address
Thursday, May 8, 2014
ဘာသာမဲ့ ကသည်းလူမျိုး ရွာလုံးကျွတ် ဗုဒ္ဓသာဘာသို့ ဝင်ရောက်
ရန်ကုန်၊ အလိုတော်ပြည့်ဘုန်းတော်ကြီး ကျောင်းတွင် ကသည်းလူမျိုးများ ရွာလုံး ကျွတ် ဗုဒ္ဓဘာသာထဲသို့ ဝင်ရောက်ခဲ့ ကြောင်း မောင်တောမြို့အရေးပေါ် နာ ရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်
မြန်မာ့စာတိုက်လုပ်ငန်း အဆင့်မြှင့်ခြင်း ကူညီရန် ဂျပန်ပညာရှင်များ ယခုလအတွင်း လာရောက်မည်
မြန်မာ့စာတိုက်လုပ်ငန်း နည်းပညာနှင့် နည်းစနစ်များ အကူအညီ ပေးနိုင်ရန် ဂျပန်စာတိုက် လုပ်ငန်းမှ ကျွမ်းကျင် ပညာရှင်များ မေလအတွင်း မြန်မာနိုင်ငံသို့ လာရောက် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း
KNU ဒုဥက္ကဋ္ဌ နဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း
ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်ဟာ၊ ရန်ကုန်မြို့ ယုဒသန်ခန်းမမှာ ကရင်လူထုနဲ့ တွေ့ဆုံပွဲ လုပ်အပြီး၊ ဘီဘီစီကို သီးသန့်ပေးတဲ့ အင်တာဗျူးမှာ အခု ခရီးစဉ် အတွင်း၊ ပြည်တွင်း ကရင်လူထု လိုလားတဲ့ စစ်မှန်တဲ့
သစ်ခိုးမှုများ စစ်တပ်ဖြင့်ပါ ဖမ်းဆီးနေရ
တရုတ်နိုင်ငံသို့ ထွက်နိုင်သော လမ်းကြောင်းများရှိရာ တိုင်းနှင့်ပြည်နယ်လေးခုတွင် သစ်ခိုးထုတ်မှုများပြားလာသည့်အတွက် သစ်တောဦးစီးဌာနက ရဲတပ်ရင်းများနှင့် စစ်တပ်အကူအညီများ
" ဆုပန်ထွာ၏ ပရိသတ်သို့အသိပေးစာ "
အခု ဆိုလျှင် ကိုဥက္ကာကျော်က သတင်းစာထဲမှာ ပြန်လည် ရှင်းလင်း ထားပြီး ဖြစ်သည့် အတွက် ပန်ပန်နဲ့ ကိုဥက္ကာကျော် ကို ပရိသတ်တွေ နားလည်လိမ့်မယ် လို့ ပန်ပန်တို့ ယုံကြည်ကြပါတယ်။
ကော်မတီအတွင်း သဘောကွဲနေသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနည်းလမ်း နှစ်ပတ်အတွင်း အပြီးညှိမည်
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပြန်လည်မစတင်မီ နှစ်ပတ်အလို မေ ၁၅ ရက်မှစ၍ ကော်မတီအတွင်း သဘောကွဲနေသည့် ၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေ
မတ္တရာတွင် ရဲအင်အား ၁၀၀ ဝန်းကျင် ချထားသည့် တပ်သိမ်းမြေ၌ မူလပိုင်ရှင်များ ပျိုးဝင်ကြဲ
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ရေနံ့သာ ကျေးရွာအုပ်စု သပြေသာ ကျေးရွာကွင်းတွင် တပ်မတော်က သိမ်းယူခဲ့သည့် လယ်ယာမြေများပေါ်တွင် မူလပိုင်ရှင်များက မေလ ၇ ရက်နေ့တွင်
ထီးတန်း အေးရှားဝေါလ် ဆိပ်ကမ်းတွင် လူနှစ်ဦး ကွန်တိန်နာပိ သေဆုံး
ကြည့်မြင်တိုင်မြို့နယ် ထီးတန်းရပ်ကွက် ထီးတန်းဆိပ်ကမ်းရှိ အေးရှားဝေါလ် ကွန်တိန်နာဝင်းတွင် မေလ ၇ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်က ကွန်တိန်နာ ပုံးများအကြား အိပ်ပျော်နေသူ အမျိုးသားနှစ်ဦးမှာ
Tuesday, May 6, 2014
ထူးအယ်လင်း နဲ့ လက်ထပ် ဖို့ အချိန် က စကား ပြောပါ လိမ့်မယ် ဆိုတဲ့ Caroline
အနုပညာ လောက တွင် သရုပ်ဆောင် ၊ ဂီတ ၊ မော်ဒယ် အလုပ် သုံးခု ကို မျှတ စွာ လုပ်ဆောင် နေ တဲ့ Caroline ရဲ့ အချစ်ရေး ကို ပရိသတ် က စိတ်ဝင်စား လျှက် ရှိပါ တယ် ။
၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် ကရင်အမျိုးသား အားလုံးသာမက တိုင်းရင်းသားအားလုံး ပါဝင်ရန် လိုအပ်ကြောင်း ကေအင်န်ယူ ပြောကြား
မေ ၅ ရက်က မြောင်းမြမြို့တွင် ကရင်လူထုနှင့် ကေအင်န်ယူတို့ တွေ့ဆုံပွဲကို တွေ့ရစဉ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အခက်အခဲဖြစ်နေကာ
သုဝဏ္ဏ ပဲကြော်တန်းလမ်း လူသတ်မှု ကိုးရက်ကြာသည်အထိ မမိသေး
သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ (င။က)ရပ်ကွက် သာယာကုန်း (၂) လမ်းရှိ ပဲကြော်တန်း လမ်းထိပ်တွင် ဧပြီလ ၂၆ ရက် ည ၈ နာရီခန့်က ဖြစ်ပွားခဲ့သော လူသတ်မှုမှ ထွက်ပြေး တိမ်းရှောင်နေသူ အသက် ၂၆ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သုဝဏ္ဏ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။
Saturday, May 3, 2014
မွန်လူငယ်ညီလာခံ နောက်ဆုံးနေ့
3.5.2014
လူငယ်တွေ နိုင်ငံရေးမှာ ပါဝင်လာဖို့နဲ့ မူးယစ်ဆေးဝါး သုံးစွဲတာတွေကို ဟန့်တားတိုက်ဖျက်ဖို့ မွန်လူငယ် ၅ဝဝ ကျော်က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပနေတဲ့ မွန်လူငယ်ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည်သုံးသပ်ပြီး ဒီကနေ့ညနေမှာ ကြေညာချက်တစ်စောင် ထုတ်ပြန်မှာဖြစ်ပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့ တောင်ပေါ်လမ်းက သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းမှာ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က စတင်ကျင်းပနေတဲ့ မွန်လူငယ်ညီလာခံမှာ မွန်လူငယ်နဲ့ မွန်အမျိုးသားနိုင်ငံရေး၊ လူငယ်နဲ့ ပညာရေး၊ လူငယ်နဲ့ မူးယစ်ဆေးဝါး၊ လူငယ်နဲ့ စာပေယဉ်ကျေးမှု၊ လူငယ်နဲ့ သဘာဝပတ်ဝန်းကျင် စတဲ့ခေါင်းစဉ်တွေနဲ့ ဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။
RFA
တစ်လအတွင်း စည်းကမ်းမဲ့ပြိုင်ကား ၄၀ ကျော်အရေးယူ
3.5.2014
ရန်ကုန်မြို့စည်ပင်သာယာ နယ်နိမိတ်အတွင်း အရှိန်လွန် မောင်းနှင်သည့် စည်းကမ်းမဲ့ ပြိုင်ကား ၄၀ ကျော်ကို တစ်လအတွင်း အရေးယူမှု ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
‘‘တစ်လအတွင်း အစီးရေ ၄၃ စီးဖမ်းဆီးနိုင်ခဲ့တယ်။ အရှိန်လွန်မောင်းတာအပြင် နံပါတ်ပြား မပါတာတွေ၊ သတ်မှတ်ချက်ထက် ကျော်လွန်တဲ့ အဆင်တန်ဆာတွေ တပ်ဆင်ထားတဲ့ အတွက် အရေးယူတာပါ’’ဟု အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောသည်။
စည်းကမ်းမဲ့ပြိုင်ကားများကို စောင့်ဆိုင်းဖမ်းဆီးရန် ရန်ကုန်မြို့ ရှိ နေရာ ၁၀ နေရာအားထပ်မံ တိုးချဲ့ပြီးနောက်ပိုင်းတွင် ပထမ ဆုံးအကြိမ်အဖြစ် တစ်လအတွင်း အစီးရေ ၄၀ ကျော်ဖမ်းဆီးအ ရေးယူခဲ့ခြင်းဖြစ်သည်။
SEA Games တွင် မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်း လေးမျိုး ပါဝင်ခွင့်ရ
3.5.2014
စင်ကာပူနိုင်ငံတွင် ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့် (၂၈) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်း လေးမျိုး ပါဝင်ခွင့်ရခဲ့ကြောင်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်၊ အတွင်းရေးမှူး-၂ ဦးကိုကိုအောင်က ပြောကြားသည်။
Thursday, May 1, 2014
မိကရင်ဘိလပ်မြေစက်ရုံကိစ္စ ဒေသခံဆန္ဒအဓိကဟု ကေအဲန်ယူခရိုင်အဆင့် ပြောဆို
1.5.2014
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မိကရင်ကျေးရွာအနီး၌ရှိသော ကော့ဖျန်တောင်ကို Myanmar Ji Dong Cement ကုမ္ပဏီ လီမိ တက်မှ ဘိလပ်မြေစက်ရုံ တည်ဆောက်ရန်မှာ ဒေသခံများ၏ ဆန္ဒသာ အဓိကဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) သထုံခရိုင်က ဧပြီ ၂၈ရက်နေ့တွင် ဒေသခံများနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။
DKBA နောက်လိုက်ပါသွားသည့် သမီးကလေးရွာသားများ အဆင်မပြေ သဖြင့် နေရပ်သို့ပြန်
1.5.2014
ယခုနှစ် ဧပြီ ၂ရက်နေ့က DKBA အဖွဲ့မှ သမီးကလေး ကျေးရွာရှိ အိမ်ထောင်စု ၈၂ စုနှင့် လူဦးရေနှစ်ရာ ကျော် ကို ကရင်တိုင်းရင်းသား အချင်းချင်း အကူအညီပေးမည် ဟု ဆိုကာ ခေါ်ဆောင်သွားခဲ့ပြီး ယခုအခါ ၎င်းနေရာတွင် နေရေးထိုင်ရေး အဆင်မပြေသဖြင့် တချို့မိသားစု များ ပြည်ခိုင်ဖြိုးပါတီမှစီစဉ်ပေးသည့်နေရာသို့ ပြန်လည်ရောက် ရှိလာ ကြကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရသည်။
ကေအဲန်ယူ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် လူထုတွေ့ဆုံပွဲ ခရီးစဉ်စတင်
1.5.2014
မြန်မာပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ကရင်လူထုများနှင့် တွေ့ဆုံရန် ကရင်အမျိုးသားအစည်း အရုံး(ကေအဲန်ယူ) ဒု-ဥက္ကဌ ပဒိုနော်စီဖိုးရာစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဧပြီလ ၃၀ရက်နေ့၌ ထိုင်း-မြန်မာ နယ်စပ်မှ ရန်ကုန်သို့ ခရီးစဉ် စတင်လိုက်ကြောင်း သိရသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးအတွက် “ဝ”၊ မိုင်းလားအဖွဲ့တို့နှင့် KNU ဆက်တိုက်တွေ့
1.5.2014
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် နောက်ဆက် တွဲ နိုင်ငံရေး ဆွေးနွေး ပွဲများ အတွက် တိုင်းရင်းသားလက်နက်ကိုင် အင်အားကြီး အဖွဲ့များဖြစ်သော “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ ရှမ်းပြည်နယ် အထူးဒေသ (၄) မိုင်းလားအဖွဲ့တို့နှင့် ကရင်အမျိုးသား အစည်းအရုံး KNU က ဆက်တိုက် တွေ့ဆုံခဲ့ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။
လစ်လပ်နေသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ရွေးချယ်
1.5.2014
၁၉၉၀ ရွေးကောက်ပွဲ ဝင်ခဲ့သော တိုင်းရင်းသား စည်လုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းရီ သေဆုံးသွားခြင်းကြောင့် လစ်လပ်လျက် ရှိသည့် ပါတီဥက္ကဋ္ဌ တာဝန်ကို အဆိုပါ ပါတီ၏ အထွေအထွေ အတွင်းရေးမှူး ဦးသန်းတင်အား ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ယနေ့ ရွေးချယ် ခန့်အပ်လိုက်ကြောင်း တ.စ.ည ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်သန်းက ပြောကြားသည်။
စင်ကာပူ SEA Games အားကစားနည်း ၃၆နည်းဖြင့် ကျင်းပမည်ဟု အတည်ပြု
1.5.2014
စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် (၂၈) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အားကစားနည်း ၃၆ မျိုးဖြင့် ကျင်းပမည် ဖြစ်ကြောင်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ကော်မတီက ဧပြီလ ၃၀ ရက်နေ့က အတည်ပြု ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
Subscribe to:
Posts (Atom)





