တရုတ်အလံမီးရှို့သူ ဒေါ်နော်အုန်းလှကို တရားစွဲဆို

11.12.2013
တရုတ်အလံမီးရှို့မှုနဲ့ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့
ဒေါ်နော်အုန်းလှကို ရွှေတိဂုံစေတီမှာ အသံကျယ်ကျယ်နဲ့
ဘုရားရှိခိုးလို့ဆိုပြီး သာသနာကိုစော်ကားမှုနဲ့ ရန်ကုန်တိုင်းဒေသကြီး
ဒဂုံမြို့နယ်တရားရုံးက ဒီနေ့ တရားစွဲလိုက်တယ်လို့ ဒေါ်နော်အုန်းလှရဲ့ရှေ့နေက
ပြောပါတယ်။
ဒေါ်နော်အုန်းလှနဲ့
Generation Youth အဖွဲ့က ကိုတင်ထွဋ်ပိုင်တို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၉
ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းဖြိုခွင်းခံရတဲ့ ၁
နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ဆန္ဒပြစဉ် တရုတ်သံရုံးအနီးမှာ
တရုတ်နိုင်ငံ အလံကိုမီးရှို့ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅ (ခ)နဲ့
ဒဂုံမြို့နယ်တရားရုံးမှာ ဒီနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
အဲဒီရုံးချိန်းမှာ ဒေါ်နော်အုန်းလှကို သာသနာစော်ကားမှုနဲ့ ထပ်ပြီးတရားစွဲလိုက်တာလို့ ရှေ့နေ ဦးရောဘတ် စန်းအောင် က ပြောပါတယ်။
“ယနေ့ ဒေါ်နော်အုန်းလှကို ဒဂုံမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ်
ရုံးထုတ်တဲ့အခါမှာ ဘာထူးခြားချက် တွေ့ရသလဲဆိုတော့ ပုဒ်မ ၅ဝ၅ (ခ)နဲ့
စွဲဆိုချက်အပြင် ၂ဝဝ၇ ခုနှစ်တုန်းက ရွှေတိဂုံဘုရားတောင်ဘက်မုဒ်
အင်္ဂါထောင့်မှာ လူ ထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်
အသံကျယ်လောင်စွာနဲ့ ဘုရားရှိခိုးဆုတောင်း မှု ပြုတယ်ဆိုပြီးတော့
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၃၆ အရ ထပ်မံတရားစွဲဆိုတဲ့အမှုလည်း ကြုံတွေ့ရပါတယ်”
ဒေါ်နော်အုန်းလှနဲ့ ကိုတင်ထွဋ်ပိုင်တို့ကို ဒီကနေ့ရုံးထုတ်ရာမှာ
တရုတ်အလံမီးရှို့တဲ့ အမှုအတွက် စစ်ဆေးခြင်းမရှိခဲ့ဘဲ လာမယ့် ဒီဇင်ဘာလ ၂၄
ရက်နေ့မှာ ထပ်မံ ရုံးချိန်းသတ်မှတ်ခဲ့ပါတယ်။
RFA
No comments:
Post a Comment