address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, December 4, 2013

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း၏ ကနဦး စီမံကိန်းများကို ဆောင်ရွက်ရန် ကုမ္ပဏီ အဖွဲ့တစ်ခုအား လေးလတာ ကာလအတွင်း အပြီးသတ် ရွေးချယ်မည်



4.12.2013

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း၏ ကနဦး စီမံကိန်းများ လုပ်ဆောင်နိုင်ရန် ကုမ္ပဏီ အဖွဲ့တစ်ခုအား (International Tender) အနေဖြင့် လေးလတာ ကာလအတွင်း အပြီးသတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၌ ပြုလုပ်ခဲ့သည့် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း၏ ကနဦး စီမံကိန်းများတွင် ထားဝယ်မှ ထိုင်း-မြန်မာနယ်စပ် ထီးခီးအထိ နှစ်လမ်းသွား ကားလမ်း၊ ဆိပ်ကမ်းငယ်၊ ကနဦး စက်မှုဇုန်၊ ကနဦး လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ ကနဦး လူနေအဆောက်အအုံများနှင့် မြို့ပြစီမံကိန်း၊ ကနဦး ရေပေးဝေရေး စီမံကိန်းနှင့် ဆက်သွယ်ရေးလိုင်း တည်ဆောက်ခြင်း လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီသည် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း၏ ကနဦး စီမံကိန်းများအား ဆက်လက်လုပ်ဆောင်ရန် ငြင်းပယ်ခဲ့သဖြင့် ယခုကဲ့သို့ (International Tender) ရွေးချယ်ရခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ အနေနဲ့ လက်ရှိ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း၏ ကနဦး စီမံကိန်းတွေကို (ITD) ကုမ္ပဏီ အနေနဲ့ လုပ်ဆောင်နေတာဖြစ်လို့ ဆက်လုပ်ဖို့ ပြောတာကို (ITD) က ငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့်မို့ Selected Selection အနေနဲ့ (ITD) ကုမ္ပဏီပဲဖြစ်ဖြစ်၊ ဂျပန်ကုမ္ပဏီစု အဖွဲ့တစ်ခုဖြစ်စေ၊ အခြားကုမ္ပဏီ တစ်ခုကို ဖိတ်ခေါ်သွားမှာ ဖြစ်ပါတယ်" ဟု ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်း လုပ်ငန်းများ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းရေးဆွဲရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားခဲ့သည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း၏ ကနဦး စီမံကိန်းများ လုပ်ဆောင်နိုင်ရန် Invitation letter နှင့် Terms of Reference (TOR) အား ယခုလ ၂၀ ရက်တွင် ထုတ်ပြန်ရမည် ဖြစ်သည်။ အဆိုပြုချက်များ တင်သွင်းရမည့် ကာလမှာ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်ဖြစ်ပြီး၊ အတည်ပြု ရွေးချယ်ရမည့် ကာလမှာ ၂၀၁၄ ခုနှစ်၊ မတ် ၃၁ ရက်ဖြစ်ပြီး လုပ်ငန်းစတင်ရမည့် ကာလမှာ ၂၀၁၄ ခုနှစ် မေ ၁၅ ရက်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment