address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, August 31, 2014

KNU ကရင် ကိုယ်စားလှယ်များ UNFC ညီလာခံမှ နှုတ်ထွက်





31.8.2014

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ညီလာခံကို ဒီကနေ့ ချင်းမိုင်မြို့မှာ ပြန်လည်ကျင်းပရာမှာ UNFC ရဲ့ ဖွဲ့စည်းပုံနဲ့ မူဝါဒတချို့ဟာ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ရဲ့သဘောထားကိုက်ညီမှု မရှိတာကြောင့် မနက်ပိုင်း ဆွေးနွေးပွဲအပြီး KNU ကိုယ်စားလှယ်တချို့ အစည်းအဝေး တက်ရောက်ခြင်း မရှိတော့ပဲ နှုတ်ထွက်သွားခဲ့ ကြပါတယ်။

ထွန်းထွန်းမင်းကို ထိုင်းလက်ဝှေ့သမား ကြောက်ရှုံးရှုံး





31.8.2014

စင်ကာပူနိုင်ငံမှာ ဒီနေ့ကျင်းပတဲ့ မြန်မာ-ထိုင်း-ဖိလစ်ပိုင် သုံးနိုင်ငံ ရိုးရာလက်ဝှေ့ စိန်ခေါ်ထိုးသတ်ပွဲမှာ မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းကို ထိုင်းလက်ဝှေ့သမား ခရွန် ကြောက်ရှုံးနဲ့ အရေးနိမ့်သွားခဲ့တယ်လို့ ပွဲသွား ရောက်ကြည့်ရှုခဲ့သူ တချို့က ပြောပါတယ်။အဲဒါကြောင့် ထွန်းထွန်းမင်းက အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဗဟိုချုပ်ကိုင်မှုစနစ် လျော့ချစေလိုကြောင်း KDP ဥက္ကဌ ပြောကြား





31.8.2014

မြန်မာအစိုးရ၏ ဗဟိုချုပ်ကိုင်မှုစနစ်ကျင့်သုံးခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်း လုပ်ငန်းများနှင့်အခြားလုပ်ငန်းများ အောင်မြင်သင့်သလောက် မအောင်မြင်သည်ကို တွေ့ရသည့်အတွက် ဗဟိုချုပ်ကိုင်မှုစနစ် လျော့ချစေလိုကြောင်း ကရင်ဒီမိုကရက်တစ်ပါတီ(KDP) ဥက္ကဌ စောရဲဝင်းနိုင်က သြဂုတ် ၂၈ရက်နေ့က ပြောဆိုလိုက်သည်။

ထိုင်းအစိုးရထုတ်ပေးသည့် ပန်းရောင်ကတ်ကို ထိုင်းပွဲစားများ နှစ်ဆတိုးကောက်နေ


31.8.2014

ထိုင်းအစိုးရမှ ထုတ်ပေး လျက်ရှိသည့် ပန်းရောင်ကတ်ကို ထိုင်းပွဲစားများက ဘတ်ငွေ ရှစ် ထောင်ဖြင့် မြန်မာလုပ်သားများထံမှ လိမ်လည်ကောက်ခံနေကြောင်း ထိုင်းနိုင်ငံ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းလုပ်သားအခွင့်အရေး ကွန်ရက်မှ ဥက္ကဋ္ဌဦးစိန်ဌေးက ပြောကြားသည်။

ကရင်ပြည်နယ် လွှတ်တော်တွင် ဥပဒေ ၅ခု ရေးဆွဲထား




31.8.2014

ကရင်ပြည်နယ်တွင် ၂၀၁၂ခုနှစ်မှစတင်၍ ယခုအချိန်အထိ ပြည်နယ်လွှတ်တော်အတွင်းတွင် ဥပဒေ ၅ခု ရေးဆွဲထားကြောင်း ပြည်နယ်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ စောမင်းအောင်လင်းက ကေအိုင်စီသို့ ယမန်နေ့က ပြောသည်။

ငြိမ်းချမ်းရေးအတွက် ပြည်တွင်းပြည်ပ သဘောတူ


31.8.2014

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပခဲ့တဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ ပြည်တွင်းတိုင်းရင်းသားပါတီ အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေရဲ့ အစည်းအဝေးကနေ
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ အင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကြီး ပေါ်ပေါက်ရေးစတဲ့အချက်တွေကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ UNFC ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဟံသာ က ပြောပါတယ်။

ပအိုးဝ်နဲ့ SSA တပ်များအကြား နယ်မြေအငြင်းပွားမှုဖြစ်ပွား




31.8.2014

ပအိုဝ်းလွတ်မြောက်ရေးတပ်မတော် PNLA နဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSA တို့အကြား ထိန်းချုပ်နယ်မြေ သတ်မှတ်တာနဲ့ပတ်သက်ပြီး အငြင်း ပွားမှုဖြစ်ပွားလို့ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အခြေ အနေရောက်နေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ပြောကြပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ် တက်ရောက်ခွင့်ရရန် လူငယ်များတောင်းဆို


31.8.2014

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းအတွက် ပြုလုပ်နေသည့် ဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ် တက်ရောက်ခွင့်ရရန်အရပ်ဘက် လူငယ်အဖွဲ့ အစည်းများက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံ တောင်းဆိုခဲ့သည်ဟု အဖြူရောင်တွဲလက်များ အဖွဲ့ဝင် ကိုသီဟမောင်မောင်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ လူဦးရေ ၅၁ သန်းကျော်သာရှိ




31.8.2014

မြန်မာနိုင်ငံမှာ လူဦးရေ ၅၁.၄ သန်းကျော်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

UNFC နှင့် KNU မူဝါဒနှင့် အမြင်ကွဲပြားနေသော်လည်း နုတ်ထွက်ရန် မဆုံးဖြတ်သေးဟု KNU ဆို




31.8.2014

ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC)၏ လက်ရှိ စုဖွဲ့မှုနှင့် မူဝါဒများသည် ကရင်အမျိုသားအစည်း အရုံး KUN အဖွဲ့၏ သဘောထားနှင့်မကိုက်ညီသည့် အခြေအနေ အချို့ ရှိသော်လည်း UNFC ၏ အဖွဲ့ဝင် အဖြစ်မှနုတ်ထွက်ရန်ကိုမူ မဆုံးဖြတ်ရသေးဟု UNFC ညီလာခံ တက်ရောက်နေသည့် KNU အဖွဲ့၏အထွေထွေ အတွင်းရေးမှူးပဒိုကွယ်ထူးဝင်းက ပြောသည်။

ရှမ်းမျိုးနွယ်စုနှင့် ကချင်အထူးဒေသ (၁) အဖွဲ့တို့က တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် KIO/KIA လက်မှတ်ထိုးရန် တောင်းဆို


31.8.2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လပိုင်းအတွင်း ချုပ်ဆိုရန် စီစဉ်နေသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ပါဝင် လက်မှတ်ရေးထိုးရန် ကချင်ပြည်နယ် အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့နှင့် ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေး အဖွဲ့တို့က ထုတ်ပြန် တောင်းဆိုလိုက်သည်။

ကရင်လက်နက်ကိုင်အဖွဲ့များအကြား နယ်မြေသတ်မှတ်မှု ပြဿနာမဖြစ်နိုင်ဟု BGF ဆို


31.8.2014

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအကြား နယ်မြေသတ်မှတ်မှုနှင့် ပတ်သက်၍ ပြဿနာဖြစ်လာမည်မဟုတ်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)မှ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှုးကြီးစောချစ်သူက ပြောသည်။

Wednesday, August 27, 2014

ဓမ္မစေတီခေါင်းလောင်းကို စတင်တွေ့ရှိပြီဟု ဆိုသော်လည်း ဆယ်မည့်ရက် မရေရာ




27.8.2014

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ယခုရက်ပိုင်းအတွင်း ဟိုးလေးတကျော်ကျော် ဖြစ်နေသော ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေမှုတွင် ခေါင်းလောင်းဆယ်ယူရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက ဆယ်ယူရန် သတ်မှတ်ထားသော နောက်ဆုံးနေ့တွင် ဓမ္မစေတီ ခေါင်းလောင်းကြီးကို တွေ့ရှိထားပြီဟု ကြေညာခဲ့သော်လည်း ပြန်လည် ဆယ်ယူမည့်ရက်ကိုမူ မကြာမီ ရက်ပိုင်းအတွင်း ဆယ်ယူမည်ဟုသာ သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်းငါးဖမ်းစက်လှေတွင်ရောင်းချခံခဲ့ရသော ရခိုင်လူမျိုး ၁၄ဦးကိုကယ်တင်နိုင်ခဲ့ပြီးနေရပ်သို့ပြန်ပို့





27.8.2014

ထိုင်းနိုင်ငံ မဟာချိုင်ရှိငါးဖမ်း စက်လှေတွင် ရောင်းစားခြင်းခံရပြီး အင်ဒိုနီးရှားနိုင်ငံ အွန်ဘွန်ဆိပ်ကမ်း အရောက်တွင် လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးအဖွဲ့မှ ကယ်တင် နိုင်ခဲ့သည့် ရခိုင်ပြည်နယ် မြေပုံ မြို့နယ် သရက်တောင်ကျေးရွာမှ ကိုးဦးနှင့်ကမ်းထောင်းကြီးကျေးရွာ မှ ငါးဦးတို့ကို ယခုလ ၂၃ရက်တွင် ၄င်းတို့နေထိုင်ရာဒေသများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရ သည်။

စံချိန်တင် ဖမ်းမိသည့် မူးယစ်ဆေးဝါးကိစ္စ တပ်နှင့်ပေါင်းကာ ဖော်ထုတ်နေဟု ဆို


27.8.2014

ကော့သောင်းမြို့ အနောက်မြောက်ဘက် မြန်မာ့ပင်လယ်ပြင်မှ မလေးရှားနိုင်ငံသို့ ဦးတည်နေသည့် စက်လှေပေါ်ပါ မူးယစ်ဆေးဝါးများကို တင်သွင်းသူနောက်ကွယ် ဂိုဏ်းအဖွဲ့ကို တပ်မတော်နှင့် ပူးပေါင်းကာ ရှာဖွေနေသည်ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ ရဲမှူးချုပ် ကျော်ဝင်းက မဇ္ဈိမကို ပြောသည်။

ဘိလပ်မြေစက်ရုံမှူးက ကျူးကျော်အဆောက်အဦများ အမြန်ဆုံးဖယ်ရှားရန် အကြောင်းကြားစာပေးပို့



27.8.2014

ဖားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ တန် ၉၀၀ထွက် အမှတ်(၁) ဘိလပ်မြေစက်ရုံပိုင်နယ် မြေတွင် နေထိုင်လျှက်ရှိသည့် ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များကို ကျူးကျော်အဆောက်အဦဟု သတ်မှတ်ကာ အမြန် ဆုံး ဖယ်ရှားပေးရန် စက်ရုံမှူးက ဒေသခံများထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

Tuesday, August 26, 2014

တန်ခိုးထက်သည့် ဆရာတော်



26.8.2014
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့ အစီအစဉ်ကို လက်မခံရန် ဆုံးဖြတ်လိုက်ခြင်းသည် ကရင်ပြည်နယ်  ငြိမ်းချမ်းရေးအတွက် ဆန္ဒပြင်းပြသည့် ကြည်ညိုဖွယ် ရဟန်းတော်တပါး၏ စွမ်းဆောင်ချက်ဟု အသိအမှတ် ပြုထားကြသည်။

Monday, August 25, 2014

ငြိမ်းချမ်းရေး အောင်မြင်ချိန်တွင် နယ်ခြားစောင့်တပ်အဖြစ်သာ ချန်လှပ်ခံရမည်ကို စိုးရိမ်




25.8.2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား ဆွေးနွေးနေသည့် နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အောင်မြင်ပါက နယ်ခြားစောင့်တပ်များကို မူလအတိုင်း ချန်လှပ်မထားစေလိုဟု ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (Border Guard Force) ဗဟိုအကြံပေးနှင့် ကွပ်ကွဲရေး အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက မဇ္ဈိမကို ပြောသည်။

ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီးကို ဝန်ကြီးချုပ် ရာထူးတွင် တာဝန်ထမ်းဆောင်ရန် ဘုရင်မင်းမြတ် အသိအမှတ်ပြု




25.8.2014

အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ပရာယွတ်သ် ချန်အိုချာကို ထိုင်းဘုရင်မင်းမြတ်က ဝန်ကြီးချုပ် ရာထူးတွင် အတည်ပြု အပ်နှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

သိမ်းဆည်းခံလယ်မြေ ပြန်ရရေး ဘားအံမြို့တွင် ချီတက်ဆန္ဒပြ




25.8.2014

သိမ်းဆည်းခံရတဲ့လယ်မြေတွေ ပြန်လည်ရရှိရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့ ကျေးရွာပေါင်း ၉ ရွာက တောင်သူ ၁၀၀ ကျော် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ရွာများကို စည်းရိုးခတ်မယ်လို့ တရုတ် ကုမ္ပဏီပြော



25.8.2014

စံပယ်တောင်-ကြေးစင်တောင်စီမံကိန်း ၀န်းကျင်က ရွာတွေမှာ စည်းရိုးခတ်မယ်လို့ ကျေးရွာ အုပ်ချုပ်ရေး မှူးတွေကို မြန်မာ-ယန်စီကြေးနီကုမ္ပဏီက အကြောင်းကြား ထားတယ် လို့ ဒေသခံတွေက ပြော ပါတယ်။

Thursday, August 21, 2014

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား ပြန်လည်စတင်ရန် ထိုင်းစစ်အစိုးရ သဘောတူ



21.8.2014

ထားဝယ်အထူးစီးပွားရေးဇုန်သည် ထိုင်းနှင့်မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုလုပ်များကို ပိုမို ကောင်းမွန်လာစေနိုင်သောကြောင့် အဆို ပါစီမံကိန်းအား ဆက်လက်လုပ်ဆောင်ရန် ထိုင်းစစ်အစိုးရ၏ ငြိမ်းချမ်းရေးနှင့်ဥပဒေစိုးမိုးရေးဆိုင်ရာ အမျိုးသားကောင်စီ (NCPO) က အတည်ပြုပေးလိုက်ကြောင်း ဘန်ကေက်ပို့စ်သတင်းစာတွင် သြဂုတ် ၂၁ ရက်က ဖော်ပြခဲ့သည်။

ကရင်ပြည်နယ်တွင် ကျဆုံးသွားသည့် ABSDF တပ်ဖွဲ့ဝင်များ စာရင်းကောက်ယူမည်


21.8.2014

ကရင်ပြည်နယ်တွင်ကျ ဆုံးသွားခဲ့ကြသည့် ABSDF တပ် ဖွဲ့ဝင်များ၏ အရေအတွက်ကို စာရင်းပြုစုကောက်ယူကာ ဂုဏ်ပြု ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း စာရင်းကောက်ယူရေးတာဝန်ခံ ရဲဘော်စိုးထွဋ်က ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၇)၏ ဆောက်လုပ်ပြီး အိမ်ယာစီမံကိန်း၌ နေရာချထားပေးရန် မဖြစ်နိုင်သေး




21.8.2014

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၇)နယ်မြေ လှိုင်းဘွဲမြို့နယ်ရှိ မော်ဖိုးကေနှင့် မဲ့တရိဒေသများတွင် ဆောက်လုပ်ပြီးစီးပြီဖြစ်သော တန်ဖိုးနည်းအိမ်ရာများတွင် နေထိုင်မည့်သူများအတွက် နေရာချစီစဉ်ပေးရန် လက်ရှိတွင် မဖြစ်နိုင် သေးကြောင်း သိရသည်။

အမျိုးအမည်မသိခရုကြောင့် စိုက်ပျိုးပြီးလယ်များပျက်စီးဆုံးရှုံး



21.8.2014

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကော့ကရင်ကျေးရွာအနီးရှိ ကျုံ ကပိုင်ကွင်းတွင် အမျိုးအမည်မသိ ခရုကိုက်ဖျက်မှုကြောင့် စပါးစိုက် ပျိုးပြီးလယ်ဧက (၁၅၀) ကျော်ရှိ သည့်အနက် ဧက ၁၀၀ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတောင်သူ များ၏ ပြောကြားချက်အရ သိရသည်။

ကချင်ဒေသခံများအား စစ်သားစုဆောင်းသည့်ကိစ္စနှင့် ကေအိုင်အို၏ မူဝါဒတို့ကို ဗိုလ်ချုပ်ဂွမ်မော် ရှင်းလင်း



21.8.2014

ကချင်ဒေသခံများအား စစ်သားစုဆောင်းသည့်ကိစ္စနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ၏ မူဝါဒတို့ကို ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဩဂုတ် ၁၈ ရက်နှင့် ၁၉ ရက်များတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားသည်။

အီဘိုလာသံသယလူနာတွေ့၊ လူထုကြားစိုးရိမ်မှုမြင့်




21.8.2014

ဝေဘာဂီကူးစက်ဆေးရုံ တွင် အီဘိုလာသံသယရှိလူနာ ရောက်ရှိလာပြီးနောက် မြန်မာ ပြည်တွင်းသို့ အီဘိုလာ ရောဂါပိုး ရောက်ရှိလာ ပြီဟုဆိုကာ ပြည်သူ များအကြား စိုးရိမ်မှု များ မြင့်တက်နေ ကြောင်း သတင်း ရရှိသည်။

Tuesday, August 19, 2014

Aveno ဗိုင်းရပ်စ်ကြောင့် မျက်စိနာရောဂါ အဖြစ်များဟု မျက်စိခွဲစိတ်အထူးကု ပြောဆို



19.8.2014

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ဇူလိုင်လမှ သြဂုတ်လအထိ မျက်စိနာရောဂါ အဖြစ်များနေခြင်းမှာ Aveno ကူးစက်ဗိုင်း ရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်သည်ဟု ဖားအံပြည်သူ့ဆေးရုံမှ မျက်စိခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ချိုချို ဝင်းက ကေအိုင်စီသို့ ပြောသည်။

ခြေတုလက်တုအကူအညီ ရပ်ဆိုင်းသော်လည်း မယ်တော်ဆေးခန်း ဆက်လုပ်သွားမည်





19.8.2014

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့ အခြေစိုက် မယ်တော်ဆေးခန်း၏ ခြေတုလက်တုတပ်ဆင်ရေးဌာနအတွက် အကူအညီပေးမှု ရပ်ဆိုင်းသွားသော်လည်း ခြေတုလက်တုတပ်ဆင်မည့် လူနာများအတွက် အဆင်ပြေမည့် နည်းလမ်းများဖြင့် ဆက်လက် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ဆေးခန်းတာဝန်ရှိသူများက ပြောသည်။

နယ်စပ်ကုန်သွယ်မှု မြင့်တက်ရေးအတွက် မြန်မာ-ထိုင်း ချိတ်ဆက်နိုင်မည့် လမ်းမကြီး ဖောက်လုပ်သွားမည်



19.8.2014

ရေထွက်ကုန်များကို ကုန်းလမ်းခရီးဖြင့်တင်ပို့နိုင်ရန် တနင်္သာရီ၊ မောတောင်ဒေသမှ ထိုင်းနိုင်ငံသို့ ချိတ်ဆက်နိုင်မည့် လမ်းမကြီးကို ဖောက်လုပ်သွားမည်ဟု မြိတ်အများပိုင် ကော်ပိုရေးရှင်းကုမ္ပဏီ၏ အတွင်းရေးမှူး ဦးမျိုးအောင်က မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်ဂွန်မော်၊ နိုင်ဟံသာတို့ ဒေါ်စုနေအိမ်တွင် တွေ့ဆုံ


19.8.2014

သြဂုတ် ၁၅ ရက်က MPC တွင် လက်နက်ကိုင်တိုင်းရင်းသား ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအကျိုးဆောင်များ တွေ့ဆုံမှု၊ NCCT နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမှုများ ဆက်တိုက်လုပ်ခဲ့ပြီး သြဂုတ် ၁၈ ရက်တွင် ဗိုလ်ချုပ်ဂွန်မော်၊ နိုင်ဟံသာတို့အပါအ၀င် အခြားတိုင်းရင်းသားခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြသည်။

အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ ပါဝင်သော သုံးပွင့်ဆိုင် နိုင်ငံရေး ဆွေးနွေးမှု စတင်


19.8.2014

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးအပြီး ဆက်လက်ပြုလုပ်မည့် ပြည်ထောင်စုညီလာခံ အကြိုဆွေးနွေးမှုအဖြစ် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ ပါဝင်သော သုံးပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးမှုကို သြဂုတ်လ ၁၈ ရက်နေ့က စတင်ပြုလုပ်ခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပြောကြားသည်။

ဘိန်းကို မတားဆီးနိုင်လျှင် လွတ်လပ်စွာ စိုက်ပျိုးခွင့်ပြုရန် ပအို့ဝ်ပါတီ တောင်းဆို





19.8.2014



အစိုးရအနေဖြင့် တိုင်းရင်းသားဒေသများ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်နေမှုအား ထိရောက်စွာ တားဆီးနှိမ်နင်းမှု မပြုလုပ်နိုင်ပါက လွတ် လပ်စွာ စိုက်ပျိုးခွင့်ပြုရန် ပြည်ထောင်စု ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် ပါတီ က ရန်ကုန်မြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တခုတွင် ပြောဆိုသွားသည်။

ကရင် စာပေသင်ကြားရန် မှော်ဘီမြို့နယ်တွင် စာရင်း စတင်ကောက်ယူ


19.8.2014

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကရင်ကျောင်းသား အများဆုံးရှိသည့် စာသင်ကျောင်းများတွင် ကရင် စာပေသင်ကြားနိုင်ရေး အတွက် ကရင်ကျောင်းသား စာရင်းအား မှော်ဘီမြို့နယ်တွင် ယနေ့ စတင်ကောက်ယူနေပြီ ဖြစ်ကြောင်း ကရင် စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ သိရသည်။

အပစ်ရပ်မူကြမ်း လက်မှတ်ရေးမှတ်ထိုးမှုတွင် သက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်ပါရန်လိုဟု အင်န်စီစီတီပြော


19.8.2014

အပစ်ရပ်မူကြမ်းအချောသတ်ပြီးစီးပါက တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေးသဘောတူညီမှု လက်မှတ်ရေးထိုးရာတွင် အသိသက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ရန် တိုင်းရင်းသားများက လိုလားကြသည်ဟု NCCTအဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

အမေရိကန်ပြည်ထောင်စု မစ်ဇိုရီတွင် လူဖြူ၊ လူမည်း ပဋိပက္ခ အရှိန်မြင့်၊ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ အရေးပေါ်စေလွှတ်



19.8.2014

အမေရိကန်ပြည်ထောင်စု မစ်ဇိုရီပြည်နယ် စိန့်လူးဝစ်ကောင်တီ ဖာဂူဆန်မြို့တွင် လက်နက်မဲ့ လူမည်းဆယ်ကျော်သက် တစ်ဦးကို ရဲက ပစ်ခတ်၍ သေဆုံးခဲ့မှုအပေါ် မကျေနပ်သူများ ဆန္ဒပြမှု အရှိန်မြင့်တက်လာခြင်းကြောင့် ပြည်နယ်အစိုးရက အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းနိုင်ရေးအတွက် အမျိုးသားလုံခြုံရေး အစောင့်တပ်ဖွဲ့ဝင်များ စေလွှတ်လိုက်ရကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

Monday, August 18, 2014

ထိုင်းတွင် မြန်မာလုပ်သား သုံးဦး အသတ်ခံရ


18.8.2014

ထိုင်းနိုင်ငံတွင် မြန်မာ လုပ်သားနှစ်ဦး အသတ်ခံခဲ့ရ သည့်အပြင် မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦးပါ အဓမ္မပြု ကျင့် အသတ်ခံခဲ့ရသောကြောင့် အဆိုပါဖြစ်စဉ်များကို မြန်မာ အစိုးရက ပါဝင်ဖြေရှင်းနိုင်ရေး သံ ရုံးသို့ အချက်အလက်များပေးပို့ သွားမည်ဖြစ်ကြောင်း ပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေး ရှင်း(FED)မှ သတင်းရရှိသည်။

မြ၀တီတွင် စိတ်ကြွဆေးအလုံး ၃သောင်းကျော် ဖမ်းဆီးရမိ




18.8.2014

ကရင်ပြည်နယ် မြ၀တီမြို့ အမှတ်(၄)ရပ်ကွက်၊ အလိုတော်ပြည့်(၁)လမ်းတွင် မြန်မာငွေကျပ် ၁၀၄,၅၈၀,၀၀၀တန်ဘိုးရှိ စိတ်ကြွ ဆေးအလုံးပေါင်း ၃၄၈၆၀ကို သြဂုတ်လ ၁၄ရက်နှင့် ၁၅ရက်နေ့များ၌ မူးယစ်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။

တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်အတွက် ညှိနှိုင်းရန် လေးချက်ကျန်





18.8.2014

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူ ညီချက်စာချုပ်(မူကြမ်း) တွင် အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကြား ညှိနှိုင်းစ ရာအချက် လေးချက်ကျန်ရှိပြီး လာမည့် စက်တင်ဘာလဆန်း ၌ ဆက်လက်တွေ့ဆုံဆွေးနွေး သွားရန် သဘောတူခဲ့သည်။

အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့များ ၃ ရက်ကြာ ဆွေးနွေးပွဲ ပြီးဆုံး




18.8.2014

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ရှေ့ လာမယ့် စက်တင်ဘာလထဲမှာ အပြီးသတ် ဆက်လက်ဆွေးနွေးဖို့ရှိသေးကြောင်း နှစ်ဖက်ခေါင်းဆောင်တွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားကြပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် လက်ခံလိုက်သည့် သုံးနှစ်တာအတွင်း ငြိမ်းချမ်းရေးလုပ်ငန်း ဆောင်ရွက်ချက်များ





18.8.2014

၂၀၁၁ ခုနှစ်၊ မတ် ၃၀ တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ရာ ၂၀၁၁ ခုနှစ်၊ သြဂုတ် ၁၈ ရက်၌ ပြည်ထောင်စုအစိုးရအဖွဲ့က လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းက စတင်ခဲ့သည်။

ဆစ်ဒနီ ကရင်လက်ချည်ပွဲ ပရိဿတ် ၂၀၀ကျော်ဆင်နွဲ




18.8.2014

သြစတြေးလျားကရင်ယဉ်ကျေးမှုအဖွဲ့အစည်း(Australia Karen Culture Organization-AKCO)က ကြီးမှူး၍ ဝါခေါင်လ ကရင့်ရိုးရာလက်ချည်ပွဲကို သြစတြေးလျားနိုင်ငံ၊ နယူးဆော့သ်ဝေးပြည်နယ် ဆစ်ဒနီမြို့ Villawood ရပ် ကွက်ရှိ Villawood Senior Citizen Hall တွင် သြဂုတ်လ ၁၆ရက်နေ့က ကျင်းပခဲ့ရာ လူထုပရိဿတ်ပေါင်း ၂၅၀ ကျော် ဆင်နွဲခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆက်ရန်ရှိသေး



18.8.2014

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့အပစ်ရပ်ရေးဆိုင်ရာ ညှိနိုင်းရေးအဖွဲ့ NCCT အဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ညှိနိုင်းအစည်းအဝေး မနေ့က ပြီးဆုံးသွားခဲ့ပြီး၊ ဆက်လက်ဆွေးနွေးဖို့ အချက်သုံးချက်လောက်သာ ကျန်တော့တယ်လို့ NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

Thursday, August 14, 2014

အပစ်အခတ်ရပ်စဲရေးသည် အရှုံးပေးခြင်း မဟုတ်ဟု ကေအင်န်ယူဥက္ကဋ္ဌ မူတူးစေးဖိုး ပြော




14.8.2014

အပစ်အခတ်ရပ်စဲရေးသည် အောင်မြင်ခြင်း၊ အရှုံးပေးခြင်းတို့မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲများ ရှောရှောရှူရှူ ဖြစ်ပေါ်နိုင်ရန်သာဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက သြဂုတ် ၁၂ ရက်တွင် ကျရောက်သော ကရင်အမျိုးသားများ၏ ၆၄ နှစ်မြောက် အာဇာနည်နေ့ မိန့်ခွန်းတွင် ပြောသည်။

လွတ်လပ်ခွင့်ကို အကျိုးရှိရှိသုံးဖို့ KNU ပြော





14.8.2014


ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ ယုဒဿန် ခန်းမ၌ သြဂုတ်လ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် ကရင်တိုင်းရင်းသားခေါင်းဆောင်များနှင့် လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖြစ်စဉ် နှီးနှောဖလှယ်ပွဲကို ကျင်းပနေစဉ်။ 

လက်ရှိအစိုးရ၏ လွှတ်လပ်စွာ ပြောရေးဆိုခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်ပြုထားခြင်းကို အကျိုးရှိစွာအသုံးချသင့်သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဝင်များက သြဂုတ် ၁၃ ရက်တွင် ပြောသည်။

၆၄နှစ်မြောက် ကရင့်အာဇာနည်နေ့ ကေအဲန်ယူ တပ်ရင်းတပ်မဟာများ၌ ကျင်းပခဲ့


 



14.8.2014



၂၀၁၄ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့တွင် ကျရောက်သော ၆၄နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့ကို ကရင်အမျိုးသားအ စည်းအရုံး(ကေအဲန်ယူ) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး(ကေအဲန်အယ်လ်အေ) တပ်မဟာ၊ တပ်ရင်းများက ၎င်းတို့၏ ထိန်းချုပ်ဒေသများတွင် အသီးသီး ကျင်းပပြုလုပ်ခဲ့ကြသည်။