မြန်မာနဲ့ ဘင်္ဂလား ဆွေးနွေး အကျဉ်းသား ဖလှယ်

11.12.2013
မြန်မာနဲ့ ဘင်္ဂလားဒေရှ် နိုင်ငံက နယ်စပ်အရာရှိကြီးတွေဟာ မြန်မာနယ်စပ်
တောင်ပြိုမြို့အနီးက ဘင်္ဂလားဒေ့ရှ် အပိုင် ခေါင်းတုံးကျေးရွာမှာ အစည်းအဝေး
ပြုလုပ်ပြီး နယ်စပ် အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတဲ့ အပြင်
နှစ်နိုင်ငံအကြား အကျဉ်းသားတွေကိုလည်း လဲလှယ်ခဲ့ပါတယ်။
မနေ့က ပြုလုပ်တဲ့ အစည်းအဝေးကို မြန်မာစံတော်ချိန် နံနက် ၁၁ နာရီကနေ နေ့လယ်
၁ နာရီကျော်ထိ ဘင်္ဂလာဒေခ့်ျ နယ်စပ်က ကျေးရွာ တစ်ခုဖြစ်တဲ့ ခေါင်းတုံးရွာမှာ
ပြုလုပ်ခဲ့ပြီး နှစ်ဘက်နိုင်ငံက နယ်စပ် အရာရှိကြီးတွေလည်း စုံစုံညီညီ
တက်ရောက်ခဲ့ကြပါတယ်။
မြန်မာဘက်က ခရိုင်လ၀ကမှူး ဦးစောနိုင်နဲ့
တောင်ပြို အခြေစိုက် အမှတ် (၃၇) ရဲတပ်ရင်းမှူး ဒုရဲမှူးကြီး မိုးညိုတို့
ဦးဆောင် တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ကော့စ်ဘဇား အခြေစိုက် အမှတ်
(၁၇) ဘီဂျီဘီ တပ်ရင်းမှူးနဲ့ တက်ကနက်မြို့ အခြေစိုက် အမှတ် (၄၂)
တပ်ရင်းမှူးတို့ ဦးဆောင် တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာတော့
နှစ်ဘက်တပ်မှူးတွေ အနေနဲ့ တယ်လီဖုံးနဲ့ နီးနီးကပ်ကပ် ဆက်သွယ်ပြီး
နှစ်နိုင်ငံနယ်စပ်မှာ ဖြစ်ပေါ် လာတဲ့ ပြဿနာတွေ ဖြေရှင်းကြဖို့၊ လုံခြုံရေး
ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို၊ တစ်လ တစ်ကြိမ် တပ်မှူး အချင်းချင်း
တွေ့ ဆုံကြ ဖို့၊ မူးယစ်ဆေးဝါး၊ လူမှောင်ခို ကိစ္စတွေကို
ပူးပေါင်းနှိမ်နှင်းကြဖို့ စတာတွေကို သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
အစည်းအဝေး အပြီးမှာတော့ အကျဉ်းသား တချို့ကို လွဲပြောင်းပေးခဲ့ကြပါတယ်။
ဘင်္ဂလားဘက်က မြန်မာဘက်ကို အကျဉ်းသား ၅ ဦးကို လွဲပေးခဲ့သလို မြန်မာဘက်ကတော့
အသက် ၁၂ နှစ် အရွယ် ကလေးနှစ်ဦးကို ဘင်္ဂလားဘက်ကို လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် အခြေအနေ ကတော့ အခုအချိန်မှာ တည်ငြိမ်
အေးချမ်းနေပေမယ့် လူမှောင်ခိုကူးမူတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုမူတွေနဲ့
နယ်စပ် ဖြစ်ကျော်ပြီး ရာဇ၀တ်မူတွေ ကျူးလွန်နေတာတွေ ရှိနေတဲ့ အတွက်
နှစ်နိုင်ငံ အကြားမှာ ဒီပြဿနာတွေကို ပူးပေါင်း ဖြေရှင်းကြဖို့ ခုလိုမျိုး
အရာရှိကြီးတွေ မကြာခဏ နယ်စပ် တွေ့ဆုံ နေကြတာ ဖြစ်ပါတယ်။
BBC
No comments:
Post a Comment