address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Wednesday, July 31, 2013
ပြည်သူတို့၏ ပြောရေးဆိုခွင့်နှင့် ပုဒ်မ ၁၈
31.7.2013
ဒီမိုကရေစီ နိုင်ငံတွင် အာဏာသည် ပြည်သူ့ထံတွင်သာ ရှိရမည် ဖြစ်သည်။ ပြည်သူတို့၏ သဘောဆန္ဒကို လျစ်လျူမရှုသင့်သလို ပြည်သူ့အသံကို အမြဲနားစွင့် လက်ခံနိုင်ရမည်မှာ အစိုးရ၏ တာဝန်သာ ဖြစ်သည်။ သို့သော် အစိုးရသစ်လက်ထက် ပြည်သူတို့၏ အမှန်တကယ် ပြောရေးဆိုခွင့် အတွက်မှာမူ မေးခွန်းထုတ် စရာ ဖြစ်နေသည်။
ဒီမိုကရေစီ နိုင်ငံများတွင် ဖြစ်လေ့ရှိသော ဆန္ဒပြပွဲများအတွက် အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးခဲ့သည်။ သို့သော်လည်း ဥပဒေ ပါ ပြဋ္ဌာန်းချက်၌ သက်ဆိုင်ရာ ရဲစခန်းတွင် ကြိုတင်ခွင့်ပြုချက် တင်ရမည်ဖြစ်ပြီး ခွင့်ပြုမှသာလျှင် ဆက် လက်လုပ်ဆောင်ရမည် ဖြစ်သည်။ ယင်းသို့သောအချက်များက လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် အတွက် အကန့်အသတ် ဖြစ်နေသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်း ကွဲလွဲနေသည်။ ဖွဲ့စည်း ပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) တွင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ (ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီ
တန်းလှည့်လည် ခွင့်ရှိကြောင်း ဖော်ပြထားသည်။
စနစ်ဆိုးအောက်တွင် အကြောက်တရားဖြင့် နေထိုင်ခဲ့ရသော ပြည်သူများအတွက် ပြောခွင့်မရခဲ့သည့် လူ့ အခွင့်အရေး ဆုံးရှုံးမှု၊ နစ်နာမှု၊ မတရား ဖိနှိပ်ခံရမှုများကို ယခုအခါ ရဲဝံ့စွာ ထုတ်ဖော်ပြောဆိုလာကြပြီ ဖြစ် သည်။ ယင်းသို့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို လာကြသည်မှာ အစိုးရသစ်၏ ပြောင်းလဲမှုကို မျှော်လင့်ချက် ထားနေကြခြင်း ဖြစ်သလို တစ်ဖက်တွင်လည်း မတရားဖိနှိပ် ခံရမှုများကို မိမိတို့၏ မျိုးဆက်များ ဆက်လက် မခံစား စေလိုတော့၍ ဖြစ်ကြသည်။ အမှန်တရားကို လိုလား၍လည်း ဖြစ်သည်။
ယခုအခါ နယ်ပယ်အသီးသီး ကဏ္ဍအသီးသီးတွင် နစ်နာမှုများအတွက် ဆန္ဒပြမှုများ ပိုမိုများပြားလာသည်။ အချို့မှာ ခွင့်ပြုချက်ရ၍ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သော်လည်း အချို့မှာခွင့်ပြုချက်မရခဲ့ကြပေ။ ထိုအ ခါ နောက်ဆက်တွဲ ရင်ဆိုင်လာရသည်က ပုဒ်မ ၁၈ ပင် ဖြစ်သည်။ လတ်တလောတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူခြင်းခံရ၍ တရားရုံးတွင် အမှုရင်ဆိုင်နေရသူ ပိုမိုများပြားလာသည်။ အဆိုပါ ပုဒ်မဖြင့် အရေးယူခံရပါက ကျပ် ၃၀၀၀၀ ထက်မပိုသော ငွေဒဏ်ဖြင့် ပြီးနိုင်သလို တစ်နှစ်ထက် မပိုသော ထောင် ဒဏ်ကို ကျခံရနိုင်ပြီး ဒဏ်နှစ်ရပ်လုံး တစ်ပေါင်းတည်း ကျခံရနိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် အစိုးရသစ် လက်ထက်တွင် ပြည်သူတို့၏ အခက်အခဲ အကျပ်အတည်းများ၊ မတရားခံရမှုအပေါ် တိုင်ကြားမှုများအား မည်မျှအထိ ဖြေရှင်းဆောင်ရွက် ပေးနိုင်သည်ကို ပြန်လည်ဆန်းစစ်ရန် လိုအပ်လာ မည် ဖြစ်သည်။ ထို့အပြင် ပုဒ်မ ၁၈ ဖြင့် မည်မျှအထိ အရေးယူရန် ပြင်ဆင်နေသည်ကိုလည်း သတိပြု သင့်ပြီ ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ စနစ်အကူးအပြောင်း နိုင်ငံတစ်နိုင်ငံအတွက် လိုအပ်ချက်များ ရှိနေနိုင်သည် ဆိုသော် လည်း အစိုးရသစ်၏ သက်တမ်းငါးနှစ်မှာ ယခုအခါတွင် သုံးနှစ်အတွင်းသို့ ၀င်ရောက်လာပြီဖြစ် ရာ ပြည်သူ တို့၏ ပြောရေးဆိုခွင့်နှင့် ပုဒ်မ ၁၈ ကိစ္စသည် ပြန်လည်သုံးသပ်ရမည့် ကိစ္စတစ်ခုပင် ဖြစ်ပါသည်။
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment