address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, September 16, 2013

တစ်ပြည်လုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ယခုလကုန် ဆုံးဖြတ်မည်

16.9.2013

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်ပြီး လာမည့် အောက်တိုဘာလမှာ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးဖို့ ကိစ္စကို စက်တင်ဘာလကုန်မှာ ကျင်းပမည့် အလုပ်အမှုဆောင် အစည်း အဝေး ကနေ ဆုံးဖြတ်မယ်လို့ မနေ့က ကျင်းပခဲ့တဲ့ UNFC အဖွဲ့က အရေးပေါ်အလုပ် အမှုဆောင် အစည်းအဝေး ကနေ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

"မွန်ပါတီများ၊ လက်နက်ကိုင် အဖွဲ့များ ညီလာခံ ကျင်းပမည်"

16.9.2013

မွန်တိုင်းရင်းသားပါတီတွေနဲ့ မွန်တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ ပါဝင်တဲ့ ညီလာခံ တစ်ရပ်ကို လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့ကနေ ၃၀ရက်နေ့အထိ မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ မှာ ပြုလုပ် ကျင်းပ သွားမယ်လို့ သိရပါတယ်။

တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်နှင့် ဘင်္ဂါလီ မပါဝင်ကြောင်းနှင့် သန်းခေါင်စာရင်း ကောက်ယူရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက်ယူ သွားမည်

16.9.2013

တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်၊ ဘင်္ဂါလီနှင့် ပါကစ္စတန် မပါဝင်ကြောင်းနှင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူရာ၌ ၎င်းတို့ကို အခြားတွင်ထည့်သွင်းကောက်ယူသွားမည်ဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့်  ပြည် သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။

မြေမြှုပ်မိုင်းအတွက် အမေရိကန် လာမယ်

16.9.2013

အမေရိကန်နိုင်ငံခြားရေးဌာန နိုင်ငံရေး/စစ်ရေးဆိုင်ရာအဖွဲ့အောက်က လက်နက်ဖျက်သိမ်းရေးနဲ့လျှော့ချရေးဆိုင်ရာရုံး အရာရှိတွေ မြန်မာပြည်ကို ဒီရက်ပိုင်းအတွင်း လာမယ်လို့ အမေရိကန်သံရုံးက ဒီမနက် ဖေ့ဘုတ်မှာ ကြေညာပါတယ်။

ထားဝယ်မြို့တွင် တနော်သရီကညော ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်တည်ထောင်

16.9.2013

တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင်သော ကရင်လူမျိုးများ၏ ဘ၀ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ် ၍ တနော်သရီကညော ဖွံဖြိုးတိုးတက်ရေး အများပိုင်ကုမ္မဏီလီမိတက်(Tenawtherie Kanyaw Development Public Company Limited) အမည်ရှိ ကုမ္ပဏီတစ်ခုကို တည်ထောင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ကျောက်မိုင်းဖောက်လုပ်မှုကြောင့် ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရန် ဒေသခံများတောင်းဆို

16.9.2013

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စုတွင် တန်(၄၀၀၀)ဘိလပ်မြေစက်ရုံအတွက် တောင်များ ကို ကျောက်မိုင်းဖောက်၍ လယ်ယာမြေများ သိမ်းဆည်းခံရခြင်းနှင့် လယ်မြေပျက်စီးဆုံးရှုံးမှုများရှိသောကြောင့် နစ်နာကြေးများ ပြန်လည်ရရှိရန် ဒေသခံလယ်သမားများက ဒုတိယအကြိမ်တောင်းဆိုလိုက်သည်။

Sunday, September 15, 2013

ငြိမ်းချမ်းရေးစာချုပ်တွင် လက်မှတ်ထိုးရန် ကေအိုင်အိုအား တွန်းအားပေးနေဟု တရုတ်၏ အာရှအထူးသံတမန်ပြော

15.9.2013

မြန်မာ အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ရန် တရုတ်အစိုးရအ နေဖြင့် ကေအိုင်အိုအား တွန်းအား ပေးလျက် ရှိကြောင်း တရုတ်အစိုးရ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ သို့ ပြောကြားသည်။

မူးယစ်ဆေးဝါး နှိမ်နင်းရာတွင် KNU/KNLA ပူးပေါင်းပါဝင်လို


15.9.2013

ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းချမှုနှင့် တရားမဝင် စီးပွားရှာနေသည့် အဖွဲ့အစည်းများကို နှိမ်နင်း မည် ဆိုပါက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) က အစိုးရနှင့် ပူးပေါင်း ပါဝင် လိုေ ကြာင်း ကရင်အမျိုးသား အစည်းအရုံး။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/KNLA) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောတိုက်ဂါးက ပြောကြားသည်။

KNU နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရ တပ်ဖွဲ့မှ မှားယွင်းကြောင်း ၀န်ခံ

15.9.2013

ကြိုတင် အကြောင်း ကြားခြင်း မရှိသည့် အတွက် ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် မယ်သဝေါ ဒေသတွင် စက်တင် ဘာ လ (၁၂) ရက်နေ့ နေ့လည်ပိုင်း၌ တိုက်ပွဲ ဖြစ်ခဲ့ရ သည်ဟု အစိုးရ တပ်ဖွဲ့ ဖက်မှ ၀န်ခံကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီက ဆိုပါသည်။

ဇွဲကပင် မိုးပျံရထား တပ်ဆင်ရန် အလှူငွေကောက်ခံရေး ကော်မတီများ ဖွဲ့စည်း

15.9.2013

ကရင်ပြည်နယ်၏ ကျက်သရေဆောင် ဇွဲကပင်တောင်ပေါ်တွင် မိုးပျံရထားနှစ်စင်း တပ်ဆင်နိုင်ရေးအတွက် အ လှူငွေ ကောက် ခံရေး အဖွဲ့များကို မြို့နယ်ငါးမြို့နယ်တွင် ကော်မတီများ ဖွဲ့စည်းလျက် ရှိကြောင်း ဇွဲက  ပင် ကောင်း ကင်လှေကား (Cable Car) တည်ဆောက်ရေး ကော်မတီမှ ကော်မတီဝင် ဒေါ်တူးတူးမြင့်သိန်း က ပြောကြားသည်။

ကရင် နိုင်ငံရေးပါတီ လေးပါတီမှ သဘော တူညီချက်ရရှိ

15.9.2013

ကရင် နိုင်ငံရေး ပါတီ (၄) ပါတီ၏ နှစ်ရက်တာ ကျင်းပသည့် အစည်းအဝေးကို သဘော တူညီချက် (၆) ချက်ဖြင့် ယနေ့ ပြီးဆုံး သွားသည်ဟု ပြောရေး ဆိုခွင့်ရှိ သူ ဖလုံ-စဝေါ ဒီမိုကရက်တစ် ပါတီမှ ဒုတိယ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ဆိုပါ သည်။

Friday, September 13, 2013

မလေးရှားရောက် တရားမဝင် မြန်မာများအား နိုင်ငံကူး လက်မှတ် ထုတ်ပေးရန်ရှိ


13.9.2013

မလေးရှား နိုင်ငံရောက် တရားမဝင် မြန်မာ အလုပ်သမား များအား နိုင်ငံကူး လက်မှတ်များ ထုတ်ပေး သွားရန် မြန်မာ အလုပ်သမား ဝန်ကြီး ဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်များ မလေးရှား အစိုးရနှင့် မူအရ သဘော တူခဲ့သည်ဟု အလုပ် သမားများ ပြည်တော် ပြန်နိုင်ရေး အတွက် အကူအညီ ပေးနေသည့် ကိုသီဟ မောင်မောင်က ဆိုပါသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်း ၁၇ ဖွဲ့ ပူးပေါင်းကျင်းပမည်

13.9.2013

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ပြည်ထဲရေးဝန်ကြီးဌာန လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့နှင့် အရပ်ဘက် လူ့အဖွဲ့အစည်း ၁၇ ဖွဲ့ပူးပေါင်းကာ စက်တင်ဘာလ ၁၃ ရက်နေ့တွင် နေပြည်တော် သင်္ဂဟ ဟိုတယ်ခန်းမ၌ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနား ကျင်းပရာတွင် ပါဝင်သော အဖွဲ့အစည်း တစ်ခုဖြစ် သည့် မြန်မာ့စီးပွားစီမံ အမှုဆောင်များအသင်း (MBE) အဖွဲ့မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးညွန့်လှိုင် က ပြော ကြားသည်။

ဓားပြတိုက်မှု တရားခံဟုဆိုကာ ဖမ်းဆီးထားသည့် KNU/KNLA တပ်ဖွဲ့ဝင် များကို လွှတ်ပေးရန် တောင်းဆို

13.9.2013

မွန်ပြည်နယ် သထုံမြို့နယ်တွင် ရန်ကုန်-မော်လမြိုင် အဝေးပြေးခရီးသည် တင်ယာဉ်ကို ဓားပြတိုက်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် ပြည်ထောင်စု ငြိမ်းချမ်းေ ရး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနကို စာပို့တောင်း ဆိုထားကြောင်း အဆိုပါတပ်ဖွဲ့မှ စီးပွားရေးတာဝန်ခံ ဗိုလ်ကြီးစောမင်းအောင်က ပြောကြားသည်။

မွန်ပြည်သစ်ပါတီဥက္ကဌ အဖွဲ့နှင့် ပြည်နယ်အစိုးရတွေ့ဆုံ

13.9.2013

မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ ဦးဆောင်သောအဖွဲ့သည် မွန်ပြည်နယ် ရေးမြို့နယ် ဒေသတချို့၏ နယ်မြေစိုးမိုးရေး အခြေအနေအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် သွားရောက် တွေ့ဆုံခဲ့ကြောင်း NMSP မော်လမြိုင်မြို့ ဆက်ဆံ ရေး ရုံး တာဝန်ခံ နိုင်ကြည်စန်း က ဆိုပါသည်။

၂၀၁၄ တွင် မွန်နှင့် ကရင်ပြည်နယ် လျှပ်စစ်မီးရရှိတော့မည်


13.9.2013 
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ငန်းတေးဓါတ်အားပေးစက်ရုံဝင်းရှိ MYANMAR LIGHTING IPP CO, L.TD ၏ ၂၃၀ MW(မီဂ္ဂါဝပ်) သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓါတ်အားပေးစက်ရုံစီမံကိန်းမှ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အ တွက် ၂၀၁၄ ခုနှစ်တွင် လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်တော့မည်ဖြစ်သည်။

မလေးက မြန်မာလုပ်သားများအရေး နှစ်ဖက်အစိုးရ သဘောတူညီမှုရပြီ

13.9.2013

မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ တရားမဝင် မြန်မာအလုပ်သမားတွေအ တွက် ကွာလာ လမ်ပူမြို့မှာ One Stop Service စင်တာ ဖွင့်လှစ်ပြီး အထောက်အထား ထုတ်ပေးဖို့ မလေးရှားနဲ့ မြန်မာ နှစ်ဖက်အစိုးရ သဘော တူညီမှု ရလိုက်ပြီလို့ သိရပါတယ်။

WGEC နှင့် အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့ ဆွေးနွေးပွဲ ပြီးဆုံး

13.9.2013

နှစ်ရက်တာ ကျင်းပသည့် တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating)နှင့် အစိုးရ ငြိမ်းချမ်းရေး စင်တာမှ နည်းပညာရှင် အဖွဲ့တို့၏ ဆွေးနွေးပွဲ ယနေ့ ပြီးဆုံး သွား သည်ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) မှ ဆွေးနွေးပွဲ တက်ရောက် ခဲ့သူ ဗိုလ်မှူးကြီး စိုင်းလက ဆိုပါသည်။

ငြိမ်းချမ်ရေးနေ့ လှုံဆော်ရေး မွန်ပြည်နယ်၌ ဖျော်ဖြေရေး လှုပ်ရှားမှုများ ပြုလုပ်မည်

13.9.2013

လာမည့် စက်တင်ဘာလ (၂၁) ရက်နေ့၌ ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေး နေ့၌ ပြည်သူ လူထု များ၏ ကိုယ်စီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအပေါ် ပူးပေါင်း ပါဝင် ဆောင်ရွှက်မှု မြင့်မား လာရေး အတွက် လှုံ့ဆော်မှု အဖြစ် မွန်ပြည်နယ်တွင် အခမ်းအနား ပြုလုပ်ကာ ထိုမတိုင်ခင် ငြိမ်းချမ်းရေး အတွက် လူထုများ ဖျော်ဖြေပွဲ အစီ အစဉ် များ ပြုလုပ် သွားရန် ရှိကြောင်း ပွဲစီစဉ်သူ များထံမှ သိရှိရသည်။

ဘုရားဖူယာဉ်ပြေးဆွဲခွင့် မပေးပါက ကျိုက်ထီးရိုးတောင်တက်လမ်းကို ထိန်းချုပ်မည်ဟုဆို


13.9.2013

ရန်ကုန် ၊ စက်တင်ဘာ ၁၂။ ။ ကရင် စာပေနှင့် ယဉ်ကျေးမှုရန်ပုံငွေအ တွက် ကျိုက် ထီးရိုးဘုရား ယာဉ် လိုင်းတွင် တောင် တက်ယာဉ်ငါး စီးပြေးဆွဲခွင့်တောင်းခံမှုကို ဆက် လက်ပိတ်ပင်နေပါက ကျိုက်ထီး ရိုးတောင်တက်လမ်းကို ထိန်းချုပ် သွား မည်ဖြစ်ကြောင်း ကျိုက်ထို မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေး မှုကော်မတီဥက္ကဋ္ဌ၊ ယခင်ကေ အာရ်စီတိုင်းရင်း သားလက် နက် ကိုင်တပ်ဖွဲ့မှ အလင်းဝင်ထားသည့် ဦးစောဗန်ဒိုက ထုတ်ဖော်ပြော ကြားလိုက်သည်။