9.2.2015
ထိုင်းစစ်ဘက်သည် ပြီးခဲ့ သည့် မေလက အစိုးရအာဏာကို သိမ်းယူလိုက်ပြီး မစ္စစ်ယင်လပ်၏ အစိုးရအား ချည့်နဲ့သွားစေသော ဘန်ကောက်မြို့ လမ်းမများ ပေါ် တွင် လပေါင်းများစွာ ဆန္ဒပြမှုများကို အဆုံးသတ်စေခဲ့သည်။
ထိုင်းအစိုးရသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မစ္စစ်ယင် လပ် နိုင်ငံရေး တွင် ငါးနှစ်ကြာ မပါဝင်ရန် ပိတ်ပင်ခဲ့သည်။
ထို့အပြင် အစိုးရအား ကန် ဒေါ်လာ ဘီလီယံများစွာ ကုန်ကျ စေသော နိုင်ငံ တော် ဆန်စပါးဝယ်ယူရေး အစီအစဉ်တွင် ပါဝင်ပတ်သက်မှုအတွက် ရာဇဝတ် မှုစွဲချက်များဖြင့် တရားစွဲဆိုထားသည်။
ဖေဖော်ဝါရီ ၁၉ ရက်တွင် ရှေ့နေချုပ်က တရားရုံးချုပ်၌ ဆင့်ခေါ်စာတစ်ရပ် တင်သွင်းမည် ဖြစ်ရာ ယင်းနေ့တွင် မစ္စစ်ယင် လပ် တက်ရောက်ရန် အလိုရှိ သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိ သူ ဆွန်ဆန်ကေကွန်နတ်က ပြောသည်။
နိုင်ငံရပ်ခြားသို့ ဖေဖော်ဝါရီ ၈ ရက်မှ ၂၂ ရက်အထိ အလည်အပတ်ခရီးသွားရန် မစ္စစ်ယင်လပ်က တောင်းဆိုခဲ့သည်။
Ref: AFP
7Day Daily

No comments:
Post a Comment