address
Friday, June 6, 2014
မြန်မာ-ဘင်္ဂလားဒေ့်ရှ် နယ်စပ်တွင် အလံတင်ဆွေးနွေးပွဲ ပြန်လုပ်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တပ်မှူးအဆင့် အလံ တင်ဆွေးနွေးပွဲကို ဇွန်လ ၅ ရက် က ကျင်းပရာ နယ်စပ်ဒေသတွင် သောင်းကျန်သူများ ရှိနေသည့် ကိစ္စကို မြန်မာဘက်မှ အဓိက ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။
ကေအဲန်ယူ နှင့် လွှတ်တော်နာယက သူရဦးရွှေမန်း ပထမဦးဆုံးအကြိမ်တွေ့ဆုံ
ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအတွက် အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် ဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိ နေသည့် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး
ကရင်လက်နက်ကိုင်အဖွဲ့များ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်သွားမည်ဟု ကေအဲန်ယူ ပြော
ကရင်လက်နက်ကိုင်အဖွဲ့များပူးပေါင်းပြီး မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များကို အတူတကွ ပူးပေါင်းတိုက်ဖျက်သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ပြည်ထဲရေးနှင့်
မြန်မာ-တရုတ် နယ်ခြားမှတ်တိုင် ပြဿနာ ပြေလည်စွာ ညှိနှိုင်းမည်ဟု ဦးရဲထွဋ် ပြောကြား
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်တွင် နယ်ခြားမှတ်တိုင် သတ်မှတ်ရာ၌ ဒေသခံများအကြား အငြင်းပွားမှု ဖြစ်နေသော ပြဿနာကို တရုတ်အစိုးရနှင့် ပြေလည်စွာ ညှိနှိုင်းသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
Thursday, June 5, 2014
ထိုင်းစစ်တပ်အာဏာသိမ်းပြီးနောက် မဲဆောက်တွင် ပထမဆုံးအကြိမ် တရားမ၀င်အလုပ်သမားများကို ဖမ်းဆီး
ထိုင်းနိုင်ငံတွင် မေ ၂၂ ရက်နေ့က ထိုင်းစစ်အာဏာ သိမ်းယူပြီးနောက်ပိုင်း မဲဆောက်မြို့တွင် တရားမ၀င် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ဇွန်လ ၃ ရက်နေ့မှစ၍ စစ်တပ်အာဏာပိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ဖဒိုမန်းငြိမ်းမောင်က သမ္မတ ဦးသိန်းစိန်ကို နောက်ထပ်သက်တမ်း ထမ်းဆောင်စေလို
ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌအပါအ၀င် ဗဟိုကော်မတီဝင် များနှင့် နိုင်ငံတော်သမ္မတတို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတကြီးအား ဒုတိယ သက်တမ်းကို ဆက်လက်ထမ်းဆောင်ရန် အကြံပြုခဲ့ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကပြောသည်။
Wednesday, June 4, 2014
KNU ကိုယ်စားလှယ်အဖွဲ့ တပ်ချုပ်နဲ့တွေ့မည်
ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ ဗဟိုကော်မတီအဖွဲ့ဟာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်နာယကတို့နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ် ရလဒ်များအပေါ် KNU ခေါင်းဆောင်များက ပြန်လည်သုံးသပ်
ကရင်အမျိုးသားအစည်းအရုံး(KNU)က လက်ရှိ ဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်သည့် ဆွေးနွေးမှုတစ်ခုကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဇွန်လ ၁ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာပေယဉ်ကျေးမှုလုပ်ငန်း လုပ်ဆောင်သွားရန် ကရင်ရဟန်းအသင်းကို ကေအဲန်ယူ တိုက်တွန်း
ကရင်အမျိုးသားများရဲ့ စာပေယဉ်ကျေးမှုလုပ်ငန်းကို ဖေးမဦးဆောင် လုပ်ဆောင်သွားကြရန် ကရင်အမျိုး သားရဟန်းတော်အသင်းအား ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ပြည်ထဲရေးနှင့် သာသနာရေး
Tuesday, June 3, 2014
ကရင်လက်နက်ကိုင် တစ်ဖွဲ့တည်းဖြစ်ရန် ကရင်လူထုများ လက်မှတ်ထိုးတောင်းဆို
ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စုစုစည်းစည်း ပြန်လည်ပေါင်းစည်းကာ တစ်ဖွဲ့တည်းသော ကရင်လက်နက်ကိုင် အဖွဲ့အဖြစ် လိုလားသည်ဟု ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းရှိ
စစ်ပြယုဂ်နဲ့ အနာဂတ်မဲ့ သစ္စာအေးမြိုင်
ကရင်ပြည်နယ်ရဲ့ မြို့တော် ဖားအံမြို့မြောက်ဘက်ကနေ ကားနဲ့ ၂နာရီကျော်ကြာ ခရီးရှိတဲ့ လှိုင်းဘွဲမြို့နယ် မအဲ့ကျေးရွာအုပ်စု၊ တောင်ဆုံးတောင်ခြေအောက်မှာရှိတဲ့ သစ္စာအေးမြိုင် စစ်မှုထမ်းဟောင်း အိမ်ရာလေး ဖြစ်ပါတယ်။ ကရင်တိုင်းရင်းသား အများစု ပါဝင်တဲ့ ယခင် ဒီကေဘီအေ တပ်ဖွဲ့ဝင်ဟောင်းမိသားစုတွေ၊ စစ်ပွဲကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူတွေ သီးသန့်နေထိုင် ရာ နေရာလေးတစ်ခုဖြစ်တဲ့ ဒီကေဘီအေ စစ်မှုထမ်းဟောင်း အိမ်ရာလေးတစ်ခုပဲ ဖြစ်ပါတယ်။
ကရင်အမျိုးသားစည်းလုံးညီညွှတ်မှု နှီးနှောဖလှယ်ပွဲနဲ့ သူတို့အမြင်
စည်းလုံးညီညွှတ်မှုက ကရင့်လူအဖွဲ့အစည်းက အမျိုးမျိုးဖြစ်နေတာကိုး။ မျိုးနွယ်စုအရလည်းကွဲ။ ဘာသာရေးအရလည်းကွဲ။ ဒေသအရလည်းကွဲနေတော့ ခပ်မြန်မြန်စုနိုင်ဖို့ ခက်ခဲပါသေးတယ်။
Monday, June 2, 2014
မြန်မာနဲ့ ဆက်ဆံရေး တိုးတက်လိုကြောင်း ဘင်္ဂလားဒေ့ရှ် ပြောဆို
မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လိုတဲ့ ဆန္ဒ ရှိနေဆဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။
အမျိုးသားရည်မှန်းချက်အတွက် အလွှာစုံ ကရင်လူမျိုးများ ညီညွှတ်စွာ လုပ်ဆောင်ရန်ဆုံးဖြတ်
စည်းလုံးရေးကို အခြေခံသော ကရင်အမျိုးသား ရည်မှန်းချက်ပန်းတိုင် ရောက်ရှိစေရန်အတွက် ပြည်တွင်းပြည်ပရှိ အလွှာစုံ ကရင်အမျိုးသားများ ညီညွတ်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
Sunday, June 1, 2014
အပစ်အခတ်ရပ်စဲရေးကို အချိန်သတ်မှတ်ထားရန်လိုကြောင်း မန်းရောဘတ်ဘဇန် ပြောဆို
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)အနေဖြင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရာတွင် အချိန်ကာလ သတ်မှတ်ထားရန် လိုအပ်ကြောင်း ကေအဲန်ယူ ဥက္ကဌဟောင်း မန်းဘဇန်၏ သားလည်းဖြစ်၊ အမေရိကန်နိုင်ငံ ရောက် မီနီဆိုးတား ကရင်ကွန်မြူနီတီ နာယကလည်းဖြစ်သူ မန်းရောဘတ် ဘဇန်က ပြောဆိုလိုက်သည်။
ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာ မြန်မာမမှားဟု သမ္မတရုံး တာဝန်ရှိသူပြော
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တိုက်ခိုက်မှုများတွင် မြန် မာလုံခြုံရေး တပ်ဖွဲ့နှင့် တပ်မ တော်မှာ လုံးဝ မအမှားအယွင်း မရှိခဲ့ဘဲ မိမိပိုင်နက်ကို လက်နက် ကိုင်တပ်ဖွဲ့များ ကျူးကျော်လာ ခြင်းကြောင့် ပစ်ခတ်ခဲ့ခြင်းသာ ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို အ ထိအခိုက်မခံလိုသည့် မြန်မာနိုင်ငံ
မိတ္ထီလာရှိ ဗိုလ်မှူးဟောင်းတစ်ဦးနေအိမ် ပုဏ္ဏကတိုက်နေသည်ဟု နာမည်ကြီးနေ
မိတ္ထီလာမြို့ ပြည်သာ ယာရပ်ကွက်ရှိ ဗိုလ်မှူးဟောင်း တစ်ဦးနေအိမ်တွင် အကြောင်း ရင်းမသိရသော အလိုအလျောက် မီးထတောက်မှုများ (၁၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ပုဏ္ဏကတိုက်သည်ဟု မြို့ခံများအကြား ကောလာဟလ ထွက်နေကြောင်း သတင်းရရှိ သည်။
ဒေါ်အောင်ဆန်းစုကြည်အား သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီသာ သတိပေးခြင်းဖြစ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တုံ့ပြန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား သတိပေးစာ ပေးပို့ခဲ့ခြင်းသည် သတ်မှတ်ပြဌာန်းထားသည့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင် ကThe Daily Eleven ကို ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ မေ ၁၈ ရက်က မန္တလေးမြို့၌ ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် စပ်လျဉ်း၍ ပြောကြားချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားသည့်ဘောင်ကို ကျော်လွန်နေသည်ဟုဆိုကာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြဌာန်းချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၄)ပါ လွှတ်တော်ကိုယ်စားလှယ် ကတိသစ္စာပြုခြင်းတို့အား ရည်ညွှန်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေ ၂၂ ရက်တွင် သတိပေးစာ ပေးပို့ခဲ့သည်။
သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောမှုများသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားသည့်ဘောင် ကျော်လွန်နေပါက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကသာ ပြောကြားရမည့် ကိစ္စဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြောကြားခွင့်မရှိသည့် ကိစ္စအား တပ်မတော်ကို ထိခိုက်လာနိုင်သဖြင့် ဝင်ရောက်ပြောဆိုခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ဥပဒေပညာရှင်များက သုံးသပ်ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးပါတီဝင်တစ်ဦးဖြစ်သည့်အပြင် ပါတီခေါင်းဆောင်တစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်၌ ပုဂ္ဂလိက တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ ထိခိုက်စေမည့်စကားများ မပြောဆိုရဆိုသည့် ဥပဒေပြဌာန်းချက် အား လေးစားလိုက်နာပါမည်ဟု လက်မှတ်ရေးထိုးထားကြောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်၍ အသုံးအနှုန်းသည် ငြိစွန်းထိခိုက်နိုင်သဖြင့် သတိပေးခြင်းဖြစ်ကြောင်း ဦးသောင်းလှိုင်က ပြောကြားသည်။
“သူဟာ နိုင်ငံရေးပါတီခေါင်းဆောင်ဖြစ်သလို ပါတီဝင်တစ်ဦးလည်း ဖြစ်တဲ့အတွက် ပါတီတွေနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်က ကော်မရှင်ဥပဒေထဲမှာ ရှိပါတယ်။ ပုဒ်မ ၁ဝ (ဌ)မှာပါ။ နိုင်ငံရေးပါတီများကို ကျွန်တော်တို့ က မှတ်ပုံတင်ခွင့် ပြုရမယ်။ ပြီးရင် သူတို့ကို ကြီးကြပ်ရမယ်။ ကြီးကြပ်စေရမယ်။ ကြီးကြပ်တယ်။ ကြီးကြပ်စေရမယ်ဆိုတာတော့ အသားလွတ်ကြီး ကြီးကြပ်လို့ မရပါဘူး။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် အညီဆောင်ရွက်စေ၍ ကြီးကြပ်တာပဲ။ ဥပဒေမှာ သူတို့က ဒီလို ဒီလို လိုက်နာပါမယ်လို့ ပြောပြီးတော့ သူက ဒီလိုဒီလိုပြောဆိုခြင်းသည် ကျွန်တော်တို့က သူ့ကို သတိပေးဖို့။ အသိပေးဖို့ လိုအပ်တယ်။ အခြားပါတီတွေကိုလည်း ကျွန်တော်တို့ သတိပေးထားတာ။ အသိပေးထားတာ ရှိပါတယ်။ ဒါ သူတို့တစ်ယောက်တည်းကို ရည်ညွှန်းပြီး ဆောင်ရွက်တာ မဟုတ်ဘူး။ အဲဒီအတွက် ကျွန်တော်တို့မှာ သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ အသိပေးရမယ်။ သတိပေးရမှာရှိတဲ့အတွက် ကျွန်တော်တို့က အသိပေးခြင်း သတိပေးခြင်း ဖြစ်တယ်”ဟု ဦးသောင်းလှိုင်က ဆိုသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မလုပ်ဆောင်ရန် ရွေးကောက်ပွဲကော်မရှင်က တားမြစ်သည့်စကားလုံး တစ်လုံးမှမပါဝင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်း လွတ်လပ်စွာပြောဆို စည်းရုံးခွင့်ရှိသည့် ပြဌာန်းချက် ပါဝင်သော်လည်း အဖွဲ့အစည်းများအား မထိခိုက်ရဟု တားမြစ်ချက်မျိုး ပါဝင်ကြောင်း ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဆက်လက်ပြောကြားသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒါလေးပါတယ်။ ဒါလေးပေါ်မှာပါတဲ့ ဒီအဖွဲ့အစည်းတွေပေါ်မှာ ဒီလိုပြောနေတဲ့ ကိစ္စလေးတွေ ရှိတယ်။ ဒါလေးတွေ သတိထားပြီးဆောင်ရွက်ပေးပါ။ ဒါကို ပြောတာလေ။ ဥပဒေကြီးကို ခင်ဗျားတို့ ဘောင်ကျော်နေတယ်လို့ ပြောတာမဟုတ်ဘူးလေ။ စာက အရှည်ကြီးရေးထားတဲ့အပေါ်မှာ ရှေ့ကစာလုံးလေး နှစ်လုံးသုံးလုံးလောက်ယူပြီး ဒီလောက်ပဲ။ ချိတ်လိုက်တော့ အကြီးကြီးဖြစ်သွားတာပေါ့”ဟု ဦးသောင်းလှိုင်က ပြောကြားသည်။
ထိုကဲ့သို့ ရွေးကောက်ပွဲကော်မရှင်၏ သတိပေးစာနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကော်မရှင်သို့ အကြောင်းပြန်စာ (သို့) ကြေညာချက် ထုတ်ပြန်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
“ကျွန်တော်တစ်ခုပြောနိုင်တာက ဖွဲ့စည်းပုံဥပဒေက ခွင့်ပြုတဲ့ဘောင်ကို ကျော်တယ်လို့ပြောတာ။ အဲဒါ ဥပဒေနဲ့မညီဘူးဗျ။ ဒီပြောတာကိုက မညီဘူး။ ဥပဒေဘောင် ကျော် မကျော်ဆိုတာ ကျွန်တော်တို့လည်း ပြောနိုင်တာမဟုတ်ဘူး။ ပါလီမန်ကလည်း ပြောနိုင်တာ မဟုတ်ဘူး။ ဖွဲ့စည်းပုံခုံရုံးကသာ ပြောရမယ့်ဟာ။ သူ့မှာသာ တာဝန်ရှိတယ်။ အဲဒီတာဝန်ရှိတာကို ဒီဘက်က ရွေးကောက်ပွဲကော်မရှင်က ပြောတာဟာ ဥပဒေအရ မှားတယ်လို့ အန်ကယ်တို့က ဒီလိုပဲမြင်တယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြော ကြားသည်။
Eleven Media Group
Subscribe to:
Posts (Atom)












