address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Friday, July 26, 2013
နိုင်ငံသားအကျဉ်းသားဟု အစိုးရသတင်းစာသုံးနှုန်းခြင်း နိုင်/ကျဉ်းဟောင်းများ ကန့်ကွက်
26.7.2013
နိုင်ငံသား အကျဉ်းသား ၇၃ဦးကို နိုင်ငံတော် သမ္မတကလွတ်ငြိမ်းချမ်းသာခွင့် ပြုသည်ဟုနိုင်ငံပိုင် မီဒီယာ များ၏ ထုတ်ပြန် ကြေညာချက်တွင်ပါရှိသော နိုင်ငံသား အကျဉ်းသားဆိုသည့် အသုံးအနှုန်းကို နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့က ကန့်ကွက်ကြောင်း ဇူလိုင်လ ၂၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။
ဇူလိုင်လ ၂၄ ရက်နေ့ထုတ် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် နိုင်ငံသားအကျဉ်းသား ၇၃ ဦး ကို နိုင်ငံတော်သမ္မတ အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်း ထုတ်ပြန် ကြေညာထားခြင်း အပေါ် ၎င်းတို့က ယင်းသို့ ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။
“အစိုးရက လက်ကျန် နိုင်ငံရေးအကျဉ်းသားစိစစ်ရေး ကော်မတီကို တရားဝင်ဖွဲ့ထားပေးတာ။ အဲ ဒီတော့ အစိုးရ ထုတ်ပြန်ချက်တွေမှာ နိုင်ငံရေးအကျဉ်းသားလို့ပဲသုံးသင့်တယ်။ အခုကနိုင်ငံရေး အ ကျဉ်းသားတွေကို ရာဇဝတ်အပြစ်သားတွေလိုပဲ အစိုးရကသဘောထားသလို ဖြစ်နေတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့မှ ဦးမြင့်မောင်က ပြောကြားသည်။
ယင်းကဲ့သို့ သုံးနှုန်းခြင်းသည် သာမန်အကျဉ်းသားဟု သဘောသက်ရောက်ကြောင်း၊ ယင်းသို့ သုံးနှုန်း ထားခြင်းကြောင့်နိုင်ငံရေးယုံကြည်မှုတစ်ခုစွဲကိုင်ထားသူများကိုလူထုကအကြည်ညိုပျက်စေနိုင်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက် ဥက္ကဋ္ဌ ဦးကြီးမြင့် က ထောက်ပြ ပြောဆိုသည်။
“ပွင့်လင်းလာတဲ့ အစိုးရသစ် လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတဲ့ အစိုးရအနေနဲ့ အငြင်းပွားစေမယ့် ဝေါဟာရတွေ မသုံးသင့်တော့ဘူး”ဟု ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဦးဂျင်မီက ဆိုသည်။
အစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံ တစ်ဝန်းရှိ အကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ် ကျခံနေရသော အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုခဲ့ရာ ခုနစ်ကြိမ်မြောက် ရှိပြီဖြစ်ပြီး အကျဉ်းသား ၂၈,၆၁၈ ဦး လွတ်မြောက်ခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသား စိ စစ်ရေး ကော်မတီထံမှ သိရှိရသည်။
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment