July 02, 2014
ဆီးရီးယားနှင့် အီရတ် နိုင်ငံများမှ နယ်မြေအများအပြားကို သိမ်းပိုက်ကာ အစ္စလာမ်မစ် နိုင်ငံတော် ထူထောင်ကြောင်း ကြေညာထားသည့် ISIS အဖွဲ့၏ ခေါင်းဆောင်က ကမ္ဘာအနှံ့အပြားမှ မွတ်ဆလင်များ မိမိတို့ထံ ပြောင်းရွှေ့လာကြပါရန် တိုက်တွန်းဆော်ဩလိုက်သည်။
အဘူဘာကာ အယ်လ်ဘဂ္ဂဒက်ဒီသည် အစ္စလာမ် ဘာသာဝင် တရားသူကြီးများ၊ ဆရာဝန်များ၊ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများကို မိမိတို့၏ အစ္စလာမ်မစ် နိုင်ငံတော်က အထူးလိုအပ်နေကြောင်းလည်း ပြောကြားခဲ့သည်။ ISIS ခေါင်းဆောင်သည် အင်တာနက်တွင် ဒုတိယမြောက် အသံဖိုင်တစ်ခုကို လွှင့်တင်ပြီး မွတ်ဆလင်များကို စုစည်းနိုင်ရန် ဆွဲဆောင်လာခြင်း ဖြစ်သည်။ အစောပိုင်းက လွှင့်တင်သော အသံဖိုင်တွင်မူ ISIS က အစ္စလာမ်မစ် နိုင်ငံတော် ထူထောင်ကြောင်း ကြေညာချက် ပါရှိခဲ့သည်။