address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, December 4, 2013

မလွှကုန်း ဘူတာနှင့် ပုဇွန်တောင် ဘူတာအကြားတွင် M 16 ကျည်ဆန်များ အပါအ၀င် အခြားအမျိုးအစား ကျည် ၁၅၂ တောင့် တွေ့ရှိ




4.12.2013

မင်္ဂလာ တောင်ညွန့်မြို့နယ်နှင့် ပုဇွန်တောင် မြို့နယ်ကြားရှိ မလွှကုန်း ဘူတာနှင့် ပုဇွန်တောင် ဘူတာအကြားတွင် အသုံးပြု၍ရသော M 16 ကျည်ဆန်များ အပါအ၀င် အခြားအမျိုးအစား ကျည် ၁၅၂ တောင့်အား တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဒီဇင်ဘာ ၂ ရက် ညနေ ၆ နာရီခန့်တွင် မင်္ဂလာ တောင်ညွန့်မြို့နယ်၊ မလွှကုန်း မီးရထားရပ်ကွက်၊ မလွှကုန်း ဘူတာနှင့် ပုဇွန်တောင် ဘူတာအကြား မိုင်တိုင်အမှတ် ၁/၁ နှင့် ၁/၂ အကြားတွင် မြို့ပတ်ရထားသံလမ်း (၁) နှင့် (၂) အကြား သံလမ်းကျောက်ခဲများ ရှိရာနေရာတွင် ကျည်ဆန်များ တွေ့ရှိရသဖြင့် သွားရောက်စုံစမ်းရာ M 16 အမျိုးအစား ၅ ဒသမ ၅၆ ကျည်ရှစ်တောင့်၊ M 21, M 22 အမျိုးအစားကျည် ၁၈ တောင့်၊ ၇ ဒသမ ၆၂ အမျိုးအစားကျည် ၅၅ တောင့်နှင့် ၉ မမကျည် ၇၁ တောင့် စုစုပေါင်းကျည် ၁၅၂ တောင့် တွေ့ရှိခဲ့သည်။

ဆက်လက်စုံစမ်းရာ အဆိုပါ ကျည်ဆန် ၁၅၂ တောင့်အား မွန်းလွဲ ၃ နာရီခန့်တွင် မီးရထား ၀န်ထမ်းအိမ်ရာ၊ မလွှကုန်း မီးရထားရပ်ကွက်၊ မင်္ဂလာတောင်ညွန့် မြို့နယ်နေ အဋ္ဌမတန်းကျောင်းသား မောင်ကျော်မိုးလွင် (၁၃) နှစ်မှ ကျောင်းဆင်း၍ ရထားသံလမ်းအတိုင်း နေအိမ်သို့ ပြန်လာစဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ၎င်းသည် နေအိမ်မှကျူရှင်သို့ ပြန်သွားစဉ် ယင်းပစ္စည်းများကို အဆိုပါ နေရာ၌ ပုံစံမပျက် ထပ်မံတွေ့ရှိ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးတို့ကို အကြောင်းကြားခဲ့ပြီး အဆိုပါ ကျည်ဆန်တောင့်များကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက ခေတ္တသိမ်းဆည်း ထားရှိပြီး သက်ဆိုင်ရာ စအရ (၉၀၅) တပ်သို့ အကြောင်းကြားကာ ရောက်ရှိလာပါက လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment