address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, September 9, 2014

မြ၀တီမြို့တွင် မြေနေရာကိစ္စရပ်အတွက် သေနတ်ပစ်ဖောက်မှုဖြစ်


 

9.9.2014

 ကရင်ပြည်နယ် မြ၀တီမြို့မှာ အစိုးရတပ်နဲ့ နယ်မြေခံ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေပီစီ) တပ်ဖွဲ့ဝင်တွေအကြား  မြေနေရာကိစ္စ အငြင်းပွားရာကနေ သေနတ်ပစ်ဖောက်မှု ဖြစ်ပွားခဲ့ပါတယ်။

အဖွဲ့ခွဲ တည်ထောင်တဲ့ ရဲဘော် နှစ်ဦး ABSDF က ထုတ်ပယ်


 9.9.2014

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ကနေ ခွဲထွက်ပြီး သီးခြားအဖွဲ့တွေ တည်ထောင် တဲ့ ရဲဘော်တချို့ကို ABSDF ဗဟို စစ်ကော်မရှင်က စက်တင်ဘာ ၅ ရက်နေ့နဲ့ ၇ ရက်နေ့မှာ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာ လိုက်ပါတယ်။

နိုင်ငံကူးလက်မှတ်မှောင်ခိုဂိုဏ်း ဘန်ကောက်မှာ ဖမ်းမိ





9.9.2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပတ်စ်ပို့ အတုတွေ ရောင်း နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထိုင်း အမျိုးသမီး ၂ ဦးနဲ့ ပါကစ္စတန် အမျိုးသား ၂ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်ပါတယ်။ 

ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကြရန် သြစတြေးလျားရောက် ကရင်များကို ၀ါရင့်ကရင်အနုပညာရှင် စောကျော်လိုက်သိန့် တိုက်တွန်း




9.9.2014

သြစတြေးလျားနိုင်ငံရောက် ကရင်များအနေနဲ့ မိမိရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကြရန် စက်တင်ဘာ ၆ရက်နေ့၊ နယူးဆောက်သ်ဝေးပြည်နယ် ဆစ်ဒနီမြို့ Lidcombe ရပ်ကွက်၊ Ukarainian Hall ၌ ကျင်းပ သော Karen Triangle Music Band ဖျော်ဖြေပွဲတွင် ၀ါရင့်ကရင်အနု ပညာရှင် စောကျော်လိုက်သိန့်က တိုက်တွန်းပြောကြားခဲ့သည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး KNU ပူးပေါင်းလုပ်ကိုင်မည်





9.9.2014

ကရင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အစိုးရအဖွဲ့ အစည်းတွေနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ ပူးပေါင်းလုပ်ကိုင်သွားဖို့ စီစဉ်နေ ကြပါတယ်။

ထိုင်းရှိ လုပ်သားများအား အထောက်အထား ထုတ်ပေးနေသော်လည်း မြန်မာဘက်မှ နိုင်ငံသားစိစစ်မှု ကြန့်ကြာနေ



9.9.2014

ထိုင်းရှိ တရားမဝင် လုပ်သားများကို ဒဏ် ငွေဆောင်စေပြီး အထောက်အထားထုတ်ပေး နေသော်လည်း အစိုးရဘက်မှ နိုင်ငံသား စိစစ် ပေးရာတွင် ကြန့်ကြာနေကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖားအံမြို့၌ သတင်းထောက်တစ်ဦး တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်





9.9.2014

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သတင်းထောက်တစ်ဦးဖြစ်သည့် မြန်မာပို့စ် သတင်းထောက် ဦးဇော်ရဲထက် ဆိုသူသည် ယနေ့မနက် ၉ နာရီမှ ၁၁ နာရီအထိ မီဒီယာလွတ်လပ်ခွင့်အတွက် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။

MPT ဆင်းမ်ကတ်တွေ ရဦးမှာလား၊ မရတော့ဘူးလား


9.9.2014


မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၁၅၀၀ တန် ဆင်းမ်ကတ်တွေကို အကန့်အသတ်မရှိ ရောင်းပေးမယ်လို့ ပြောထားပေမယ့်လည်း နှစ်ရက်သာ ရောင်းပေးပြီး သီတင်းတစ်ပတ်ခန့် ကြာတဲ့အထိ ထပ်ရောင်းပေးဖို့ ဆင်းမ်ကတ်တွေ မရသေးဘူးလို့ သိရပါတယ်။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှု ထူးခြားမှု မရှိသေး၊ အစိုးရက စစ်ဆေးမည် ဆိုသည့် သတင်းများ မမှန်ဟုဆို



  
9.9.2014

လွန်ခဲ့သော တစ်လခန့်မှ စတင်ကာ ပြည်သူများအကြားတွင် ဟိုလေးတကျော်ကျော် ဖြစ်ခဲ့သော ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေမှုမှာ သတ်မှတ်ရက်ထက် ၁၂ ရက် ပိုပြီး ရှာဖွေနေသည့်တိုင် ထပ်မံထူးခြားမှု မရှိသေးကြောင်း အဆိုပါ ခေါင်းလောင်း ရှာဖွေရေး အဖွဲ့ဝင်များထံမှ စက်တင်ဘာလ ၇ ရက်နေ့တွင် စုံစမ်းသိရှိရသည်။

မြန်မာနှင့်အင်ဒိုနီးရှား ယူ၁၉ အသင်းတို့ ဒီနေ့ညနေ ယှဉ်ပြိုင်မည်




9.9.2014

၂၀၁၄ အာဆီယံ ယူ ၁၉ ပြိုင်ပွဲ (AFF Notifood U19 Cup 2014) ဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ဗီယက်နမ်နိုင်ငံ My Dinh အားကစားကွင်းမှာ ဗီယက်နမ်စံတော်ချိန် ဒီနေ့ ညနေ ၄ နာရီခွဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

ဒေါနတောင်ကျော်ကားလမ်းနှင့်မိုးရာသီ



9.9.2014

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကလမ်းကြောဖြစ်တဲ့ မြ၀တီ - ကော့ကရိတ်ဒေါနတေဆာင်ကျော်လမ်းမှာ မိုးတွင်းကာလရောက်တိုင်း ကြုံ တွေ့နေရတာကတော့ ကားလမ်းပျက်ပြီး ရာနဲ့ချီတဲ့မော်တော်ယာဉ်တန်းတွေ သွားလာရခက်ခဲပြီး အချိန်ကုန်ငွေကုန်ပြီး နှောင့်နှေးတဲ့ကုန်သွယ်မှုလုပ်ငန်းတွေနဲ့ နှစ်စဉ် ရင်ဆိုင်ရတယ်လို့ ကုန်သည်တွေ ခရီးသွားတွေ ကားမောင်းသမားတွေက ပြောဆိုကြပါတယ်။

Thursday, September 4, 2014

KNU၏ ယာယီနုတ်ထွက်စာအပေါ် တရားဝင်အကြောင်းပြန်ကြားရန်အပါအဝင် အချက်၆ချက် UNFCညီလာခံဆုံးဖြတ်





4.9.2014

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပထမဆုံးညီလာခံတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းရန်နှင့် KNU၏ အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းသည့် စာအပေါ် တရားဝင်အကြောင်းပြန်ကြားရန် အပါအဝင် အချက် ၆ ချက် ဆုံးဖြတ်ခဲ့သည်ဟု စက်တင်ဘာ ၃ရက် နံနက်က ချင်းမိုင်မြို့တွင် ညီလာခံနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ UNFC ၏ အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ပြောသည်။

ဖားအံမြို့နယ်ရှိ အစိုးရစာသင်ကျောင်း ၉၀ ကျော်တွင် ကရင်စာပေ စတင်သင်ကြား





4.9.2014

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ အစိုးရစာသင်ကျောင်းပေါင်း ၄၄၉ကျောင်းအနက် ၉၄ကျောင်းမှာ ကရင်စာပေကို သြဂုတ်လမှစ ၍ စတင် သင်ကြားနေပြီဖြစ်ကြောင်း ဖားအံမြို့နယ် ပညာရေးမှူးဖြစ်သူ ဦးကျော်ဝင်းက ကေအိုင်စီသို့ ပြောသည်။

မဲဆောက်မြို့တွင် ဖမ်းဆီးခံရသည့် အထည်ချုပ်စက်ရုံ မြန်မာအလုပ်သမား၇ဦး ပြန်လည်လွတ်မြောက်




4.9.2014

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် Silver & Gold Garment အထည်ချုပ် စက်ရုံမှ မြန်မာအလုပ်သမား ၇ဦးကို မြန်မာအလုပ်သမားသံအရာရှိနှင့် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိလူများက ကူညီပေး၍ စက်တင်ဘာ ၁ရက်နေ့၌ ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

ကလေးငယ် ထောင်ချီ၍ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရ





4.9.2014

ထိုင်းနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်မှုဖြင့် အာဏာပိုင်များ၏ ဖမ်းဆီး ထိန်းသိမ်းခံထားရသော ကလေးငယ်များသည် စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်နာကျင်မှုများ ရှိနေကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တဖွဲ့က ထုတ်ပြန် ပြောဆို လိုက်သည်။

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်တွေ ဘားအံမြို့မ ရဲစခန်းတွင် အင်အားပြ



                                         KNLA-soldiers (photo_mark farmaner)

4.9.2014

ဗိုလ်ချုပ်ကြီး စောဌေးမောင် (ဗိုလ်ချုပ်ထိန်မောင်) ခေါင်းဆောင်တဲ့ ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဝင်တဦးကို ကရင်ပြည်နယ် ဘားအံမြို့မ ရဲစခန်းကနေပြီး တရားစွဲဆိုမှုနဲ့ ပတ်သက်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီ လက်နက်ကိုင်အဖွဲ့ဝင် ၄၀ လောက်က ဒီကနေ့ ဘားအံမြို့မ ရဲစခန်းမှာ လာရောက်ညှိနှိုင်းခဲ့ကြပါတယ်။

နယ်စပ်ကုန်သွယ်ရေးစခန်းသစ် ၃ ခုကို ထပ်မံတိုးချဲ့ဖွင့်လှစ်မည်



                                          မြ၀တီ-မဲဆောက် ကုန်သွယ်ရေးနယ်စပ်ဂိတ်

4.9.2014

နယ်စပ်ဒေသတွေမှာ ကုန်သွယ်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ နယ်စပ် ကုန်သွယ်ရေး စခန်းသစ် ၃ ခုကို ထပ်မံ တိုးချဲ့ဖွင့်လှစ်သွားဖို့ စီစဉ်နေတဲ့အကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ အကြံပေးအရာရှိက ဒီဗွီဘီကို ပြောပါတယ်။

အီဘိုလာမဟုတ်ဟု သိပြီးနောက် သံသယရှိသူများကို ဆေးရုံမှဆင်းခွင့်ပြု




4.9.2014

ဝေဘာဂီကူးစက်ဆေးရုံ ၌ စစ်ဆေးကုသနေသော အီဘို လာရောဂါ သံသယလူနာအပါအ ၀င် ၎င်းနှင့်ထိတွေ့ဆက်ဆံခဲ့သူ လေးဦးတို့တွင် အီဘိုလာရောဂါ မရှိကြောင်း ဓာတ်ခွဲအဖြေသိရှိရ ၍ စက်တင်ဘာ ၃ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်သည်။

Wednesday, September 3, 2014

ကရင်လူထုအခြေပြု အဖွဲ့များအား ကရင်အမျိုးအစည်းအရုံး (KNU)နှင့် တွေ့ဆုံ ရှင်းလင်းပြောကြား




3.9.2014

ကရင်အမျိုးအစည်းအရုံး (KNU) သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC နှင့်ပတ်သက်သည့် ၎င်းတို့၏သဘောထားများကို ကရင်လူထုအခြေပြု အဖွဲ့အစည်းများအား ယနေ့နံနက်က ထိုင်း-မြန်မာနယ်စပ်တနေရာတွင် တွေ့ဆုံကာရှင်းလင်းပြောကြားခဲ့သည်။

ကျန်းမာရေးလုပ်ငန်းစဉ် ၃ရပ်ကို အဓိက လုပ်ဆောင်သွားမည်ဟု BPHWT ဆုံးဖြတ်





3.9.2014

နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့(BPHWT)က ၎င်းတို့၏ အဓိကလုပ်ငန်းစဉ်ကြီးဖြစ်သည့် ဆေးဝါးကုသရေး၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး၊ ကျန်းမာရေးဆိုင်ရာ ပညာပေးရေး စသည့် လုပ်ငန်းစဉ် ၃ရပ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု သြဂုတ်လ ၂၉ရက်မှ ၃၀ရက်နေ့အထိ ကျင်းပသည့် (၆)လပတ် ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။