပြု ပြည်သူ့အသံအဖွဲ့””အားဖွဲ့စည်း မည်ဖြစ်သောကြောင့် လူမျိုးဘာသာ အသားအရောင်မခွဲခြားဘဲအသင်း ၀င်အဖြစ်လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။

Hot News Journal

No comments:

Post a Comment