address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 8, 2015

ပဲရစ်မြို့ရှိ သတင်းစာတိုက် တိုက်ခိုက်ခံရပြီး လူ ၁၂ ဦး သေ၊ ခုနစ်ဦး ဒဏ်ရာရ




8.1.2015

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အပတ်စဉ်ထုတ် သရော်စာ သတင်းစာတိုက်သို့ မျက်နှာဖုံးစွပ် နှစ်ဦးက ဝင်ရောက်တိုက်ခိုက်ရာ လူ ၁၂ ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့ကာ ပစ်ခတ်သူကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြသည်။

တောင်ငူတည်းခိုခန်း ဗုံးခွဲတရားခံ စောထွန်းထွန်းကို သေဒဏ်ချမှတ်




8.1.2015

တောင်ငူမြို့ တည်းခိုခန်းဗုံးဖောက်ခွဲမှု တရားခံစောထွန်းထွန်းကို တောင်ငူခရိုင် တရားရုံးက သေဒဏ်အမိန့် ချမှတ်လိုက် ကြောင်း သတင်းရရှိသည်။

ဓမ္မစေတီ ခေါင်းလောင်း ဒုတိယအကြိမ် ထပ်မံရှာဖွေခွင့်ပြု




8.1.2015

လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော်က ရန်ကုန်မြစ်ဝတွင် နစ်မြုပ်ခဲ့သည်ဆိုသော ဓမ္မစေတီ ခေါင်း လောင်းကြီးကို ရှာဖွေရန် ပုဂ္ဂလိက သဘောင်္အရာရှိဟောင်း ဦးကျော်ဝင်းဆိုသူကို အစိုးရက ခွင့်ပြုချက်ပေးလိုက်ပြီး မကြာမီ ရှာဖွေရေးလုပ်ငန်းများ စတင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

NCCT၏ အစည်းအဝေး ဇန်န၀ါရီဒုတိယပတ်တွင် ကျင်းပမည်


8.1.2015

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)၏ အစည်းအဝေးကို ဇန်န၀ါရီဒုတိယပတ်တွင်ထိုင်းနိုင်ငံ၌ ကျင်းပရန်စီစဉ် ထားကြောင်းအဆိုပါအဖွဲ့ဒုတိယ ခေါင်းဆောင်ဖဒိုစောကွယ်ထူး ၀င်းကပြောသည်။

လမ်းမပြီးခင် ခရီးသည်တင် အိမ်စီးကားများကို တရားမ၀င်ဂိတ်ကြေးကောက် ကာ သွားလာခွင့်ပေးနေသည့် မြ၀တီ - ကော့ကရိတ် ဒေါနတောင်ပတ်ကားလမ်း



       ပုံစာ - လမ်းသစ်ကို တရားမ၀င် အသုံးပြုဘို့အတွက် စောင့်ဆိုင်းနေကြသည့် မော်တော်ယာဉ်အချို့ ကိုတွေ့ရစဉ်။

8.1.2015

လမ်းစီမံကိန်းအပြီးစီးသေးတဲ့ မြ၀တီ - ကော့ကရိတ် ဒေါနတောင်ပတ် ကား လမ်း ကို အဲဒီလမ်းပေါ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဂိတ် (၆) ခုလောက်ထားပြီး ခရီးသည်တင်အိမ်စီးကားငယ်တွေကို တရားမ၀င်ဂိတ် ကြေးတွေကောက်ခံပြီး သွားလာခွင့်ပြုနေတယ်လို့သိရပါတယ်။

မြန်မာရွှေ့ပြောင်းကျောင်းသားများ၏ အရည်အသွေး အကဲဖြတ်မှုစနစ်ကို ရွှေ့ပြောင်း ကျောင်းအားလုံး တစ်ပြေးညီတစ်သမတ်တည်းကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားမည်



8.1.2015

မြန်မာ ရွှေ့ပြောင်းကျောင်းသားများ၏အရည် အသွေးအကဲဖြတ်မှုစနစ်ကို ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းကျောင်း အားလုံးတစ်ပြေးညီ တစ်သမတ်တည်း ကျင့်သုံးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Tuesday, January 6, 2015

တရုတ်နှင့် ထိုင်းစာပါ စားသုံးရန်မသင့် တားမြစ်ထားသည့် စားသောက်ကုန်များ မန္တလေးမြို့တွင် ထုတ်လုပ်နေဟု ဆို




6.1.2015

စားသုံးသူရေးရာ ကော်မတီနှင့် FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန) တို့က စားသုံးရန် မသင့်ဟု တားမြစ်ထားသော အစားအသောက်များထဲတွင် ပြည်တွင်းမှာပင် အတု ထုတ်လုပ်သည့် တရုတ်စာနှင့် ထိုင်းစာများ ရိုက်နှိပ်ထားသည့် စားသောက်ကုန် အချို့လည်း ပါဝင်နေကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူဦးစီးဌာန တွဲဖက်အတွင်းရေးမှူး (၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်က မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ်တွင် တရားမဝင် သစ်ခိုးထုတ်နေသော နိုင်ငံခြားသား တစ်ရာကျော်ကို သစ်တင်ယာဉ်များနှင့်အတူ ဖမ်းဆီးရမိ



 
6.1.2015
 ကချင်ပြည်နယ်တွင် တပ်မတော်လေမှ လေကြောင်း ကင်းထောက်မှုများအရ တရားမဝင် သစ်ခိုးထုတ် နေသော နိုင်ငံခြားသား ၁၀၂ ဦးကို လေကြောင်း ကင်းထောက်မှုအရ တပ်မတော် စစ်ကြောင်းများက ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ နယ်မြေရှင်းလင်း ဆောင်ရွက် ဖမ်းဆီးမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ဘုန်းကြီးပျံပွဲ မီးရှူးမီးပန်း ပရိသတ်အကြား ကျရောက်မှုကြောင့် လူ ၂၀ ဒဏ်ရာရ




6.1.2015

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ညင်းထွေးကျေးရွာတွင် ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၁ နာရီခန့်က ပြုလုပ်သည့် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ကောဝိဒ မဟာထေရ်မြတ်၏ အန္တိမဈာပန (ဘုန်းကြီးပျံပွဲတွင်) ပစ်ဖောက်သည့် မီးရှူးမီးပန်းသည် ပွဲတော်လာ ပရိသတ်ကြား ကျပေါက်သည့်အတွက် လူ ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီက သတင်းထုတ်ပြန်သည်။

သမ္မတ၊ ကာချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေး




6.1.2015

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ဇန်န၀ါရီလ ၅ ရက် မနက်က သီးခြားစီ တွေ့ဆုံပြီး တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးကြပါတယ်။

မလေးရှားရောက် မြန်မာများ သက်သေခံကတ် ထုတ်ပေးခြင်းအား သက်တမ်း တိုးမြှင့် ဆောင်ရွက်ပေးမည်

6.1.2015

မလေးရှား နိုင်ငံသို့ တရားမ၀င် ရောက်ရှိနေသည့် မြန်မာများ အတွက် သက်သေခံ ကတ်ပြား ထုတ်ပေးခြင်းအား သတ်မှတ် ထားသည့် ရက်ထက် သက်တမ်း တိုးမြှင့်ကာ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ထံမှ သိရသည်။

စိတ်ကြွမူးယစ်ဆေးဝါးများ ကရင်ပြည်နယ်ခြားစောင့်တပ်ဖွဲ့ ဖမ်းဆီးရမိ



6.1.2015

ကရင်ပြည်နယ် မြ၀တီခရိုင် သင်္ကန်းညီနောင်မြို့နယ်ထဲမှာ စိတ်ကြွမူးယစ်ဆေးပြား ၁ သိန်းကျော် ဖမ်းဆီးရမိတယ်လို့ ကရင်နယ်ခြားစောင့်တပ်က ပြောပါတယ်။

Monday, January 5, 2015

ပြည်ထောင်စုနေ့တွင် အပစ်ရပ်လက်မှတ်ထိုး၊ မထိုးကို NCCT ၏ ဇန်န၀ါရီ အစည်းအဝေး တွင်ဆုံးဖြတ်နိုင်




5.1.2015

ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ်ကို လက်မှတ်ထိုးမည် မထိုးမည်ကို ယခု ဇန်နဝါရီလအတွင်း ပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ၏ အစည်းအဝေးတွင် ဆုံးဖြတ်နိုင်သည်ဟု အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်း က ဇန်န၀ါရီ ၄ရက်တွင် မဇ္ဈိမကို ပြောသည်။

မော်လမြိုင်မှာ နိုင်ငံခြား ငွေလွှဲအိမ်ကို သေနတ်ကိုင်တစ်ဦး ဝင်ရောက်လုယက်




5.1.2015

မွန်ပြည်နယ် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် ပဲဆီရုံလမ်းမှာရှိတဲ့ နိုင်ငံခြား ငွေလွှဲလုပ်ကိုင်တဲ့ ဒေါ်ရင်မြနေအိမ်ကို ဇန်နဝါရီလ ၃ရက် ညနေ ၄နာရီခန့်က သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦး ဝင်ရောက်လုယက်ခဲ့တယ်လို့ ပဲဆီရုံလမ်းနေ ဦးမြင့်ဦးက ပြောပါတယ်။

အမေများနေ့အထိမ်းအမှတ် ကေအိုင်အေ ဖမ်းဆီးခံ ရှမ်းတိုင်းရင်းသား များလွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ်





5.1.2015

ဇန်န၀ါရီ ၄ ရက်တွင် ကျရောက်မည့် အမေများနေ့ အကြိုမိခင်ချင်းကိုယ်ချင်းစာနာ စိတ်ဖြင့် ကေအိုင်အေမှ အဓမ္မ ဖမ်းဆီး၊ သတ်ဖြတ်ခြင်းခံရသော လူငယ်များအတွက် ဆွမ်းသွတ် အမျှဝေခြင်းနှင့် ဖမ်းဆီးခံလူငယ် များ ပြန်လည်လွတ်မြောက်ရေး ဆုတောင်းမေတ္တာပို့အခမ်းအနား ကို ကချင်ပြည်နယ်ရှိ ရှမ်းလူမျိုး များမှ စုပေါင်းပြီး မြစ်ကြီးနားမြို့ ဆုတောင်းပြည့်စေတီ၌ ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။

လွတ်လပ်ရေးနေ့ အခမ်းအနား ထိုင်းရောက် မြန်မာများ ကျင်းပ


5.1.2015

( ၆၇ ) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို မြန်မာနိုင်ငံတွင်း နေရာအနှံ့အပြားမှာ ကျင်းပနေသလိုပဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာလည်း မြန်မာနိုင်ငံသားတွေစုပေါင်းပြီး လွတ်လပ်ရေးအတွက် အသက်ပေးလှူသွားခဲ့သူတွေအတွက် ဆွမ်းကပ်လှူဒါန်းပြီး လွတ်လပ်ရေးနေ့အကြောင်း ဟောပြောပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား တစ်ရက်လျှင် သုံးနာရီတိုး ခွင့်ပြု




5.1.2015


တာချီလိတ်မြို့ရှိ မြန် မာ-ထိုင်းနယ်စပ်ချစ်ကြည်ရေး တံတားများကို နှစ်နိုင်ငံအစိုးရအ စီအစဉ်ဖြင့် ၂၀၁၅ မှ စတင်ကာ ဖြတ်သန်းခွင့်အချိန်တရားဝင်တိုးမြှင့်လိုက်ပြီဖြစ်ကြောင်းသတင်း ရရှိသည်။

သမ္မတနှင့် ကာချုပ်အား တိုင်းရင်းသား လက်နက်ကိုင် များဘက်မှ KNU ဥက္ကဋ္ဌ မူတူစေးဖော ဦးဆောင် ဆွေးနွေးမည်


5.1.2015

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံ ဆွေးနွေး ရာတွင် ဗိုလ်ရှုခံ အခမ်းအနားပွဲသို့ တက်ရောက် လာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၂) ဖွဲ့ဘက်မှ ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူ စေးဖော ဦးဆောင် ဆွေးနွေး သွားမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ထံမှ သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် သမ္မတ တို့ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေး




5.1.2015

နေပြည်တော်ရောက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ သမ္မတဦးသိန်းစိန်တို့ ဒီကနေ့ ဇန်န၀ါရီ ၅ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

မြန်မာနိုင်ငံအတွက် ပုပ်ရဟန်းမင်းကြီး ကိုယ်စားလှယ် ပထမဆုံးအကြိမ် ခန့်အပ်




5.1.2015

မြန်မာအပါအ၀င် နိုင်ငံပေါင်း ၁၈ နိုင်ငံအတွက် ရိုမန်ကက်သလစ် ခရစ်ယာန် ဘုန်းတော်ကြီးအပါး ၂၀ ကို ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က သူ့ရဲ့ ကိုယ်စားလှယ် အမတ် ကာဒီနယ်လ်(Cardinals) တွေအဖြစ် ဇန်န၀ါရီ ၄ ရက်နေ့က ရွေးချယ်ခန့်အပ်လိုက်ပါတယ်။