address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Tuesday, July 23, 2013
မွန်နှင့် ကရင်နှစ်ပြည်နယ်ဆက်ကားလမ်းကြောင့် မြေဈေးနှစ်ဆကျော် ထိုးတက်
23-7-2013
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နှင့် ကရင်ပြည်နယ်မှ နယ်စပ်မြို့ ဘုရားသုံးဆူထိ ကားလမ်း ဖောက် လုပ်နေသဖြင့် ထိုလမ်းတစ်လျှောက်ရှိခြံမြေများ
ဈေးနှုန်းနှစ်ဆကျော်ထိုးတက်သွားသည်ဟု ဒေသ ခံတို့က မဇ္ဈိမ ကို ပြောသည်။
ကားလေးလမ်းမှ သက္ကော့ကျေးရွာတွင် နေထိုင်သူ ကိုခင်လှိုင်က “လမ်းဖောက်မယ်ဆိုတာ နဲ့ မြေဈေးတွေက တအားတက်သွားတယ်။ ပေ ၄၀ x ၆၀ ဆိုရင် အရင်က ၁၅ သိန်းလောက်ပဲရှိ တယ်။ အခုဆို သိန်း ၄၀ လောက် ပေးရတယ်။ အဲဒီမြေတွေက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင် ခုနစ်သိန်းလောက်ပဲရှိတာ” ဟု ရှင်းပြသည်။
ယခင်က ထိုနေရာဒေသတစ်ဝိုက်ရှိ အိမ်ခြံမြေ၊ ရော်ဘာခြံမြေများသည် ဈေးနည်းသည့်အပြင် ၀ယ်လိုသူပင် နည်းပါးကြောင်း ယခုဆိုလျှင် အလုအယက် ၀ယ်ယူနေကြကြောင်း သက္ကော့ကျေး ရွာမှ ဦးဟိန်းကလည်း ဆိုသည်။
လက်ရှိတွင်ကားလမ်း ဘေးဝဲယာတွင်ရှိသော ရော်ဘာခြံများဆိုလျှင်သိန်းထောင်နှင့်ချီ၍ ဈေးခေါ် မှုများပင် ရှိနေကြောင်း ကိုခင်လှိုင်က ပြောသည်။
ဦးဟိန်းကလည်း “ဒီကားလမ်း ဖောက်တော့မယ်ဆိုတာနဲ့ မြေဈေးတွေက တက်၊ ၀ယ်သူတွေက လည်း အလုအယက်ဖြစ်နေတော့ ဈေးကို လိုချင်သလောက် ခေါ်နေကြတာ”ဟု အခြေအနေ ကို ပြောပြသည်။
၆၅မိုင်ခန့်ရှည်သည့် အဆိုပါကားလမ်းသည် နာမည်ကျော် သေမင်းတမန်ရထားလမ်းနှင့် အပြိုင် ကားလမ်းဖြစ်ပြီး ထိုင်းနယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူအထိ မွန်ပြည်နယ်မှ ကားလမ်းပေါက် သွားမည် ဖြစ်သည်။
ထိုနည်းတူ ဘုရားသုံးဆူမြို့ဘက်တွင်လည်း ကားလမ်းနှင့် ရထားလမ်း ဖောက်လုပ်မည်ဆိုသည့် သတင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများ ယခင်နှစ်ဆ မြင့်တက်သွားကြောင်း ထိုမြို့မှ ဒေ သခံ တို့က ပြောသည်။
ယင်းကားလမ်းကို ယခု ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း မြေသားလမ်း အပြီးသတ် ဖောက်မည်ဖြစ် ပြီး လာမည့်ဘဏ္ဍာနှစ်တွင် ကတ္တဆရာခင်းမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဆောက်လုပ်ရေးဌာန က အတည်ပြုသည်။
အဆိုပါကားလမ်းကို အစိုးရ၏ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းဖောက်လုပ်ရေး စီမံကိန်း အဖွဲ့များနှင့် ပုဂ္ဂလိကကုမ္ပဏီ ခုနစ်ခုတို့ ပူးပေါင်းဖောက်လုပ်မည်ဟုလည်း မွန်ပြည်နယ် ဆောက် လုပ်ရေးဌာနက ဆို သည်။
မဇ္ဈိမ
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment