ရန်ကုန်မြို့တွင် HIV ကူးစက်ခံရမှု အန္တရာယ်ဇုန်အဆင့် သတ်မှတ်ချက်ထက် ကျော်လွန်
10.12.2013
ရန်ကုန်မြို့တွင် HIV ကူးစက်ခံရမှု အန္တရာယ်ဇုန်အဆင့်သတ်မှတ်ချက်ထက် ကျော်လွန်နေပြီဖြစ်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားလိုက်သည်။
ရန်ကုန်တိုင်းအတွင်း HIV ကူးစက်ခံရသူ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းသည်
မူးယစ်ဆေး အကြောထဲထိုး သွင်းသူများဖြစ်ကြပြီး ယင်းပမာဏသည် နိုင်ငံတကာ
သတ်မှတ်ချက်များအရ အန္တရာယ်ရှိသည့်အဆင့် သို့ ရောက်ရှိနေပြီဖြစ်သည်ဟု SARA
အဖွဲ့၏ စစ်တမ်းကို ကိုးကား၍ ဒေါက်တာညိုညိုသင်းက ဒီဇင်ဘာ ၉ ရက်တွင် မဇ္ဈိမကို
ပြောသည်။
“လက်ရှိရန်ကုန်က ဒီအချက်အလက်အရ အန္တရာယ်ဇုန်အဆင့်
သတ်မှတ်ချက်ထက် ကျော်လွန်နေတာ ကို တိုင်းအစိုးရက စီမံချက်ချ ဆောင်ရွက်ဖို့
သင့်နေပြီ”ဟု ၎င်းက ပြောသည်။
SARA အဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနမှ
အငြိမ်းစားယူထားသည့် ဆရာဝန်ကြီးများနှင့် ပူးပေါင်း ဆောင်ရွက်နေသည့်
အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရန်ကုန်၊ လားရှိုးနှင့်
မြစ်ကြီးနားမြို့များ တွင် မူးယစ်ဆေး အကြောတွင်းထိုးသွင်းမှုနှင့် HIV
ကူးစက်ခံရမှု အခြေအနေများကို စစ်တမ်းကောက် ယူနေသည့် အဖွဲ့လည်းဖြစ်သည်။
နိုင်ငံတကာတွင် အဆိုပါနည်းလမ်းဖြင့် ကူးစက်ခံရမှု ငါးရာခိုင်နှုန်းအထက်
ကျော်လွန်လျှင် အန္တရာယ်ရှိ သည့်အဆင့်အဖြစ် သတ်မှတ်ခြင်းဖြစ်သည်။
HIV ကူးစက်ခံရမှုအခြေအနေသည် ရန်ကုန်မြို့ရှိ ကလေးဆေးရုံများ၌ပင် ရှိနေပြီး
မိခင်မှကလေးသို့ ကူး စက်မှုများရှိနေသည့်အတွက်
ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေဖြင့် HIV ကူးစက်ခံရမှုဆိုင်ရာ အချက်လက် များကို စနစ်တကျ စိစစ်ရန် လိုအပ်နေပြီဟု ၎င်းက ယူဆထားသည်။
ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းကမူ တစ်နိုင်ငံလုံးတွင်
HIV ကူးစက်ခံရသူမှာ လူဦးရေ ၏ ၀ ဒသမ ၄၇ ရာခိုင်နှုန်းအထိသာရှိသည်ဟု ဒီဇင်ဘာ ၉
ရက် တိုင်းလွှတ်တော် သတ္တမအကြိမ်အစည်း အဝေးတွင် ပြောသည်။
အဆိုပါရာခိုင်နှုန်းသည် နိုင်ငံတကာစံချိန်စံနှုန်းများနှင့်
တိုင်းတာလျှင် အနိမ့်ဆုံး အခြေအနေဟုပင်ဆိုနိုင်သည်ဟု ၎င်းက သုံးသပ်သည်။
ထို့ပြင် HIV ကူးစက်ခံရသူများ၏ ၈၆ ရာခိုင်နှုန်း ကို ART ဆေးဝါးများ
ဖြန့်ဖြူးပေးထားနိုင်ပြီဟု ရန်ကုန်လူမှုရေးဝန်ကြီးက ဆိုသည်။
SARA ၏
စစ်တမ်းအရ မူးယစ်ဆေး ထိုးသွင်းသူများအတွင်း HIV ပိုးတွေ့ရှိရသူ
အများအပြားသည် နယ် စပ်ဒေသများ၌ရှိနေသည်။ စစ်တမ်းအရ လားရှိုးတွင် ၇၈
ရာခိုင်နှုန်း၊ မြစ်ကြီးနားတွင် ၉၀ ရာခိုင်နှုန်းအထိ ရှိသည်ဟု SARA ၏
သုတေသနရလဒ်များက ပြောသည်။
Mizzima - News in Burmese
No comments:
Post a Comment