31.8.2014
စင်ကာပူနိုင်ငံမှာ ဒီနေ့ကျင်းပတဲ့ မြန်မာ-ထိုင်း-ဖိလစ်ပိုင် သုံးနိုင်ငံ ရိုးရာလက်ဝှေ့ စိန်ခေါ်ထိုးသတ်ပွဲမှာ မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းကို ထိုင်းလက်ဝှေ့သမား ခရွန် ကြောက်ရှုံးနဲ့ အရေးနိမ့်သွားခဲ့တယ်လို့ ပွဲသွား ရောက်ကြည့်ရှုခဲ့သူ တချို့က ပြောပါတယ်။အဲဒါကြောင့် ထွန်းထွန်းမင်းက အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။
လက်ဝှေ့စိန်ခေါ်ပွဲမှာ ပထမတန်း လက်ဝှေ့သမား ထွန်းထွန်းမင်းနဲ့ ဒုတိယတန်း ကစားသမား ထက်အောင်ဦး တို့ဟာ ပြိုင်ဘက်ကစားသမား တွေကို ပွဲချီမပြည့်ခင် အလဲထိုးနဲ့ အနိုင်ရခဲ့တယ်လို့ ပွဲသွားရောက် ကြည့်ရှုသူတွေက ပြောပါတယ်။
မြန်မာလက်ဝှေ့သမား ငါးဦး သွားရောက် ယှဉ်ပြိုင်တာမှာ နှစ်ဦးက အလဲထိုးနဲ့ အနိုင်ရခဲ့ပြီးတော့ ကျန်သုံးဦးကတော့ သရေကျခဲ့ပါတယ်။ ထက်အောင်ဦးက ဖိလစ်ပိုင် လက်ဝှေ့သမားကို ပထမအချီမှာ အလဲထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
စောဖြိုးဝေနဲ့ ဂျနီတို( ဖိလစ်ပိုင်)၊ ကြယ်စင်ဖြိုးနဲ့ ဖက်မွန်ခွန်း(ထိုင်း)၊ ရဲတံခွန်နဲ့ ထိုင်းကစားသမားတို့ ပွဲမှာတော့ ငါးချီပြည့်တဲ့အထိ ထိုးသတ်ကြပြီးတော့ သရေပွဲနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။
The Voice Weekly

No comments:
Post a Comment