address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, September 5, 2013

ဖာပွန်မြို့နယ်ရှိ စာသင်ကျောင်း ၄ကျောင်း ထောက်ပံ့မှုပြတ်တောက်ခံရ၊ KSEAG ကူညီရန် အသင့်ရှိ

5.9.2013

ကရင်ပြည်နယ် ဖာပွန်မြို့နယ်၌ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ တပ်မဟာ(၅)တွင် ယခု စာ သင်နှစ်အတွက် ထောက်ပံ့မှု အကူအညီပြတ်တောက်ခံရသော စာသင်ကျောင်း ၄ကျောင်းအတွက် ကူညီရန် အ သင့် ရှိသည်ဟု ကရင်ပြည်နယ် ပညာရေးအထောက်အကူပြုအဖွဲ့(KSEAG)က ယနေ့ ပြောကြားလိုက်သည်။

မယ်တော်ဆေးခန်း နေရာပြောင်းရွှေ့ ဖွင့်လှစ်ရမည်

5.9.2013

မြေနေရာငှားရမ်းထားမှု သက်တမ်း စေ့တော့မည်ဖြစ်သဖြင့် ထိုင်း- မြန်မာ နယ်စပ် မဲဆောက်မြို့အနီးတွင် ဖွင့်လှစ် ထားသော မယ်တော်ဆေးခန်းအား နေ ရာပြောင်းေ ရွှ့ဖွင့်လှစ်ရမည်ဖြစ်ပြီး ယင်း အတွက် ဂျပန်အစိုးရက ထိုင်း ဘတ်ငွေ ၃ သန်းခန့် ထောက်ပံ့မည်ဟု သိရသည်။

ဒေါ်နော်အုန်းလှ အစာငတ်ခံဆန္ဒပြဟု သတင်းများထွက်ပေါ်



5.9.2013

မုံရွာထောင်တွင် အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ်ကျခံနေရသူ ဒေါ်နော်အုန်းလှသည် အစာငတ်ခံ ဆန္ဒပြလျက်ရှိ သည်ဟု မုံရွာအကျဉ်း ထောင်နှင့်နီးစပ်သည့် သတင်းရပ်ကွက်က ဆိုသည်။

မိုင်းရှင်းလင်းမှု စံညွှန်းသတ်မှတ်ချက် ရေးဆွဲပြီး


5.9.2013

မိုင်းရှင်းလင်းမှု စံချိန်စံညွှန်း သတ်မှတ်ချက်စာတမ်း ရေးဆွဲမှု ပြီးစီး ပြီဟု မြန်မာငြိမ်းချမ်းရေး စင်တာမှ ညွှန်ကြားရေးမှူး ဦးနေမျိုးနိုင်က ပြော သည်။

Wednesday, September 4, 2013

ကရင်ပြည်နယ်တွင်း ရေဘေးသင့်သူတွေ ကုလထောက်ပံ့


4.9.2013

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်မှာ မကြာသေးခင် သီတင်းပတ်တွေအတွင်း မိုးအဆက်မပြတ် ရွာ သွန် ခဲ့   ရာ က ရေဘေးဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေကို ကူညီနိုင်ဖို့အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ကိုယ်စားလှယ်တွေ သွားရောက်နေကြပါတယ်။

Tuesday, September 3, 2013

အစိုးရက ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ရန် မျှော်မှန်းထားသည့် ပင်လုံကဲ့သို့သော ညီလာခံ ဆိုသည်မှာ ပြီးပြည့်စုံသော နိုင်ငံရေးဆွေးနွေးပွဲ အဆင့်အထိ မဖြစ်နိုင်ဟု တိုင်းရင်းသား ခေါင်းဆောင်အချို့ သုံးသပ်

3.9.2013

အစိုးရက ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ရန် မျှော်မှန်းထားသည့် ပင်လုံကဲ့သို့သော ညီလာခံ ဆိုသည်မှာ ပြီးပြည့်စုံသော နိုင် ငံရေး ဆွေးနွေးပွဲ အဆင့်အထိ မဖြစ်နိုင်ဟု တိုင်းရင်းသား ခေါင်းဆောင်အချို့က ဆိုသည်။ အဆိုပါ ဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ပြုလုပ်ပေးမည်ဟု အစိုးရဘက်က ပြောဆိုထားပြီး ၂၀၁၄ ခုနှစ် မတ်လတွင် ပြု လုပ် ရန် မျှော်မှန်းထားကြောင်း စုံစမ်းသိရှိရသည်။

ဒုဗိုလ်အဆင့်ရှိသူ ဒီကေဘီအေ တပ်ဖွဲ့ဝင်တစ်ဦးကို အစိုးရစစ်တပ် ထိန်းသိမ်းထား

3.9.2013

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် အခြေစိုက်သည့် ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်(ဒီကေဘီအေ)ဌာနချုပ် လက်အောက်ခံ အထူးစစ်ကြောင်းတပ်ဖွဲ့မှ ဒုဗိုလ် အဆင့်ရှိသူတစ်ဦးကို ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ရှိ အစိုးရစ စ် တပ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒီကေဘီအေက ယနေ့တွင် ပြောကြားလိုက်သည်။

လယ်သမားကို သေနတ်ဖြင့်ပစ်သော DKBA တပ်သားနှစ်ဦးကို ဖမ်းဆီးနိုင်ခြင်းမရှိ

3.9.2013

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကလိုင်းနိုင်း ကျေးရွာတွင် လယ်သမားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် DKBA တပ်သားနှစ်ဦးကို ၁၅ ရက်ကျော်ကြာ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ကျိုက်မရောမြို့နယ် ရဲစခန်းမှ တာဝန်ကျ တာ ဝန်မှူးတစ်ဦးက ပြောကြားသည်။

ကရင်မောင်နှမနှစ်ဦး ပြည်ထောင်စုအဆင့် စကားရည်လုပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရ


3.9.2013

နေပြည်တော်၌ ယခုစက်တင်ဘာ ၄ရက်နေ့တွင် ပြည်ထောင်စုအဆင့် စကားရည်လုပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကျင်း ပရန်ရှိပြီး ယင်းပြိုင်ပွဲသို့ ကရင်ပြည်နယ် ဖားအံမြို့ရှိ နဝမတန်းကျောင်းသား စောစံဖိုးအိန်နှင့် သတ္တမ တန်းကျောင်းသူ နန်းရွှေရည်ဖူးသစ် ဆိုသူမောင်နှမနှစ်ဦးတို့က တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဟု သိရသည်။

UNFC နှင့် အစိုးရ အဖွဲ့တို့ တွေ့ဆုံပွဲတွင် ဒေါ်စု ပါဝင်နိုင်မည် မဟုတ်သေး

3.9.2013

စက်တင်ဘာလ (၈) ရက်နေ့၌ ကျင်းပရန် ရှိသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင် စီနှင့် မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း တို့၏ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင် တက်ရောက် နိုင်မည် မဟုတ်ဟု UNFC အတွင်းရေးမှူး (၂) ဖြစ်သူ ပဒို မန်းမန်းက ဆိုပါသည်။

(၃)လပါတ် အစည်းအဝေးတွင် KNU နှင့် BGF တို့ ပြသနာ ဖြေရှင်းရန်ရှိ

 
 3.9.2013

KNU မှ BGF အား တိုက်ခဲ့သည့် ပြသနာကို နက်ဖြန် စက်တင်ဘာလ (၃) ရက်နေ့တွင် ကရင်ပြည်နယ် မြ၀တီ ခရိုင် ရွှေ ကုက္ကိုမြိုင် ကျေးရွာ၌ ကျင်းပရန် ရှိသည့် ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မတီ ပုံမှန်(၃) လ တကြိမ် အစည်းအဝေးတွင် ဖြေရှင်းရန် ရှိသည်ဟု ကရင် အမျိုးသား အစည်းအရုံးမှ ဗိုလ်မှူးကြီး ပဒို ဖောဒို့ကဆိုပါ သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှ သဘောတူ လက်မှတ်ရေးထိုးထားသော စာချုပ်များအား လွှတ်တော်မှ ထပ်ဆင့်အတည်ပြုရေး လုပ်ဆောင်ရန် KNU အဖွဲ့ တိုက်တွန်း




3.8.2013

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှ သဘောတူလက်မှတ် ရေးထိုးထားသော စာချုပ်များအား လွှတ်တော်မှ ထပ်ဆင့်အ တည်ပြုရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ တိုက်တွန်းထားသည်။

Monday, September 2, 2013

ကျန်ရှိနိုင်ငံရေး အကျဉ်းသား အများစုမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်သူများဖြစ်

2.9.2013

အကျဉ်းထောင်များတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသား အများစုမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် များနှင့် ပတ်သက်သူများ ဖြစ်သည်ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဝင် ဦးရဲအောင်က သြဂုတ် ၃၀ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် အဆိုပါကော်မတီ အစည်းအဝေးအပြီးတွင် သတင်းထောက်များ ကို ပြောကြားသည်။

နိုင်ငံရေးဆွေးနွေးမှု လွှတ်တော်သို့လွှဲမည်ကို ကေအင်န်ယူ စိုးရိမ်


2.9.2013

ရန်ကုန်-တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင် ငံရေးဆွေးနွေးမှုများအတွက် လွှတ်တော်သို့ လွှဲပြောင်းပေးလိုက်မည်ကို ညီညွတ် သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် စိုးရိမ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး ( KNU ) မှ အထွေထွေအတွင်းရေးမှူး ဖဒို စောကွယ်ထူးဝင်းက ပြောသည်။

အပစ်အခတ်ရပ်စဲရေး မထိခိုက်ဖို့ အောက်ခြေတပ်များ ထိန်းသိမ်းလုပ်ဆောင်ရန် KNU ဆုံးဖြတ်


2.9.2013

ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလအတွင်း အပစ်အခတ်ရပ်စဲရေးကို ထိခိုက်မှုများ မဖြစ်ပေါ်စေရန်
အောက်ခြေ တပ်များ ထိန်းသိမ်းလုပ်ဆောင်သွားကြရန် သြဂုတ်၂၉ ကကျင်းပသည့် KNUတပ်မှူးများ ညီလာခံက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြဖို့ ပဒိုမန်းငြိမ်းမောင် တိုက်တွန်း

2.9.2013

ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့အပြင် ကရင်တိုင်းရင်း သားတွေကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း KNU ကရင်အမျိုးသားအစည်းအရုံးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

စက်တင်ဘာလတွင် ကရင်သူရိယစာစောင် ထွက်မည်


2.9.2013

PSDP Newsကရင်ပြည်နယ်၊ ဖားအံမြို့၌ ရုံးအခြေစိုက်သည့် ကရင်နိုင်ငံရေးပါတီတစ်ပါတီဖြစ်သည့် စက်တင်ဘာ လ တွင် ကရင်သူရိယစာ စောင် ထုတ်ဝေသွားမည်ဟု ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(ပီအက်စ်ဒီပီ)က ယမန်နေ့က ပြော ကြားလိုက်သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်အညီ ကျန်းမာရေးလုပ်ငန်း ကြိုးပမ်းမည်ဟု BPHWT ဆုံးဖြတ်



2.9.2013

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်အညီ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူလူထုများ၏ ကျန်းမာရေးလုပ်ငန်းများ ကို ကြိုး ပမ်းလုပ်ဆောင်သွားမည်ဟု နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားဖွဲ့(BPHWT)က ၎င်းတို့၏ ၃၀ကြိမ်မြောက် ၆လပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ၆ကြိမ်မြောက်ညီလာခံတွင် ဆုံးဖြတ်လိုက်သည်။

ကရင်ရိုးရာ ယဉ်ကျေးမှုပွဲ လန်ဒန်မြို့မှာ ကျင်းပ

2.9.2013

ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေ က သူတို့ရိုးရာယဉ်ကျေးမှုတွေ ဆက်လက်တည်တံ့စေဖို့ အ တွက် “ကရင်ရိုးရာ ယဉ်ကျေးမှု ပွဲတော်” တစ်ရပ်ကို လန်ဒန်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

တတိယအကြိမ်မြောက်ကျင်းပတဲ့ ဒီပွဲတော်လာရောက်တဲ့သူတွေကို ကရင်ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ ကရင် တာ လဘောဟင်းနဲ့ ထမင်းကျွေးပြီး ဧည့်ဝတ်ပြုပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးဆွေးနွေးတော့မည်



 2.9.2013

သြဂုတ် ၁၆ ရက် ကော့ကရိတ်ခရိုင် ၀ဲကြီးကျေးရွာတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အပါအ၀င် KNU တပ်မဟာ (၅) ငြိမ်း   ချ မ်းရေး ကိစ္စရပ်များကို ကရင်လက်နှက်ကိုင်အဖွဲ့အစည်းများ ညီညွတ်ရေးကော်မတီ အစည်းအဝေး၌ထည့်သွင်း ဆွေးနွေး သွားဦးမည်ဖြစ်ကြောင်း သိရှိရသည်။