address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Friday, February 28, 2014
ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့မှာ မွတ်စလင်အဖွဲ့တွေ မနေ့ကဆန္ဒပြ
28.2.2014
မနေ့မနက်က ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ ဆန္ဒပြခဲ့ကြတဲ့ ရိုဟင်ဂျာနဲ့ မွတ်စလင်အဖွဲ့တွေက မွန်းလွဲပိုင်း ၃ နာရီမှာတော့ အမေရိကန်လွှတ်တော်ရှေ့က House Triangle ဆိုတဲ့ မြက်ခင်
းပြင်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
Read more »
ဝန်ကြီးချုပ် ယင်းလပ်နှင့် စကားစစ်ထိုးဖို့ အတိုက်အခံခေါင်းဆောင် စိန်ခေါ်
28.2.2014
Yingluck Shinawatra နဲ့ ဆွေးနွေးမယ်လို့ အရိပ်အမြွက်
ပြောကြားလိုက်ပါတယ်၊ ကြာနေပြီဖြစ်တဲ့နိုင်ငံရေးပြဿနာကို
အဆုံးသတ်နိုင်ဖို့ ဘယ်လိုဆွေးနွေး ညှိုနှိုင်းမှုကိုမှ မလုပ်နိုင်ဘူးလို့
အရင်က ငြင်းဆန်နေခဲ့တာဖြစ်ပါတယ်၊ လနဲ့ချီနေတဲ့ အစိုးရဆန့်ကျင်
ဆန္ဒပြပွဲတွေကို ဦးဆောင်သူ Suthep Thaugsuban က ဝန်ကြီးချုပ် ယင်လပ်နဲ့ ၂ယောက်ထဲ တိုက်ရိုက် တနိုင်ငံလုံးကို ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားပေါ်မှာ
အခြေအတင်ဆွေးနွေးမှု လုပ်မယ်လို့ စိန်ခေါ်လိုက်တာဖြစ်ပါတယ်။
Read more »
ကရင်တစ်မျိုးတည်းသာ ထည့်သွင်းရန် ကရင်ရေးရာဝန်ကြီးများ တိုက်တွန်း
28.2.2014
၂၀၁၄ ခုနှစ်၊ တပြည်လုံးသန်းခေါင်စာရင်း ကောက်ယူရာ၌ ကရင်လူမျိုးများအားလုံး တစ်စုတစ်စည်းတည်း ဖြစ်စေရေးအတွက် ကောက်ခံချိန်အတွင်း မိမိလူမျိုးကို ကရင်(ကုတ်သင်္ကေတနံပါတ် ၃၀၁ )
တွင် ထည့်သွင်းကြရန် ကရင်ရေးရာဝန်ကြီးများက တိုက်တွန်းထားကြောင်း သိရသည်။
Read more »
ဟတ်ကြီးဆည်ကိစ်္စ လတ်တလောဆုံးဖြတ်ဦးမည်မဟုတ်ဟုKNU ဆို
28.2.2014
အပစ်အခတ်ရပ်စဲရေး လက် မှတ်ရေးထိုးပြီးသော်လည်း ဟတ်ကြီး ရေကာတာတည်ဆောက်ရေးစီမံ ကိန်းပြန်လည်စတင်ရန် လတ်တ လောကာလ၌ဆုံးဖြတ်ဦးမည်မ ဟုတ်ဟု ကရင်အမျိုးသားအစည်း ရုံး (KNU) ဗဟိုအလုပ်အမှုဆောင
် ကော်မတီဝင် ဖဒိုစောတာတိုမူး ကပြောသည်။
Read more »
ရန်ကုန်လေဆိပ် ပြည်တွင်း ထွက်ခွာဆောင်ကို ဂုဏ်ပြုဆောင်သို့ ပြောင်းရွှေ့
28.2.2014
ပြည်တွင်းခရီးစဉ်များ သွားလာမည့် လေယာဉ်စီး ခရီးသည်များ အတွက် ပြည်တွင်း ထွက်ခွာဆောင်ကို ဂုဏ်ပြုဆောင်သို့ ဖေဖော်ဝါရီလ၂၇ ရက်နေ့က ပြောင်းရွှေခဲ့ကြောင်း လေကြောင်း ညွှန
်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။
Read more »
ပဋိပက္ခဖြစ်ပွားရာဒေသများ၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းနေဆဲဖြစ်
28.2.2014
ပဋိပက္ခဖြစ်ပွားရာဒေသများ၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရန်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ညှိင်းနေဆဲဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ် ခိုင်ခိုင်စိုးက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားသည်။
Read more »
သန်းခေါင်စာရင်းတွင် အစိုးရသတ်မှတ်သည့်အတိုင်း ထည့်သွင်းလိုကြောင်း ဂေဘားရေးရာကော်မတီပြော
28.2.2014
သန်းခေါင်စာရင်းတွင် လူမျိုးစုသတ်မှတ်ချက်လွဲမှားသည်ဟု ပြောဆိုထားသည့် ဂေဘားအမျိုးနွယ်စုကို အစိုးရ သတ်မှတ်ပေးထားသည့် ကယားလူမျိုးစုအောက် ဂေဘား (c
ode 205)တွင်သာ ထည့်သွင်းရန် ဆုံးဖြတ်ထားကြောင်း ဂေဘားရေးရာကော်မတီက ဖေဖေါ်ဝါရီ ၂၆ရက်နေ့က ပြောဆိုလိုက်သည်။
Read more »
ဇွဲကပင် ဆံတော်ရှင် ကေဘယ်လ်ကား ရန်ပုံငွေဖျော်ဖြေပွဲ ပြုလုပ်မည်
28.2.2014
ကရင်ပြည်နယ် ဇွဲကပင်ဆံတော်ရှင် ကေဘယ်လ်ကားစီမံကိန်း ရန်ပုံငွေဖျော်ဖြေပွဲကို မတ်လ ၁၅ ရက်မှ ၁၆ ရက်အထိ ဇွဲကပင်တောင်ခြေ လုမ္ဗိနီဥယျာဉ်တွင် ပြုလုပ်မည် ဖြစ်သည်။ ယင်းဖျော်ဖြေပွဲကို ဒါရိုက်တာ အဏ်ထော်ဏီ(မော်လမြိုင်)က ဦးစီးကျင်းပမည်ဖြစ်ကြောင်း ပြောသည်။
Read more »
တစ်ကမ္ဘာလုံး အင်တာနက် အခမဲ့ ရရှိတော့မည်
28.2.2014
အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် Media Development Investment Fund (MDIF) လုပ်ငန်း သည် အာကာသအတွင်းသို့ ရေဒီယိုလှိုင်းလွှင့်တုံးလေးများ လွှတ်တင်ရန် ကြိုးပမ်းလျက်ရှိပြီး အဆိုပါ လှိုင်း လွှင့်တုံးလေးများသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှည့်ပတ်၍ နေရာလပ် မကျန်အောင် အင်တာ နက်စနစ် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
Read more »
လူမျိုးသတ်မှတ်ချက် သန်းခေါင်စာရင်း ကောက်ပြီးမှ ဖြေရှင်းရန် အစိုးရနှင့် တိုင်းရင်းသားများ သဘောတူ
28.2.2014
တိုင်းရင်းသားလူမျိုး သတ်မှတ်ချက်နှင့် ပတ်သက်၍ အငြင်းပွားမှုများကို သန်းခေါင်စာရင်း ကောက်ယူပြီးမှသာ ဖြေရှင်းရန် အစိုးရနှင့် တိုင်းရင်း
သားများကြား သဘောတူညီမှု ရရှိခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ပြောကြားသည်။
Read more »
MPC ကဲ့သို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ထပ်မံပေါ်ပေါက်လာပြန်
28.2.2014
MPC (Myanmar Peace Center) ကဲ့သို့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တစ်ဖွဲ့ ထပ်မံပေါ်ပေါက်ပြီး အဆိုပါအဖွဲ့၏ ရုံးခန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သည်။
Read more »
ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ဆွေးနွေး
28.2.2014
ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင
်ရေး အလုပ်ရုံဆွေးနွေးပွဲကို သင့်မြတ်လိုသူများ ဘာသာ ပေါင်းစုံလူငယ်များ ပရဟိတအဖွဲ့နှင့် Foundation for Education and Development (FED)တို့က မဟာအောင်မြေမြို့နယ်ရှိ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်တွင် ဖေဖော်ဝါရီ ၂၇ ရက်က မန္တလေးမြို့ ၌ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။
Read more »
Wednesday, February 26, 2014
ဂျပန် JICA အဖွဲ့၏ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကို ကရင်သဘာဝပတ်ဝန်းကျင်ကွန်ယက်အဖွဲ့ သုံးသပ်
26.2.2014
ဂျပန်အစိုးရ၏ နိုင်ငံတကာ ကူညီထောက်ပံ့ရေးအေဂျင်စီတစ်ခုဖြစ်သော (Japan International Cooperation Agency-JICA) ၏ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ဒေသ
များတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရန် စီစဉ်နေမှုအပေါ် ကရင်သဘာဝပတ် ၀န်းကျင်နှင့်လူမှုကွန်ယက်(Karen Environment Social Action Network-KESAN)က ဖေဖေါ်ဝါရီ ၁၉ရက်နေ့တွင် သုံးသပ် ချက် စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။
Read more »
ကျိုက်ထီးရိုးစေတီတော်ထီးတော်သစ်တပေါင်းလပြည့်နေ့တင်လှူမည်
26.2.2014
ကျိုက်ထီးရိုးစေတီတော်အား မွန်၊ရှမ်း၊မြန်မာထီးတော်ဖြင့် တပေါင်း လပြည့်နေ့တွင် အသစ်ပြန်တင်လှူခြင်းကို ကျိုက်ထီးဆောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တပညာဒီပ၏ဦးဆောင်မှုဖြင
့်ပြုလုပ် မည်ဖြစ်သည်။
Read more »
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဆက်သွယ်မည့် တံတားတစ်စင်း ထပ်မံဆောက်လုပ်မည်
26.2.2014
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာ အုပ်စုမှ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်သို့ ဆက်သွယ်ပေးမည့် နတ်ကြီး-ဖာပွန် သံကူကွန်ကရစ် တံတားတစ်စင်း ထပ်မံဆောက်လုပ်
ရန် ပြည်နယ် ဘဏ္ဍာငွေမှ ကျပ်သန်း ၁၅၀၀ အသုံးပြုမည် ဖြစ်ကြောင်း မွန်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာခင်မောင်သွင်က ပြောကြားသည်။
Read more »
သန်းခေါင်စာရင်းကောက်ယူပြီးမှသာ တိုင်းရင်းသား ၁၃၅ မျိုး ပြင်ဆင်ပယ်ဖျက်ခြင်းအတည်ပြုနိုင်မည်ဟုဆို
26.2.2014
မြန်မာနိုင်ငံတွင် လက်ရှိ သတ်မှတ်ထားသော တိုင်းရင်း သား ၁၃၅ မျိုး၏ အမည်စာရင်း များ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း တို့ကို ယခုနှစ် ဧပြီလတွင် ပြုလုပ်မည့် ပြည်လုံးကျွတ် သန်း ခေါင်စာရင်း ကောက်ယူပြီးမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးဝင်းမြင်
့က ယမန်နေ့က ပြုလုပ်သည့်အမျိုးသားလွှတ်တော် တွင် ရှင်းလင်းပြောကြားသည်။
Read more »
ထိုင်း-မြန်မာ နယ်စပ် တံတားသစ် ထပ်ဆောက်ရန် စီစဉ်နေ
26.2.2014
ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး တိုးချဲ့ရန် အတွက် မြ၀တီ – မဲဆောက် ဒေသတွင် မြစ်ကူး တံတားသစ် တစင်း ထပ်မံ ဆောက်လုပ်ရန် စီစဉ် နေကြောင်း သိရသည်။
Read more »
Tuesday, February 25, 2014
အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက နိုင်ငံတော်ပြိုလဲနိုင်ကြောင်း ထိုင်းစစ်ဘက်အကြီးအကဲ ပြောဆို
25.2.2014
ထိုင်းနိုင်ငံတွင် မကြာသေးမီရက်များမှစတင်၍ ဖြစ်ပွားလျက်ရှိသည့် နိုင်ငံရေးအကြမ်းဖက်မှုများကို ပြန်လည် တည်ငြိမ်မှုရှိအောင် ထိန်းချုပ
်နိုင်စွမ်းမရှိပါက နိုင်ငံတော် ပြိုလဲနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားဖွယ် ရှိကြောင်း ထိုင်းစစ်တပ်အကြီးအကဲက ယမန်နေ့က သတိပေးပြောဆိုလိုက်သည်။
Read more »
လွန်းညတောင်ခြေ၌ ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ဒေသခံများက လက်မခံ
25.2.2014
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် လွန်းညကျေးရွာအုပ်စုရှိ လွန်းညတောင်ခြေတွင် အိန္ဒိယနိုင်ငံအခြေစိုက် Ultra Tech's Cement Factory ကုမ္ပဏီက ဘိလပ်မြေစက်ရုံလာရောက်တည်ဆောက်ကာ လွန်းညတေ
ာင်ကို အသုံးပြုရန် ဖေဖေါ်ဝါရီ ၂၄ရက်နေ့ မွန်း လွဲ ၁နာရီအချိန်တွင် လာရောက်ဆွေးနွေးတောင်းဆိုခဲ့ရာ ဒေသခံများက လက်မခံကြောင်း သိရသည်။
Read more »
မြန်မာ သစ်ခွများ တရုတ်နှင့် ထိုင်းသို့ တရားမဝင် တင်ပို့မှုများကို ထိန်းသိမ်းရန်လို
25.2.2014
မြန်မာနိုင်ငံမှ ရှားပါး သစ်ခွများကို တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ တရားမဝင် နည်းလမ်းများဖြင့် အများဆုံး တင်ပို့ ရောင်းချလျက် ရှိခြင်းကြောင့် ပြည်တွင်း၌ မျိုးပွား၍ ထိန်းသိမ်းရန် လိုအပ်ကြောင်း မြန်မာပန်း ဝါသနာရှင်အသင်း ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာစောလွင်က ပြောကြားသည်။
Read more »
မြန်မာနိုင်ငံ၏ရှေ့ရေးနှင့် ဒီမိုကရေစီရေးသည် ထာဝရငြိမ်းချမ်းရေးပေါ် မူတည်ပြီး ရွေးချယ်ရန် လမ်းဆုံလမ်းခွသို့ ရောက်နေပြီဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား
25.2.2014
မြန်မာနိုင်ငံ၏ရှေ့ရေးနှင့် ဒီမိုကရေစီရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးသည် နိုင်ငံ၏ ထာဝရငြိမ်းချမ်းရေး ရရှိမှု၊ မရရှိမှုအပေါ် မူတည်နေသည့် အခြေအနေနှင့် ရွေးချယ်ရန် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပြီဟု ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်
းက ပြောကြားသည်။
Read more »
ကရင်လူငယ်ကွန်ယက် သန်းခေါင်စာရင်းပညာပေးလက်ကမ်းစာ စောင်ရေတစ်သောင်း ဖြန့်ဝေ
25.2.2014
ရန်ကုန်ရှိ ကရင်လူငယ်ကွန်ယက်က ဦးဆောင်၍ သန်းခေါင်စာရင်းအသိပညာပေး လက်ကမ်းစာ စောင်ရေတစ်သောင်းကို ကရင်တိုင်းရင်းသားများနေထိုင်ရာ ဒေသများသို့ ယနေ့မှစ၍ စတင်ဖြန့်
ဝေလိုက်ပြီးဖြစ်ကြောင်း ကွန်ယက်အဖွဲ့ဝင်များက ပြောဆို သည်။
Read more »
ထိုင်းအာဏာပိုင်က နယ်စပ်ဖြတ်ကျော်မှု ကန့်သတ်
25.2.2014
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာကြသည့် မြန်မာနိုင်ငံသားများ ကန်ချနပူရီ-စံခလပူရီ-ဘုရားသုံးဆ
ူ နယ်စပ်ဂိတ်ကို ဖြတ်ကျော်ကာ ပြည်တော်ပြန်နေမှုကို ထိုင်းအာဏာပိုင်တို့က ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်ကန့်သတ်လိုက်သည်။
Read more »
UWSA အဖွဲ့ နေပြည်တော်သွားမည်
25.2.2014
ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့က ဒုတိယ စစ်ဦးစီးချူပ် ဦးကျောက်ကျုံးတန် ဦးဆောင်တဲ့အဖွဲ့ဟာ မတ်လ ၁ ရက်နေ့မှာ နေပြည်တော်ကို ပထမဦးဆုံးအကြိမ် သွားရောက်ဖို့ စီစဉ်ထားပြီး၊ သမ္မတ ဦးသိန်းစိန
်နဲ့ တွေ့ဆုံဖွယ်ရှိတယ်လို့ သိရပါတယ်။
Read more »
နယ်လုံဝန်ကြီးနှင့် ကရင်အပစ်ရပ်အဖွဲ့ဝင်အချို့ကို နီပွန်ဖေါင်ဒေးရှင်း လာရောက်တွေ့ဆုံ
25.2.2014
ဂျပန်နိုင်ငံရှိ နီပွန်ဖေါင်ဒေးရှင်း ကိုယ်စားလှယ်လေးဦးသည် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ KNU/KNLA ငြိမ်း ချမ်းရေးကောင်စီ၊ ကရင်ပြည်နယ် နယ
်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီးအောင်လွင် ဦးဆောင်သည့်အဖွဲ့တို့ကို ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်တွင် ဖေဖော်ဝါရီလ ၁၇ရက်နေ့က လာရောက်တွေ့ဆုံခဲ့သည်။
Read more »
တစ်နိုင်ငံလုံး အပစ်ရပ်စဲနိုင်ရေး ခက်ခဲနေဦးမည်ဟု နိုင်ဟံသာပြော
25.2.2014
လက်ရှိဆောင်ရွက်လျက်ရှိသော အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင် တပ်ဖွဲ့တို့ ၏ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကိစ္စများ အခက်အခဲများစွာ ရှိနေသေးသည်ဟု မွန်ပြည်
သစ်ပါတီ ဒုဥက္ကဌ နှင့် တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် နိုင်ဟံသာ က လူထုတွေ့ဆုံပွဲ တစ်ရပ်၌ ရှင်း လင်းပြောကြား ခဲ့သည်။
Read more »
သန်းခေါင်စာရင်းကောက်ခံရေး သဘောထားထုတ်ပြန်ရန် KCBO အဖွဲ့များ အကြိုဆွေးနွေး
25.2.2014
လာမည့် မတ်လအတွင်း ကောက်ခံမည့် တနိုင်ငံလုံး သန်းခေါင်စာရင်းကောက်ခံမည့်ကိစ္စနှင့် ပတ်သက်၍ သဘောထားထုတ် ပြန်နိုင်ရန် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်လူထုအခြေပြုအဖွဲ
့အစည်း(KCBO)များ စုပေါင်းပြီး အကြိုတွေ့ဆုံပွဲတစ်ရပ် ယနေ့ ပြုလုပ် ခဲ့သည်။
Read more »
လှိုင်သာယာ ဖိနပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ဆက်လက်ဆန္ဒပြ
25.2.2014
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၃ မှာရှိတဲ့ Master Sport ဖိနပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော် တောင်းဆိုနေတဲ့ အချက်တွေထဲက နေ့စားခတိုးပေးဖို့အချက်ကို စက်ရုံက သဘောတူခဲ့ပေမဲ့
လုပ်ငန်းခွင်ကြီးကြပ်ရေးမှူးတစ်ဦးကို အလုပ်ထုတ်ပေးဖို့ တောင်းဆိုထားတာကို မလိုက်လျောတာကြောင့် အလုပ်သမားတွေ ဒီနေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။
Read more »
တိုင်းရင်းသား လူမျိုးများစာရင်းကို သန်းခေါင်စာရင်းပြီးမှ ပြင်မည်
25.2.2014
၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံပြီးမှ လက်ရှိအတည်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ ဆောင်ရွက်သွားမယ်လို့
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က အမျိုးသားလွှတ်တော်မှာ ဒီနေ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
Read more »
ကေအဲန်ယူဥက္ကဌဟောင်း၏ဇနီး နော်ဖောကဝေါ် ကွယ်လွန်
25.2.2014
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောတာမလာဘော၏ဇနီး နော်ဖောကဝေါ်သည် ယနေ့ မနက် ၄နာရီကျော်တွင် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင်၊ မဲ့စရင်းမြို့ရှိ နေအိမ်တွင် လူကြ
ီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
Read more »
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးများရဲ့ပါဝင်မှု ဆွေးနွေး
25.2.2014
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ဆုံးအခြေအနေတွေအပေါ် ဆွေးနွေးသုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေး
နွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် အမျိုးသမီးများအဖွဲ့ချူပ်(မြန်မာနိုင်ငံ) WLB က ဦးဆောင်ပြီး ချင်းမိုင်မြို့ Holiday Garden Hotel မှာ ဒီကနေ့ ကျင်းပနေတယ်လို့ သိရပါတယ်။
Read more »
Monday, February 24, 2014
ကေအဲန်ယူ တရားရေးနှင့် ရဲသင်တန်းဆင်းပွဲ ကျင်းပပြီးစီး
24.2.2014
ကရင်အမျိုးသားအစည်းအရုံး(KNU)ရှိ ကော်သူးလေ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူပြည်သားများ ငြိမ်း ချမ်းစွာ နေထိုင်ရေးကို လုပ်ကိုင်ဆောင်ရွက်တတ်ရန် ရည်ရွယ်ပြုလုပ
်ခဲ့သည့် ရက်သတ္တနှစ်ပတ်ကြာ တရားရေးနှင့် ရဲသင်တန်း ဆင်းပွဲကို ဖေဖေါ်ဝါရီ ၂၁ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကေအဲန်ယူထိန်းချုပ်နယ်မြေ လေးဝါးစခန်း၌ ကျင်းပပြီးစီး ခဲ့သည်။
Read more »
မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးခြင်းကြောင့် ဗီဇာသက်တမ်းလွန်နေသည့် အလုပ်သမားများအား ဒဏ်ကြေးကင်းလွတ်ခွင့်ပေးရန် ထိုင်းရောက် မြန်မာအလုပ်သမားအဖွဲ့က တောင်းဆို
24.2.2014
မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ၏ လုပ်ငန်းဆောင်ရွက်မှု အားနည်းမှုကြောင့် ဗီဇာသက်တမ်းမတိုးနိုင်ဘဲ ဗီဇာသက်တမ်းလွန် (Over stay) နေသည့် မြန်မာအလုပ်သမားများအပေါ်တွင် ဒဏ်ကြေးကောက်ခံခြင်း မပြုရန် ထိုင်းနိုင်ငံအေ
ခြစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်။
Read more »
ထိုင်းကို မြန်မာ ဗီဇာကင်းလွတ်ခွင့် ပြုဖွယ်ရှိ
24.2.2014
မြန်မာအစိုးရဟာ ထိုင်းနိုင်ငံသားတွေကို ဒီနှစ်အတွင်း ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းက ဖေါ်ပြပါတယ်။ မြန်မာအနေနဲ့ လာအို
၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ဗီဇာကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။
Read more »
ဒုချီးရားတန်းကျေးရွာဖြစ်စဉ်နှင့် ပတ်သက်၍ ကင်တားနား၏ ပြောကြားမှုမှာ မြေပြင်အခြေအနေကို မေးမြန်းမှုမရှိဘဲ အဝေးမှတစ်ဖက်သတ် သုံးသပ်ပြောဆိုခြင်းသာဖြစ်ကြောင်း ဒေသလူမှုအဖွဲ့အစည်းများ ပြောကြား
24.2.2014
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရ၏ စုံစမ်းစစ်ဆေး တွေ့ရှိချက်များသည် ဘက်လိုက်မှုများ ရှိနေနိုင်ကြောင်းေ
ပြာကြားမှုမှာ မြေပြင်အခြေအနေနှင့် ဒေသခံလူနည်းစု၏ အခြေအနေကို မေးမြန်းမှုမရှိဘဲ အဝေးမှတစ်ဖက်သတ် သုံးသပ်ပြောဆိုခြင်းသာဖြစ်ကြောင
်း ဒေသလူမှု အဖွဲ့အစည်းများက ပြောကြားသည်။
Read more »
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးတွင် လူကုန်ကူခံရသူများ အပေါ်ခေါင်းပုံဖြတ်မှု ထပ်မံပြုလုပ်နေကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့ သူများကပြောဆို
24.2.2014
မြန်မာနိုင်ငံ၏လူဦးရေအများဆုံး
နေထိုင်ပြီးနိုင်ငံတကာ အဆင့်မီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတွင် ကျေးလက်ဒေသများမှ လူကုန်ကူးခံရသော ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်တောင်သူနှင့်
အခြေခံလူတန်းစားများ ကို လေဆိပ်နားနေဆောင်တွင် စစ်ဆေးခြင်း မခံရ
စေဟု ပြောဆိုပြီး လူတစ်ဦးလျှင် ငွေကျပ်၃ထောင်နှုန်းဖြင့် လိမ်လည် တောင်းခံမှုများရှိနေကြောင်း ထိုင်းနိုင်ငံသို့ တစ်ရွာတည်းမှလူ၃၃ဦး လူကုန်ကူးခံခဲ့ရသူများတွင် တစ်ဦးဖြစ်သူကိုသံချောင်း(ခ)ကို
အောင်အောင်က ကိုယ်တိုင်ကြုံတွေ့ခဲ့ ရပုံကို မြ၀တီသတင်းစာသို့ ပြောကြားသည်။
Read more »
ထိုင်းအစိုးရဆန့်ကျင်ပွဲတွေ တိုက်ခိုက်ခံရ
24.2.2014
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူနေသူ လူအုပ်ကို အမည်မသိသေနတ်သမားတွေက စနေနေ့ညက ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၄၁ ဦး ထိခိုက် ဒဏ်ရာရသွားတယ်လို့ အာဏာပိုင်တွေ
က ပြောပါတယ်။
Read more »
အပစ်ရပ်ရေးအတွက် မတ်လပထမပတ်တွင် ထပ်မံဆွေးနွေးမည်
24.2.2014
အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှ်ိနှိုင်းဆောင်ရွက်ရေးအဖွဲ့တို
့ တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲ ရေး သဘောတူညီ လက်မှတ်ရေးထိုးနိုင်ရန် ရေးဆွဲထားသော စာချုပ်မူကြမ်းများကို တိုက်ဆိုင်စစ်ဆေး ရန် မတ်လ ပထမအပတ်အတွင်း တွေ့ဆုံမည်ဟု လုပ်ငန်းကော်မတီ၏ အကြီးတန
်းအရာရှိ ဦးလှမောင် ရွှေက မဇ္ဈိမကို ဖေဖော်ဝါရီ ၂၃ တွင် ပြောသည်။
Read more »
Saturday, February 22, 2014
ငြိမ်းချမ်းရေးကို သွားရာတွင် လူထုအပေါ် လက်တွေ့အကျိုးဖြစ်နိုင်သည့် လမ်းကြောင်းကိုသာ သွားစေလိုဟု KNU/KNLA ရှင်းလင်း
22.2.2014
ငြိမ်းချမ်းရေးကို သွားရာတွင် လူထုအပေါ် လက်တွေ့အကျိုးဖြစ်နိုင်သည့် လမ်းကြောင်းကိုသာ သွားစေလိုပြီး အပစ်အခတ်ရပ်စဲရေးကို
လက်မှတ်ရေးထိုးနိုင်ဖွယ် မရှိဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် ဒေါက်တာတင်မိုသီက ဖေဖော်ဝါရီ ၂၀ ရက်က ရန်ကုန်မြို့၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
Read more »
ဘန်ကောက်ဗုံးကွဲ လူ၆ယောက် ဒဏ်ရာရ
22.2.2014
နိုင်ငံရေး တင်းမာမှုတွေ ဖြစ်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့ညက ဗုံးပေါက်ကွဲခဲ့လို့ ၆ ဦးဒဏ်ရာရ သွားပါတယ်။ ဒီလို နိုင်ငံရေး တင်းမာ မှုတွေ ရှိနေတဲ့ ကြားက လယ်သမားတွေကလည်း ဆန္ဒပြနေကြပါတယ်။ ထိုင
်းအစိုးရကို ဆန့်ကျင် ဆန္ဒပြနေတဲ့ ဘန်ကောက်မြို့ ရတ်ပစုမ် သပိတ်စခန်း အနီး ပတူနမ့်လမ်းစုံမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ၆ ဦးဒဏ်ရာ ရသွားခဲ့ပါတယ်။
Read more »
တိုင်းရင်းသားပညာရေးအဖွဲ့များ MINE ပညာရေးကွန်ယက် ဖွဲ့စည်း
22.2.2014
တိုင်းရင်းသားပညာရေးအဖွဲ့များ စုပေါင်း၍ မြန်မာနိုင်ငံ ဌာနေတိုင်းရင်းသားများ ပညာရေးကွန်ယက် (Myanmar/Burma Indigenous Network for Education-MINE)အဖွဲ့တစ်ဖွဲ့ကို ယနေ့ (အပြည်ပြ
ည်ဆိုင်ရာ မိခင်ဘာသာစကားနေ့) ဖေဖေါ်ဝါရီ ၂၁ရက်နေ့၌ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဖွဲ့စည်းလိုက်သည်။
Read more »
အထက်အောက် ညီညွှတ်ရန် ကေအဲန်ယူ ဒူးပလာယာခရိုင်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့
22.2.2014
လက်ရှိ မြန်မာနိုင်ငံရေးပြောင်းလဲလာမှုအပေါ် ကေအဲန်ယူအနေဖြင့် မတူညီသည့်ဒေသများ၏ ပကတိအခြေအနေများ ကိုက် ညီမှုရှိမရှိနှင့် ရှေ့လုပ်ငန်းစဉ်များကို ညီညွှတ်စွာ မည
်သို့လုပ်ဆောင်သွားရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၅ရက်မှ ၁၉ရက်နေ့အထိ ကော့ကရိတ်မြို့နယ်၊ ကတိုးထာ့ကျေးရွာတွင် ကေအဲန်ယူ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်မှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
Read more »
အပစ်အခတ်ရပ်စဲရေး ‘ဝ’ သွေးစည်းညီညွတ်ရေး အဖွဲ့နှင့် နိုင်ငံတော်သမ္မတ နေပြည်တော်တွင် ပထမဆုံးအကြိမ် တွေ့ဆုံမည်
22.2.2014
အပစ်အခတ် ရပ်စဲရေးအတွက် UWSA (‘ဝ’ သွေးစည်း ညီညွတ်ရေးအဖွဲ့) နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့သည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် နေပြည်တော်၌ ပထမဆုံးအကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်က The Voice သို့ ဆက်သွယ
် ပြောကြားသည်။
Read more »
ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ မလေးရောက် မြန်မာတွေ စိုးရိမ်
22.2.2014
မြန်မာနိုင်ငံမှာ အစ္စလမ် ဘာသာဝင် မွတ်စလင် လူမျိုးတွေနဲ့ ဗုဒ္ဓ ဘာသာဝင်တွေအကြား ပဋိပက္ခတွေ ထပ်မံဖြစ်ပွားမှာကို စိုးရိမ် နေ တယ်လို့ မလေးရှား နိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ အ
လုပ်သမားတွေက ပြောပါတယ်။
Read more »
ဆန်စပါး ဝယ်ယူရေး အစီအစဉ်နှင့် ပတ်သက်၍ လာဘ်စားမှု ရှိသည်ဟူသော စွပ်စွဲချက် ယင်လပ် ငြင်းဆို
22.2.2014
ထိုင်းအစိုးရ၏ ဆန်ဝယ်ယူရေး အစီအစဉ်တွင် လာဘ်စားမှုများ ရှိကြောင်း လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စွပ်စွဲချက်ကို ထိုင်းဝန်ကြီးချုပ် ယင်းလပ်
ရှင်နာဝပ်က ပယ်ချလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
Read more »
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ မတ်လ ၈ ရက် တွေ့ဆုံဆွေးနွေးရန်ရှိ
22.2.2014
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ လောခီးလာ တိုင်းရင်းသားပေါင်းစုံ ညီလာခံက သဘောတူညီချက်တွေအပေါ် ဆွေးနွေးကြဖို့ အစိုးရက ဖိတ်ခေါ်ထားတာလို့ မြန်မာငြိမ်း
ချမ်းရေး စင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။
Read more »
Friday, February 21, 2014
ငြိမ်းချမ်းရေး အကြောင်းပြ ကိုယ်ကျိုးရှာသူတွေ ရှိဟု KNU အရာရှိ ဝေဖန်
21.2.2014
ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ ဖြစ်စဉ်တွေဟာ အချိန်ကြာလာတာနဲ့အမျှ သိသိသာသာ တိုးတက်မှုမရှိဘဲ တဝဲလည်လည်ဖြစ်နေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တစ်ချို့က ပြောပါတယ်။
Read more »
ထိုင်း- မြန်မာနယ်စပ် နေရာသုံးခုတွင် ပတ်စပို့ရုံး ပြန်ဖွင့်မည်
21.2.2014
ပတ်စပို့သက်တမ်းတိုးဖို့ အခက်ကြုံနေတဲ့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေအတွက် နယ်စပ်နေရာ သုံးခုဖြစ်တဲ့ တာချီလိတ်၊ မြ၀တီ နဲ့ ကော့သောင်းမြို့တွေမှာ ပတ်စပို့ရုံးဖွင့်ပေးဖို့ ညွှန်ကြားချက်ကျနေပြီး ရုံးဖွင့်မယ့်ရက်ကိုတော့ မသတ်မှတ်ရသေးဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန အရာရှိတဦးက ပြောပါတယ်။
Read more »
အစိုးရ မြေယာငှားရမ်းပေးထားသူနှင့် ဒေသခံတို့အကြား ပိုင်ဆိုင်ခွင့်ကိစ္စ အငြင်းပွား
21.2.2014
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာကြိုးဝိုင်း၌ ပြည်နယ်သစ်တောဦးစီးဌာနက တနှစ်လျှင် မြေတစ်ဧက ကျပ် ၅၀၀ နှုန်းဖြင့် ရာဘာစိုက်ပျိုးရန် ငှားရမ်းပေးထားသူများနှင့် ယင်းမြေနေရာတွင် ယခင်ကတည်းက လယ်ယာစိုက်ပျိုးခဲ့သူ နောင်က မြိုင်ရွာခံတို့အကြား မြေယာပိုင်ဆိုင်ခွင့် အငြင်းပွားမှု ဖြစ်ပွားနေကြောင်း သိရသည်။
Read more »
ထိုင်းရောက် မြန်မာများထံမှ အိမ်ပြန်စရိတ် ဘတ်တစ်ထောင် ကောက်မည့် အစီအစဉ် ဖျက်သိမ်းရန် တောင်းဆို
21.2.2014
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ လုပ်သားများထံမှ အိမ်ပြန်စရိတ်အဖြစ် ဘတ်တစ်ထောင် ကောက်ယူမည့် အစီအစဉ်ကို ဖျက်သိမ်းပေးရန် အတွက် ထိုင်းအစိုးရကို ညှိနှိုင်းပေးရန် အဆိုပါနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်က မြန်မာအစိုးရကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တောင်းဆိုလိုက်သည်။
Read more »
အလုပ်သမားတွေထံက ငွေလိမ်တဲ့ ဂိုဏ်းသား (၅) ဦး ဒီကေဘီအေ ဖော်ထုတ်
21.2.2014
ထိုင်းနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်ပြီး အကြောင်းအမျိုးမျိုးနဲ့ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီဘက်ခြမ်းကို ပြန်လာတဲ့ မြန်မာ အလုပ်သမားတွေကို နည်းအမျိုးမျိုးနဲ့ လိမ်လည်ငွေညစ်ယူတဲ့ ဂိုဏ်းတဂိုဏ်က အဖွဲ့ဝင် (၅) ဦးကို ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် ( ဒီကေဘီအေ ) က သတင်းအရ ထိန်းသိမ်းပြီး ဒီကနေ့ မနက်ပိုင်းမှာ မြ၀တီရဲမှူးနဲ့အဖွဲ့ထံ ဥပဒေကြောင်းအရ အရေးယူဆောင် ရွက်နိုင်ဖို့ လွဲပြောင်းပေးအပ် လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
Read more »
ပြည်တွင်း မတည်ငြိမ်သေးစဉ် ဂျိုက်ကာဖွံ့ဖြိုးရေးလုပ်ငန်းကို စိုးရိမ်
21.2.2014
မွန်နှင့် ကရင်ဒေသတို့အတွက် ရေးဆွဲထားသော “မြန်မာပြည်အရှေ့တောင်ပိုင်းအတွက် ဂျပန်အစိုးရ၏ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ ဖွံ့ဖြိုးရေးအစီအစဉ်စာတမ်း” သည် လစ်ဟာမှုများစွာရှိသဖြင့် စာတမ်းအတိုင်း စီမံကိန်း အကောင်အထည်ဖော်မည့်အပေါ် စိုးရိမ်မိ ကြောင်း ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုကွန်ရက်မှ ဒု-တာဝန်ခံ စောအဲလက်စ်က ပြောသည်။
Read more »
ယူကရိန်း အဓိကရုဏ်း သေဆုံးသူ ၇၀ နီးပါး အထိတိုး
21.2.2014
ယူကရိန်းနိုင်ငံ ကီးယက်ဗ်မြို့လည်မှာ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေနဲ့ ရဲတွေကြား အဓိကရုဏ်းတွေဖြစ်ပွါးပြီး ကြာသပတေးနေ့မှာ ၃၉ ဦးသေဆုံးခဲ့ ရတာမို့ အခုဆို ၃ ရက်အတွင်း သေဆုံးသူ အနည်းဆုံး ၆၉ ဦး
ရှိသွားပြီဖြစ် ပါတယ်။ ဒါဟာ ဆိုဗီယက်ရုရှား လက်အောက်မှာ ရှိချိန်ကစပြီး အကြမ်းဖက်မှုကြောင့် လူသေဆုံးမှု အများဆုံးရှိခဲ့တဲ့ နေ့ဖြစ်ပါတယ်။ ဆန္ဒပြသူတွေနဲ့ ဆေးဝန်ထမ်းတွေကတော့ ကြာသပတေးနေ့ တနေ့ထဲမှာတင် သေဆုံးသူ ၇၀ ကနေ ၁၀၀ အထိ ရှိနေတယ်လို့ ဆိုပါတယ်။
Read more »
ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေကြောင့် သက်ဆင်မိသားစု စီးပွားရေး ဂယက်ရိုက်
21.2.2014
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကြောင့် သက်ဆင်မိသားစုနဲ့ ပက်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ်မှာ ဂယက်ရိုက်နေပါတယ်။
Read more »
သန်းခေါင်စာရင်း စာရင်းကောက်ရာတွင် ဒေသခံကျောင်းဆရာ/မများအား သုံးရန် ကေအဲန်ယူတောင်းဆို
21.2.2014
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၌ သန်းခေါင်စာရင်းကောက်မည့် စာရင်းကောက် သူများကို ဒေသခံကျောင်းဆရာမများအား သုံးရ
န် ကရင်ပြည်နယ် သန်းခေါင်စာရင်း ကော်မတီသို့ တောင်းဆိုထားသည်ဟု ကေအဲန်ယူဘက်က ပြောဆိုသည်။
Read more »
သမီးကလေးပြဿနာသည် အစိုးရနှင့် D.K.B.A တို့အကြား မည်သည့်ပြဿမျှမရှိနိုင်သော်လည်း အစိုးရဂုဏ်သိက္ခာ ကျဆင်းစေနိုင်
21.2.2014
အစိုးရမှအင်အားသုံး ဖြေရှင်းခဲ့သော လှည်းခူးမြို့နယ် သမီးလေးကျေးရွှာကိစ္စနှင့် ပတ်သက်၍ တိုင်းရင်သား လက်နက်ကိုင် D.K.B.A က ဝင
်ရောက်ကူညီမှုသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ D.K.B.A နှင့် အစိုးရ တို့ကြား မည်သည့်ပြဿနာမှ မရှိနိုင်ကြောင်း မွန်ကရင် ကလိုထူးဘော စစ်ဗျုဟာအဖွဲ့မှ ဗိုလ်မှူးစောအောင် ကိုကို က ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပြောကြားထားပြီး လေ့လာစောင့်ကြည့်သူများကမူ လက်ရှိအစိုးရ၏ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်ကြောင်း သုံးသပ်လျက်ရှိကြသည်။
Read more »
Thursday, February 20, 2014
ပြည်ထဲရေးတွင် အမည်မပေါက်သည့် ကျေးရွာများ မကျန်ရှိရန် ပြည်နယ်လ၀ကနှင့် ကေအဲန်ယူ ညှိနှိုင်း ဆောင်ရွက်သွားမည်
20.2.2014
ကရင်ပြည်နယ်တွင် ကျေးရွာအချို့မှာ အစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာနတွင် အမည်မပေါက်ဘဲ ရှိနေသေးသည့်အတွက် သန်း ခေါင်စာရင်းကောက်ယူရာ၌
အားလုံး စာရင်းအမှန်ရရှိစေရန် ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လ၀က)နှင့် ညှိနှိုင်း လုပ်ဆောင်သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြော ဆိုသည်။
Read more »
အသက်အာမခံပါ GSM ဆင်းမ်ကတ် မလေးရှားရောက် မြန်မာလုပ်သား အားလုံး အခမဲ့ပေးမည်ဟုဆို
20.2.2014
မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူနှင့် ယင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ်သားများအတွက် အသက်အာမခံစနစ် ပါဝင်သော မလေးရှားနိုင်ငံသုံး GSM ဆင်းမ်ကတ် များကို မတ်လ ၁ ရက်နေ့မှ စတင်၍ အခမဲ့ ထုတ်ပေးရန် စီစဉ်သွားမည် ဖြစ်ကြောင်း ယင်းဝန်ဆောင်မှု ပေးအပ်မည့် မလေးရှားနိုင်ငံ Tone Plus ကုမ္ပဏီထံမှ သိရှိရသည
်။
Read more »
အင်ဒိုနီးရှားကို အတုယူဖို့ ကရင်ခေါင်းဆောင်တွေပြောဆို
20.2.2014
မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ အတူယှဉ်တွဲနေထိုင်ဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံက ပြောင်းလဲပုံကို မြန်မာအနေနဲ့ အတုယူသင့်တယ်လို့ ကရင်အမျိုးသားအစည်းအရ
ုံး KNU အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက အင်ဒိုနီးရှားနိုင်ငံမှာ အင်္ဂါနေ့က ပြောလိုက်တဲ့အကြောင်း ၁၉ ရက် မနေ့ကထုတ်တဲ့ ဂျကာတာပို့စ်သတင်းစာမှာ ဖေါ်ပြလိုက်ပါတယ်။
Read more »
စပါးကြွေးတောင်းမယ့် ထိုင်းလယ်သမားတွေ ထွန်စက် အစီး ၅၀၀ ဖြင့် သုဝဏဘုမ္မိ လေဆိပ်ကို ထိန်းချုပ်ရန် ကြိုးစားနေ
20.2.2014
စပါးဖိုး မရရှိသေးသော Sing Buri ခရိုင်မှ လယ်သမား တစ်ထောင်ပတ်ဝန်းကျင်ခန့်သည် ဆန္ဒပြရန် ထွန်စက် အစီး ၅၀၀၊ မော်တော်ဆိုင်ကယ် အစီး
၁၅၀ တို့ဖြင့် ဘန်ကောက်မြို့သို့ ရောက်ရှိနေပြီး သုဝဏဘုမ္မိ လေဆိပ်ကို ထိန်းချုပ်ရန် ကြိုးစားနေသည်။
Read more »
ထိုင်းနိုင်ငံတွင် စိတ်ကြွမူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိ
20.2.2014
ထိုင်းနိုင်ငံ Kanchanaburi ပြည်နယ်၊ Tha Maka ခရိုင်အတွင်း၌ ဖေဖော်ဝါရီ (၁၃)ရက်နေ့တွင် DKBA နှုတ်ခမ်းမွှေးအဖွဲ့ဝင်များထံမှ စိတ်ကြွမူးယစ် ဆေးဝါးနှင့် လက်နက်များကို ထိုင
်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိကြောင်း သိရှိ ရသည်။
Read more »
ကချင်ပြည်နယ်တွင် တိုက်ပွဲအတွင်း ဖမ်းမိထားသည့် သစ်ခိုးထုတ် တရုတ်နိုင်ငံသား ၁၀ ဦးနှင့် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်နေသည့် တရုတ်နိုင်ငံသား သုံးဦးအား ဗန်းမော်ထောင်တွင် ထိန်းသိမ်းထား
20.2.2014
ကချင်ပြည်နယ် မန်စီမြို့နယ်၊ နန့်ဟင်နှင့် နန့်ကောက်ကျေးရွာဝန်းကျင်တွင် ဇန်န၀ါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ အစိုးရတပ်နှင့် ကေအိုင်အေတပ်တို့ တိုက်ပွဲဖြစ်စဉ် တိုက်ပွဲကာလအတွင်း ဖမ်းမိထားသည့် သစ်ခိုးထုတ် တရုတ်နိုင်င
ံသား ၁၀ ဦးနှင့် ယင်းဒေသတွင်းရှိ သံတံတားကျေးရွာတွင် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်နေသည့် တရုတ်နိုင်ငံသားသုံးဦးကို ဗန်းမော်အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး မန်စီတရားရုံးတွင် အမှုဆက်လက်စစ်ဆေးနေကြောင်း ဗန်းမော်ခရိုင်မှ အစိုးရတာဝန်ရှိသူများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။
Read more »
သမီးကလေးဒေသခံများကို ခေါ်ဆောင်မှု အစိုးရကို နာမည်ဖျက်လိုခြင်းမဟုတ်ဟု ဒီကေဘီအေ ပြော
20.2.2014
ကျူးကျော်အဖြစ် ဖယ်ရှားခံရသည့် လှည်းကူးမြို့နယ် သမီးကလေးကျေးရွာမှ ဒေသခံများကို ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်၏ စစ်ဌာနချုပ်အခြေစိုက်ရာ ဆုံဆည်းမြိုင်ကျေးရွာသို့ လိုက်လံနေထိုင်ရန် ခေါ်ယူခြင်းသည် အကူအညီပေးခြင်းဖြစ်ပြီး အစိုးရကို နာမည်ဖျက်လိုခြင်းမရှိဟု ဗိုလ်မှူးစောသရဲနီက မဇ္ဈိမကို ပြောသည်။
Read more »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)