address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Wednesday, December 24, 2014

အမိုးတို့နယ်မြေ အေးချမ်းပါစေ၊ ဖိုးခွားတို့ ကရင်ပြည်ကြီးလည်း လွတ်လပ်ပါစေ



24.12.2014

“အော်ဆူလာဆိုက်” “တိုင်းရင်းသား ခေါင်းဆောင်ကြီးများ ကျန်းမာချမ်းသာကြပါစေ” “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်ပါစေ” စသည့် ကရင်ကျေးရွာသူ၊ ကျေးရွာသား ကျောင်းသားကျောင်းသူများ၏ ကြွေးကြော်သံကို လမ်းတစ်လျှောက် ကျွန်တော်တို့ ကြားခဲ့ရပါတယ်။ သူတို့မျက်ဝန်းတွေမှာ မျှော်လင့် ချက်ရောင်နီတွေ သန်းနေလေရဲ့။

Monday, October 20, 2014

ကေအဲန်ယူ ခေါင်းဆောင်ကြီးတွေ သမိုင်းကြောင်းကောင်းကြပါစေ



20.10.2014

ဒီနေ့ကာလဟာ ကေအဲန်ယူအတွက် အရေးကြီးတဲ့ကာလတစ်ခုဖြစ်သလို ကရင်အမျိုးသားတွေအတွက် လည်း အင်မတန် အရေးကြီးပြီး ကေအဲန်ယူဘယ်လိုခြေလှမ်းလှမ်းမလဲဆိုတာ မျက်လုံးဒေါက်ထောက် ကြည့်နေ ပြောနေရမယ့် ကာလလည်း ဖြစ် ပါတယ်။

Sunday, October 19, 2014

ခေါင်းဆောင် သားသမီးတွေ သမိုင်းတရားခံ ဖြစ်ကြတော့မလား



18.10.2014

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ကရင်လက်နက်ကိုင် အဖွဲ့ (၄) ဖွဲ့ တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးပြီး ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေငြာချက်ထဲမှာ သူတို့ (၄) ဖွဲ့ဟာ ကော်သူးလေ တပ်မတော် (KAF) အဖြစ် ပြန်လည် ပေါင်းစည်းဖို့ သဘောတူတယ်၊ ကရင် အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ချမှတ်ထားတဲ့ မူ ၄ ချက် အပေါ် ရပ်တည်သွားမယ်၊

Tuesday, September 23, 2014

ဘယ်သူလဲ ဗိုလ်တိုက်ဂါး



23.9.2014

ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနယ်စပ် မြ၀တီမြို့မှာ ထိုင်းဘက်က ၀င်လာတဲ့ ကုန်ကားတွေကို ရပ်တန့် ပိတ်ဆို့ခဲ့တဲ့ ဗိုလ်တိုက်ဂါး တယောက် နာမည် ကြီးလာပါတယ်။ သူတို့အဖွဲ့ ထိုင်းကုန်ကားတွေကို တားဆီး ပိတ်ဆို့ခဲ့ရတာဟာ ထိုင်းဘက်အခြမ်းမှာ ထိုင်းအာဏာပိုင်တွေက မြန်မာ အလုပ်သမားတွေနဲ့ ခရီးသွားတွေကို အမျိုးမျိုး ငွေညှစ် ဒုက္ခပေးနေတာတွေကို ဖြေရှင်းပေးဖို့ သတိပေးတဲ့ အနေနဲ့ လုပ်ခဲ့ရတာလို့ ဆိုပါတယ်။ ဒီအခါ ထိုင်းအာဏာပိုင်တွေရဲ့ ဒုက္ခပေးမှုကို ခံရတဲ့၊ ထိုင်းအာဏာပိုင်တွေကို မကျေနပ်သူတွေရဲ့ အားပေးလက်ခုပ်သံကိုလည်း ရလိုက်ပါသေးတယ်။

Monday, September 22, 2014

KNU သမိုင်းကို ဖျက်ဆီးကြတော့မှာလား





22.9.2014

၂၀၁၄ခုနှစ်၊ သြဂုတ် ၃၁ရက်နေ့ UNFC ကနေ KNU နှုတ်ထွက်ကြောင်းစာကို KNU ဥက္ကဌ စောမူတူးစေးဖိုး လက်မှတ်ထိုး ပို့လိုက်တယ်လို့ ကြားသိလိုက်ရရင်ပဲ ပြည်တွင်း၊ ပြည်ပ ကရင်တွေအားလုံး စိတ်ထိခိုက်ကြရတယ်။

Thursday, September 18, 2014

ကေအဲန်ယူ ဘယ်လဲ


18.9.2014

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအဲန်အက်ဖ်စီ) အစည်းအဝေး တက်ရောက်နေရာမှ ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာသွားခဲ့ပြီးနောက်တွင် ကေအဲန်ယူသည် ယူအဲန်အက်ဖ်စီအဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းလိုက် ကြောင်း ထုတ်ပြန်ချက် ထွက်လာသောအခါ တိုင်းရင်းသားနိုင်ငံရေးကို စိတ်ဝင်စား လေ့လာလျှက်ရှိသော လူထုများအကြားတွင် အံ့သြတကြီးဖြစ်သွားကြသည်။ စိုးရိမ်မှုများလည်း ရှိကြပုံရသည်။ ယင်းတွင် စာရေးသူလည်း တဦးအပါအ၀င်ပင်။ 

Friday, September 12, 2014

တပ်ပေါင်းစုများသည်လည်း အနတ္တ



12.9.2014

“တပ်ပေါင်းစု” ဆိုတာ ဒူးရင်းသီးနဲ့တူတယ်။

“တပ်ပေါင်းစု” စတင်ဖွဲ့စည်းကာစ၊ စုစည်းကာစဆိုရင် မမှည့်သေးတဲ့ ဒူးရင်းသီးနဲ့တူမှာပေါ့။ မာမာကျစ်ကျစ်၊ ဆူးချွန်ချွန်တွေနဲ့။ ဘုံရန်သူကို ညီညီညွတ်ညွတ် တွန်းလှန်ကြမယ်ဆိုတဲ့သဘော။ ကာလတစ်ခုဖြတ်သန်းသွားပြီးတဲ့အခါ ဒူးရင်းသီးဟာ အခြမ်း လိုက် အက်ကြောင်း၊ ကွဲကြောင်းကြီးတွေ ထင်ထင်ရှားရှားပေါ်လာပြီ၊ အနံ့တွေလည်း ထွက်လာပြီ၊(တချို့က ဒူးရင်းသီးအနံ့ မွှေး တယ်/တချိ့က နံတယ်ပေါ့)။

Tuesday, September 2, 2014

“ ငြိမ်းချမ်းရေးကို မဖျက်ဆီးကြပါနဲ့ ”


2.9.2014

အခုရက်ပိုင်း ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာ သတင်းတစ်ပုဒ် ထွက်ပေါ်လာပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ UNFC ညီလာခံထဲမှာ အကွဲအပြဲ သဘောမတူညီမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ သတင်းပါ။ ညီလာခံ ပြန်စတဲ့ သြဂုတ် ၃၁ ရက်နေ့မှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ KNU ကရင်အမျိုးသား အစည်းအရုံး ညီလာခံ ဆက်မတက်ပဲ ထွက်ခွာသွားခဲ့တာပါ။

Tuesday, August 26, 2014

တန်ခိုးထက်သည့် ဆရာတော်



26.8.2014
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့ အစီအစဉ်ကို လက်မခံရန် ဆုံးဖြတ်လိုက်ခြင်းသည် ကရင်ပြည်နယ်  ငြိမ်းချမ်းရေးအတွက် ဆန္ဒပြင်းပြသည့် ကြည်ညိုဖွယ် ရဟန်းတော်တပါး၏ စွမ်းဆောင်ချက်ဟု အသိအမှတ် ပြုထားကြသည်။

Wednesday, August 6, 2014

ရွှေရည်စိမ် ယုံကြည်မှုနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရနိုင်ပါ့မလား




6.8.2014

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမှာ ဇူလိုင်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ ကျင်းပ ခဲ့တဲ့ တိုင်းရင်းသားထိပ်သီး ခေါင်းဆောင်တွေရဲ့ အစည်းအဝေးတွေမှာ တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ် ဒုတိယမူကြမ်း ရေးဆွဲနိုင်ခဲ့တာမို့ လအနည်းငယ်အတွင်း အစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ အပစ်ရပ်ရေး လက် မှတ် ရေး ထိုးနိုင်မယ့်အခြေအနေတွေ ပေါ်ထွန်းလာပေမယ့် စစ်မှန်ငြိမ်းချမ်းရေး ဖြစ်ပေါ်လာနိုင်တဲ့အထိတော့ အစိုးရနဲ့ တိုင်းရင်းသား တွေကြားမှာ ယုံကြည်မှု မတည်ဆောက်နိုင်သေးဘူးလို့ တိုင်းရင်းသားတွေက ပြောဆိုလိုက်ပါတယ်။

Monday, July 28, 2014

ကရင့်အာဇာနည်နေ့အကြောင်း သိကောင်းစရာ



28.7.2014

မြန်မာနိုင်ငံ၏ အာဇာနည်ခေါင်းဆောင် မည်သူနည်းဟုမေးလျှင် ဗိုလ်ချုပ်အောင်ဆန်းဟု အားလုံးသော မြန်မာပြည်သူများ ဖြေ ကြပါလိမ့်မည်။ အာဇာနည်ဟူသည် တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး အသေခံရဲသူပုဂ္ဂိုလ်များဟု အဓိပ္ပါယ်ဖွင့်ဆိုရ ပေမည်။ တစ်နည်းဆိုရသော် တိုင်းပြည်နှင့်လူမျိုးအတွက် အသေခံရဲသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့အား အာဇာနည်ဟူ၍ အသိ အမှတ်ပြု ခေါ်ဝေါ်ကြခြင်းဖြစ်ပေသည်။

Tuesday, January 14, 2014

ငြိမ်းချမ်းရေးရုပ်လုံး ၈ဝရာခိုင်နှုန်း


14.1.2014

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေး လက်မှတ်ရေးထိုးနိုင်ရန် ၈ဝ ရာခိုင်နှုန်းသေချာသွားပြီဖြစ်ကြောင်း ယခုလ ၅ရက်က နိုင်ငံတော်သမ္မတ နှင့် KNU  ဥက္ကဋ္ဌစောမူတူးစေးဖိုး တို့တွေ့ဆုံမှုအပြီး KNU ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဖဒိုမန်း ငြိမ်းမောင်က တရားဝင်ထုတ်ဖော် ပြောကြားသွားသည်။

Monday, January 13, 2014

" လေးဝါး ၊ ဖားအံ မှသည် နိုင်ငံရေး ဆွေးနွေးပွဲကြီးဆီသို့ "

13.1.2014

၂၀၁၄၊ ဇန်န၀ါရီ ၁၂ နေ့မှာ KNU နဲ့အစိုးရအပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးတာ (၂) နှစ်ပြည့်ပါပြီ။ (၂) နှစ်အတွင်း ပစ်ခတ်မှု မရှိသလောက်ဖြစ်ခဲ့တာ ချီးကျူးအံ့သြဖို့ကောင်းပါတယ်။ ကရင်တော်လှန်ရေး ၆၂ နှစ်ပြည့်တဲ့ ၂၀၁၂ အထိ တောက်လျှောက်တိုက်လာခဲ့ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း (ပြည်နယ် ၂ ခု၊ တိုင်းဒေသကြီး ၂ ခု) မှာ တပ်မတော်နဲ့ တပ်ချင်း ထိစပ်တဲ့ နေရာအများကြီးမှာ ပဋိပက္ခ မဖြစ်ခဲ့တဲ့အတွက် နှစ်ဖက် နိုင်ငံရေးခေါင်းဆောင်တွေ၊ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တွေကို နိုင်ငံသား တစ်ဦးအနေနဲ့ ကျွန်တော် ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောချင်ပါတယ်။

Thursday, January 2, 2014

နားလည်ယုံကြည် စာနာမှုတို့ဖြင့် ထာဝရငြိမ်းချမ်းသည့် လူ့ဘောင်သစ်တစ်ရပ် လက်တွဲ ထူထောင်မည့် ၂၇၅၃ ခုနှစ် ကရင်နှစ်သစ်ကူးနေ့

နှစ်စဉ်ပြာသိုလဆန်း ၁ ရက်ရောက်တိုင်း မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ကရင်တိုင်းရင်းသားများနှင့် အတူ ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး ပျော်ရွှင်စွာ ကျင်းပကြသည်။
ယခုနှစ်တွင် ကရင်သက္ကရာဇ်

Monday, December 30, 2013

ကမ္ဘာကျော် နက္ခတ်ဗေဒပညာရှင် Jonathan Cainer ၏ ၂၀၁၄ ခုနှစ်အတွက် ဟောစာတမ်း

AQUARIUS ကုမ်ရာသီဖွား (ဇန်န၀ါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၁၉ရက်အတွင်း မွေးဖွားသူ)
=================
ကုမ်ရာသီဖွားအတွက် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ထိ ကံကောင်းစေသော နှစ်တွေပဲဖြစ်ပါတယ်။

DKBA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေနှင့် တွေ့ဆုံခြင်း

နန်းလွင်နှင်းပွင့်

ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စများ၊ DKBA ၏အနာဂတ်၊ နယ်မြေအတွင်း

တိုးတက်အောင်မြင်တဲ့ဘဝ

(၁) သင့်ကိုယ်သင် မကောင်းတွေးတာမျိုး... မကောင်းပြောတာမျိုးကို ဘယ်တော့မှမလုပ်နဲ့...

(၂) ဘာသာတရားကိုင်းရှိုင်းပါ... သင့်အတွက် ဘယ်သူကမှမပေးနိုင်တဲ့ ကြံ့ခိုင်မှုနဲ့ စွမ်းအင်သတ္တိတွေကို

ဗုဒ္ဓရုပ်ပွားတော် တစ်ထောင် - အကောက်တောင်သို့

ပြည်တွင်းဘုရားဖူးဧည့်သည်များနှင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ပြည်မြို့ အနီးရှိ အကောက်တောင်ကို အထူးစိတ်ဝင်စား လျက်ရှိပြီး

Sunday, December 29, 2013

မျှော်ကြလေပြီ အကယ်ဒမီ

အနုပညာရှင်များက အောင်မြင်မှု မှတ်တိုင်တစ်ခုအဖြစ် မျှော်လင့်ကြသော အကယ်ဒမီ၊ ပရိသတ်များက ကိုယ်ချစ်ခင် အားပေးသော အနုပညာရှင်များကို အားပေးဖို့နှင့်

စိတ်ဓာတ်မြှင့်တင်ရေး စကားစုများ

အောင်မြင်တဲ့လူတစ်ယောက်ဆိုတာ သူ့ကို ပစ်ပေါက်လိုက်တဲ့ ကျောက်တုံးကျောက်ခဲတွေနဲ့ အခိုင်အမာအုတ်မြစ်တစ်ခုတည်ဆောက်နိုင်တဲ့သူမျိုး...
David Brinkley