address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်
Showing posts with label စီးပွားရေးသတင်း. Show all posts
Showing posts with label စီးပွားရေးသတင်း. Show all posts

Thursday, January 9, 2014

ကမ္ဘောဇဘဏ် အများပိုင်ကုမ္ပဏီ ပြောင်းမည်

မြန်မာနိုင်ငံတွင် ဘဏ်ခွဲအများဆုံး ဖွင့်လှစ်လျက်ရှိသည့် ထိပ်တန်း ဘဏ်တစ်ခု ဖြစ်သော ကမ္ဘောဇဘဏ်ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း 

Wednesday, January 1, 2014

ဒီဇင်ဘာ တတိယပတ်အထိ နယ်စပ်တစ်လျှောက်နှင့် တရားမ၀င် ကုန်သွယ်မှုလမ်းကြောင်းများမှ တရားမ၀င် ကုန်ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ် ၇ ဒသမ ၅ ဘီလျံကျော် ဖမ်းဆီးအရေးယူခဲ့

ဒီဇင်ဘာ တတိယပတ်အထိ နယ်စပ်တစ်လျှောက်နှင့် တရားမ၀င် ကုန်သွယ်မှု လမ်းကြောင်းများမှ တရားမ၀င် ကုန်ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ် ၇ ဒသမ ၅ ဘီလျံကျော်အား

Monday, December 30, 2013

နေပြည်တော် ပျဉ်းမနားမြို့ ပန်းပု အလုပ်ရုံများတွင် ငြိမ်းချမ်းရေး သင်္ကေတ လောကနတ် ပန်းပုရုပ်များ ထုဆစ်နေရ

နေပြည်တော် ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ် ပန်းပု အလုပ်ရုံများတွင် လတ်တလော လောကနတ် ပန်းပုရုပ်များနှင့် ဘုရားရုပ်ပွား ဆင်းတုတော်များ ထုဆစ် ထုတ်လုပ်နေရလျက်

မြန်မာ့ဟိုတယ် လုပ်ငန်းကဏ္ဍ မယုံကြည်နိုင်ဖွယ် တိုးတက်လာသည်ဟု အမေရိကန် ဟိုတယ်အုပ်စုဆို

မြန်မာ့ဟိုတယ်ကဏ္ဍ မယုံကြည်နိုင် လောက်အောင် အံ့အားသင့်ဖွယ် တိုးတက်လာသည်ဟု ကမ္ဘာကျော် အမေရိကန် ဟိုတယ်အုပ်စု Best Western Inter-national မှ အာရှနှင့် အရှေ့အလယ်ပိုင်း စီမံခန့်ခွဲရေးဌာနမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Mr.Glenn de Souza က ပြောကြားသည်။

အရက်၊ ဘီယာနှင့် ဆေးလိပ်ဖမ်းဆီးရရှိမှု ယခင်နှစ်ထက်လျော့နည်း


ဘဏ္ဍာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြည်တွင်းရှိ တရားမဝင် အရက်၊ ဘီယာနှင့် ဆေးလိပ် ယခုနှစ်သိမ်းဆည်း ရရှိမှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် (၂၀၁၂-၂၀၁၃) ထက် လျော့နည်းကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရသည်။

Monday, December 23, 2013

နယ်စပ်ဂိတ် စည်းမျဉ်းလျှော့ပေါ့ဖို့ ထိုင်းကုန်သည်အသင်း တောင်းဆို


23.12.2013

မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ လွယ်ကူချောမောအောင် လျှော့ပေါ့ပေးရေး အတွက် မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ကုန်သည်ကြီးများ အသင်းက ထိုင်းအစိုးရကို ထပ်မံတိုက်တွန်းလိုက်ပါတယ်။

Thursday, December 19, 2013

မောတောင် ကုန်သွယ်ရေးစခန်းမှ တစ်ပတ်လျှင် ကျပ်သိန်း ၅၀ အထိ ကုန်သွယ်ခွင့်ပြုထား


19.12.2013

တနင်္သာရီမြို့နယ် မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် တစ်ဦးချင်းကုန် သွယ်မှုကတ် ၁၂ ကတ်အထိသာ ရှိသေးပြီး ကုန်သွယ်မှု ပြုလုပ်ရာတွင် ၅ ရက်တစ်ပတ်လျှင် ကျပ်သိန်း ၅၀ အထိ ခွင့်ပြုထားကြောင်း သိရသည်။ တစ်ဦးချင်း ကုန်သွယ်မှုကတ် (ITC) ဖြင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် လိုင်စင်တစ်ခါ လျှောက်ထားလျှင် ကျပ် ၁၀ သိန်းအထိ ခွင့်ပြုထားပြီး တစ်နိုင်တစ်ပိုင်ကုန်သွယ် မှု ပြုသူများအတွက် ရည်ရွယ်ထားကြောင်း သိရသည်။

Tuesday, December 10, 2013

ငြိမ်းချမ်းရေး လိုင်စင်ကြောင့် အမြင့်ကားဈေးကွက် ထိခိုက်ဟုဆို

10.12.2013

ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များကို အခွန်ဆောင်စရာ မလိုဘဲ Free Permit အဖြင့် မော်ဒယ်လ် အမြင့်ပိုင်း မော်တော်ယာဉ်များ အပါအဝင် မော်တော်ယာဉ် အမျိုးအစားကို မခွဲခြားဘဲ တင်သွင်းခွင့် ပြုခြင်းကြောင့် တန်ဖိုးမြင့် ဇိမ်ခံမော်တော်ယာဉ် ဈေးကွက်ကို ထိခိုက်ကြောင်း မော်တော်ယာဉ် ဝယ်ရောင်းများက တညီတညွတ်တည်း ပြောကြားသည်။

Thursday, December 5, 2013

" အမေရိကန်၏ အထူးကုန်သွယ်မှုကင်းလွတ်ခွင့် မြန်မာသို့ ပေးနိုင်ရေး စီးပွားရေးဆိုင်ရာ အချက်အလက်များ တောင်းခံနေ "


5.12.2013

နှစ်ပေါင်း ၂၅ နှစ်ကြာရုပ်သိမ်းခဲ့သော အမေရိကန်၏ အထူးကုန်သွယ်မှု ကင်းလွတ်မှုအခွင့်အရေးကို အမေရိကန်မှ မြန်မာ သို့ ပြန်ပေးရန်အတွက် မြန်မာ၏ စီးပွားရေး ဆိုင်ရာ အချက်အ လက်များလစဉ် တောင်းခံမှုရှိနေကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနညွှန်ချုပ် ဦးတိုးအောင်မြင့်က ပြောသည်။

Wednesday, December 4, 2013

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း၏ ကနဦး စီမံကိန်းများကို ဆောင်ရွက်ရန် ကုမ္ပဏီ အဖွဲ့တစ်ခုအား လေးလတာ ကာလအတွင်း အပြီးသတ် ရွေးချယ်မည်



4.12.2013

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း၏ ကနဦး စီမံကိန်းများ လုပ်ဆောင်နိုင်ရန် ကုမ္ပဏီ အဖွဲ့တစ်ခုအား (International Tender) အနေဖြင့် လေးလတာ ကာလအတွင်း အပြီးသတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၌ ပြုလုပ်ခဲ့သည့် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

Friday, November 22, 2013

ထားဝယ်စီမံကိန်းမှာ ရင်းနှီးမြုပ်နှံသူတွေ ထပ်ဖိတ်ဖို့ ထိုင်း-မြန်မာ သဘောတူ



22.11.2013

ထားဝယ်အထူးစက်မှုဇုံစီမံကိန်းမှာ ရင်းနှီးမြုပ်နှံသူတွေ ထပ်မံဖိတ်ခေါ်ဖို့ အတွက် ထိုင်းနဲ့ မြန်မာတို့ သဘောတူလက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

Wednesday, November 20, 2013

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် မြေအသုံးချမှု ပိုမိုထိရောက်ရန် ယခင်သတ်မှတ်ထားသည့် နယ်နိမိတ် သတ်မှတ်ချက်ကို ပြင်ဆင်လျှော့ချ



20.11.2013

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် မြေအသုံးချမှု ပိုမိုထိရောက်ရန် ယခင်သတ်မှတ်ထားသည့် နယ်နိမိတ် သတ်မှတ်ချက်ကို ပြင်ဆင်လျှော့ချခဲ့ကြောင်း သတင်းရရှိသည်။

Monday, November 18, 2013

ထားဝယ် စီမံကိန်းမှ အီတာလျံ-ထိုင်း နုတ်ထွက်မည့် သတင်းများထွက်




18.11.2013

မြန်မာနိုင်ငံ၏ အရေးကြီးသော ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်း တစ်ခုဖြစ်သည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ကနဦး လုပ်ကိုင်ခွင့်ရ အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီ စီမံကိန်းမှ နုတ်ထွက်မည် ဆိုသည့် သတင်းများ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျက် ရှိကြောင်း ထားဝယ်ဒေသခံ အချို့နှင့် အဆိုပါ စီမံကိန်းတွင် လုပ်ကိုင်နေသူများက ပြောကြားသည်။

Tuesday, November 12, 2013

နိုင်ငံခြားသင်္ဘောများ မြန်မာ့ပင်လယ်ပြင် ငါးဖမ်းခွင့် ဧပြီလ ၁ ရက် ရပ်ဆိုင်းမည်


12.11.2013

နိုင်ငံခြား ငါးဖမ်းသင်္ဘောများကို ငါးဖမ်းဆီးခွင့် ပြုထားသည့် မြန်မာ့ပင်လယ် ငါးဖမ်းလုပ်ငန်းရေပြင် (မြန်မာ့ရေပိုင်နက် သီးသန့်စီးပွားရေးဇုန်မျဉ်း၏ အပြင်ဘက်) တွင် နိုင်ငံခြား သင်္ဘောများ၏ ပင်လယ်ပြင် ငါးဖမ်းဆီးခွင့် (Fishing Right) ကို လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင် ရပ်ဆိုင်းမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၉ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

ထိုင်း-ရန်ကုန်-အိန္ဒိယကားလိုင်းပြေးဆွဲရက်ရွှေ့


12.11.2013

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ရန်ကုန်၊ ရန်ကုန်မှတစ်ဆင့် အိန်္ဒိယနိုင်ငံ အင်ဖာမြို့အထိ ပြေးဆွဲမည့်ကား လိုင်းသစ်ကို မူလက နိုဝင်ဘာလေးရက်တွင် စတင်ပြေးဆွဲရန် သတ်မှတ်ထားသော်လည်း လိုအပ်သည့် ထောက်ခံချက်စာရွက်စာတမ်းများ မရရှိသေးသည့်အတွက် နိုဝင်ဘာ ၂၈ ရက်မှသာ ပြေးဆွဲနိုင်မည်ဟုယင်း ကားလိုင်းသစ် ပြေးဆွဲမည့် ရန်ကုန် Air Bus အသင်း ဥက္ကဋ္ဌ ဦးသာနိုင်က နိုဝင်ဘာ ၁၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

မြ၀တီနယ်စပ်မှ အောက်တိုဘာလအတွင်း လုပ်ငန်းသုံးနှင့် လူသုံးကုန်၊ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆိုင်ကယ် အပါအ၀င် အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၁၉ သန်းဖိုး ကုန်သွယ်နိုင်ခဲ့




12.11.2013

မြ၀တီ-ရန်ကုန် ကုန်သွယ်လမ်းကြောင်းတွင် ပြည်ပမှ တရားမ၀င် ကုန်စည်တင်သွင်းမှုအား Mobile Team ဖြင့် အရေးယူ ဆောင်ရွက်မှု တင်းကျပ်လာပြီးနောက် နယ်စပ်မှ တရားဝင်ကုန်သွယ်မှု မြင့်တက်လာခဲ့ကြောင်း တရားဝင် ကုန်ပစ္စည်း တင်သွင်းမှု မြင့်တက်လာခြင်းနှင့်အတူ မြ၀တီနယ်စပ်မှ အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၁၉ သန်းဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်း မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ သိရသည်။

Friday, November 1, 2013

မြန်မာ-ထိုင်း ကုန်သည်တွေ့ဆုံပွဲ ဘတ်ငွေသန်း ၆၀ ခန့် အရောင်းအ၀ယ်ပြုရန် သဘောတူ

1.11.2013

ထိုင်းနိုင်ငံ မဲဆောက်မြို့၌ အောက်တိုဘာလ ၂၉ ရက်က ကျင်းပခဲ့သည့် ထိုင်းနိုင်ငံမှ ကုန်သည်ကြီးများနှင့် မြန်မာနိုင်ငံကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ စီးပွားရေးလုပ်ငန်းရှင်များ၏ ဒုတိယအကြိမ် (Busi- ness Matching) တွေ့ဆုံပွဲတွင် ထိုင်းဘတ်ငွေသန်း ၆၀ ခန့် (ကျပ် သန်း ၁၈၀ ခန့်) နှစ်ဖက် ကုန်သည်များ အရောင်းအ၀ယ်ပြုရန် သဘောတူခဲ့သည်ဟု နှစ်ဖက်တွေ့ဆုံပွဲကို ဦးဆောင်ကျင်းပခဲ့သည့် တာခ် ခရိုင်နယ်စပ် ကုန်သွယ်ရေးအဖွဲ့မှ အတွင်းရေးမှူး မစ္စစ်စေကောင်းဇုဆိုင်းချေ့က အောက်တိုဘာ ၃၀ တွင် ပြောသည်။

Friday, October 25, 2013

ထိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ ရာခိုင်နှုန်း ၈၀ ခန့်သည် မြန်မာလူမျိုးများဖြစ်


25.10.2013

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင် နေကြသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ ရာခိုင်နှုန်း ၈၀ ခန့်သည် မြန်မာအလုပ်သမား များဖြစ်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမား အခြေပြု အဖွဲ့အစည်းဖြစ်သည့် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် အကြံပေးအရာရှိ ကိုစိန်ဌေးက ဆိုသည်။

Monday, October 21, 2013

ဗုံးကြောင့် ခရီးသွားလုပ်ငန်းထိခိုက်မှာ စိုးရိမ်

                                                    ရန်ကုန်မြို့က ဟိုတယ်တစ်ခု
21.10.2013

ရန်ကုန်မြို့နဲ့ တခြားမြို့တချို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံး ပေါက်ကွဲမှု တွေကြောင့် မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြား သား ခရီးသွားတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိကြသလို ခရီးသွား လုပ်ငန်းရှင်တွေ အနေနဲ့လည်း လုပ်ငန်းတွေ ထိခိုက်လာ မှာကို စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။

Monday, October 14, 2013

ရေကျိုငါးပိများတွင် ဓာတ်မြေသြဇာမပါဝင်ကြောင်း အာမခံ၍ ရောင်းချပေးမည်ဟု လုပ်ငန်းရှင်များဆို

14.10.2013

ရေကျိုငါးပိများတွင် ဓာတ်မြေသြဇာထည့်သွင်းသုံးစွဲထားခြင်းမရှိကြောင်း တာဝန်ယူအာမခံရောင်းချပေးသွားမည်ဟု မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များအသင်း(ယာယီ) တာဝန်ရှိသူများက ပြောသည်။