address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်
Showing posts with label သတင်းများ. Show all posts
Showing posts with label သတင်းများ. Show all posts

Friday, July 4, 2014

အရက်နှင့် နွားနို့ ရောသောက်မည့် ပထမဆုံး Milk Party ရန်ကုန်မြို့တော်တွင် ကျင်းပမည်

July 4, 2014
ရန်ကုန်မြို့တော်တွင် အရက်နှင့် နွားနို့ ရောသောက်မည့် Milk Party ကို အင်းယားလိပ် ဝင်းအတွင်းရှိ GTR II ကလပ်တွင် ဇူလိုင်လ ၄ ရက်၊ ညနေ ၄ နာရီ ၃၀ မိနစ်မှ ည ၁၀ နာရီ ၃၀ မိနစ်ထိ ကျင်းပမည် ဖြစ်ကြောင်း Trigger Entertainment မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သမ္မတကြီးက “အရက်အစား နွားနို့သောက်ပါ” လို့ မှာကြားထားပါတယ်၊ လူတွေကို အရက်မသောက်နဲ့လို့ ပြောလို့မှ မရတာ၊ အရက်နဲ့ နွားနို့နဲ့ ရောသောက်ရင် ကျန်းမာရေးအတွက် အထောက်အကူပြုတယ် ဆိုတာ တချို့လူတွေ မသိကြဘူး၊ အဲဒီ မက်ဆေ့လေး ပေးချင်တာလည်း ပါတယ်” ဟု Trigger Entertainment မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သရဖူသိမ်းမည့်ကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်ကာ ဖြေရှင်းမည်ဟု မေမြတ်နိုးဆို

July 4, 2014
ပွဲဆူနေသော အာရှပစိ ဖိတ်အလှမယ် သရဖူသိမ်းခြင်း၊ မသိမ်းခြင်းကိစ္စနှင့် ပတ်သက်၍ လတ်တလောမည့်သည်မှတ်ချက် မျှ မပေးလိုဘဲ ဘန်ကောက်သို့ ကြော်ငြာရိုက်ကူးပြီး ပြန်လာမှ သာ သတင်းစာရှင်းလင်းပွဲပြုလုပ် ကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း မေမြတ်နိုးကပြောသည်။

‘‘လောလောဆယ်တီချယ် လှနုထွန်းတို့ သတင်းစာထဲမှာ ထည့်ထားတဲ့ကိစ္စတွေအကုန်လုံး   က စွပ်စွဲထားတာတွေပါလို့။ တစ် ခုမှ မမှန်ပါဘူးလို့ ပြောချင်ပါ တယ်။ လောလောဆယ်တော့ ဘန်ကောက်မှာ ကြော်ငြာသွား ရိုက်မှာနဲ့ အလုပ်နည်းနည်းရှုပ် နေပါတယ်။ သတင်းစာ ရှင်း လင်းပွဲက နောက်မှ လုပ်ပါမယ်’’ ဟု မေမြတ်နိုးကပြောသည်။

ကလေးလုပ်သားဝင်ငွေကို မိသားစုထံပေးပြီး ကလေးလုပ်သားကို ကျောင်းနေစေတော့မည်

July 4, 2014

အခမဲ့ပညာရေးစနစ် ထိထိရောက်ရောက် အကောင်အထည်ပေါ်လာစေရန် ပညာမသင်ကြားနိုင်ဘဲ အလုပ်ခွင်ဝင်နေရသည့် ကလေး၏ ၀င်ငွေကို မိသားစုအား ထောက်ပံ့ပေးပြီး ကျောင်းနေနိုင်ရေး စတင်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာ သုံးသပ်ရေးအဖွဲ့(CESR) အမျိုးသားအဆင့် ပညာရေး ကျွမ်းကျင်ပညာရှင် ဦးတင်လှိုင်က မဇ္ဈိမကို ပြောသည်။

အဆိုပါအစီအစဉ်ကို၂၀၁၅-၁၆ ပညာသင်နှစ်မှ ပညာရေးဘတ်ဂျက်တွင် ထည့်သွင်းတောင်းခံပြီး အကောင်အထည် ဖော်သွားမည်ဖြစ်သည်။
“အခမဲ့ပညာရေး ပုံဖော်နေပေမယ့် ထိရောက်မှုအပိုင်းက အများကြီး လိုနေသေးတယ်။ အပြည့်အ၀ ပုံဖော်နိုင်ဖို့ဆိုရင် သူတို့ရဲ့ မိသားစုတွေကို ထောက်ပံ့မှုလုပ်ကို လုပ်ရမယ်။ လုပ်နိုင်အောင် အခြေခံအချက်အလက်တွေ ကောက်ခံသွားမယ်။ ပြီးရင် မြို့နယ်တစ်ခုမှာ စမ်းသပ်ပြီး ဆောင်ရွက်ပေးမယ်”ဟု ဦးတင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံကို EITI အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် သတ်မှတ်

July 4, 2014

မြန်မာနိုင်ငံကို နိုင်ငံတကာ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် EITI ဘုတ်အဖွဲ့က ဇူလိုင်လ ၂ ရက်နေ့တွင် အတည်ပြု သတ်မှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ EITI ညှိနှိုင်းဖော်ဆောင်ရေး ရုံးထံမှ သိရသည်။

မက္ကဆီကိုနိုင်ငံတွင် ဇူလိုင်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့က ကျင်းပသည့် (၂၇) ကြိမ်မြောက် နိုင်ငံတကာ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) ထိပ်သီးအစည်းအဝေး အတွင်း ၄၅ နိုင်ငံမြောက် အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ဆုံးဖြတ် အတည်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

Thursday, July 3, 2014

ဇူလိုင် ၂ ရက် ညပိုင်း မန္တလေးပဋိပက္ခ ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် အစ္စလာမ်ဘာသာဝင်တစ်ဦး သေဆုံး

July 3, 2014

မန္တလေး-မန္တလေးမြို့တွင် ဇူလိုင် ၂ ရက် ညပိုင်း၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် နှစ်ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့နံနက် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထုတ်ပြန်ခဲ့သည်။

သေဆုံးသူနှစ်ဦးမှာ တစ်ဦးက ဗုဒ္ဓဘာသာဖြစ်ပြီး ကျန်တစ်ဦးမှာ အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဇူလိုင် ၂ ရက် ည ၁၁ နာရီနောက်ပိုင်းမှ ဇူလိုင် ၃ ရက် နံနက်အထိ အုပ်စုဖွဲ့အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်ဖျက်ဆီးသည့်ဖြစ်စဉ် ရှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက ပြောသည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ပထမဆုံးအကြိမ် တရားရုံးထုတ်

July 3, 2014

သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုပ္ဗသီရိမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ်အဖြစ် လာရောက်တရား ရင်ဆိုင်ခဲ့ပြီး ရက်မန်တစ်ပတ် ရုံးချိန်းပေးခဲ့သည်။

တရားရုံးသို့ လာရောက်စဉ် ဦးဆန်းဆင့်အား မီဒီယာသမားများက မေးမြန်းချက်များအပေါ် “ဒါဟာ အလွန်ပဲ မတရားပြုလုပ်မှု တခုလို့ပဲ သုံးသပ်ပါတယ်၊ ဒါကြောင်မလို့ ဆရာတော်၊ သံဃာတော်တွေ မှန်တဲ့ဘက်က ရပ်တည်ပေးတာ၊ ကျွန်တော်ဟာ သာသနာ့ အကျိုးဆောင်ရွက်တာဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့ သံဃာ့အကျိုးဆောင်ရွက်တဲ့ သူသည် သာသနာရဲ့ အစောင့်အရှောက်ကို ယုံကြည်ပါတယ်၊ ဆရာတော်၊ သံဃာတော် အပေါင်းတို့ဟာ 
မှန်ကန်တဲ့ရပ်တည်ခဲ့တဲ့ ကျွန်တော့်ကိုဘက် ကို ရပ်တည်ပေးပါ၊ စောင့်ရှောက်ပေးပါ၊ သမာဒေဝ နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပေးပါ၊ ကျွန်တော်မတရားမလုပ်ပါဘူး၊ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားမလုပ်ပါဘူး၊ ယနေ့အထိ ကျွန်တော် သစ္စာဆိုရဲပါတယ်၊ ကျွန်တော် ငါးပြားတစ်စေ့ကအစ နိုင်ငံတော်အပေါ် အလွဲသုံးစားမလုပ်ပါဘူး၊ ကျွန်တော် ရပ်တည်ချက်မှန်ကန်သော်လည်း သမ္မတရဲ့ အမိန့်ကို မနာခံဘူးဆိုတဲ့ သဘောနဲ့ လုပ်တာဖြစ်ပါတယ်၊” ဟု အစောင့်များကြားမှ အလျင်အမြန် ဖြေကြားခဲ့သည်။

ဆဲဗင်းဇူလိုင်အခမ်းအနား ရန်ကုန်နှင့် ပြင်ဦးလွင်တွင် တစ်နိုင်ငံလုံး အနေအထားဖြင့် ကျင်းပမည်

July 3, 2014

ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့တော်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တို့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်က တစ်နိုင်ငံလုံး အနေအထားဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ချုပ် မန္တလေးတာဝန်ခံ ဦးရဲရင့်ကျော်က The Voice သို့ ပြောကြားသည်။

“ဒီကျောင်းသားထုနဲ့ဆိုင်တဲ့ အခမ်းအနားကို နှစ်စဉ်ကျင်းပသွားမှာပါ။ အဖွဲ့ချုပ်ကနေပြီး တစ်နိုင်ငံလုံးက ဗကသကျောင်းသားတွေ ပါဝင်နိုင်အောင် ရန်ကုန်မှာ တစ်နေရာ၊ ပြင်ဦးလွင်မှာ တစ်နေရာ ပြုလုပ်သွားမှာပါ။ ဒါမှလည်း သွားလာရေး အခက်အခဲတွေအတွက် အဆင်ပြေသွားမယ်” ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံခရီးစဉ်အတွင်း ထီးတော်တင်ပွဲတွင် သမ္မတဖိနပ်စီးခြင်းမှာ စေတီရင်ပြင်တွင် မဟုတ်ဟုဆို

July 3, 2014

တရုတ်နိုင်ငံ၊ လော့ရန်မြို့ မြင်းဖြူကျောင်းတော်ရှိ မဟာစိနပဘာ ရွှေတိဂုံပုံတူစေတီတော် ရွှေထီးတော်တင်လှူပွဲ စိန်ဖူးတော် ပင့်ဆောင်စဉ် နိုင်ငံတော်သမ္မတ ဖိနပ်စီးထားခြင်းမှာ စေတီတော် ရင်ပြင်တွင် မဟုတ်ဘဲ စေတီတော်ပရိဝုဏ်အတွင်းရှိ မြေပြင်ပေါ်တွင်သာဖြစ်ကြောင်း တရုတ်နိုင်ငံသို့ လိုက်ပါသွားသည့် သာသနာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

ဇူလိုင် ၂ ရက်ထုတ် ကြေးမုံ သတင်းစာမျက်နှာဖုံးတွင် ဖော်ပြထားသော ဓာတ်ပုံတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တစ်ဦးတည်း ဖိနပ်စီးထားမှုအပေါ် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

မန္တလေး ပဋိပက္ခအတွက် သစ်ထူးလွင် သတင်းဝက်ဘ်ဆိုက် တောင်းပန်

July 3, 2014

ရဲတပ်ဖွဲ့ဝင်နှင့် အရပ်သားအချို့ ဒဏ်ရာရရှိပြီး မော်တော်ယာဉ်များ ဖျက်ဆီးခံရသည်အထိ ဖြစ်ပွားခဲ့သော မန္တလေးမြို့တော်မှ ပဋိပက္ခများအတွက် တောင်းပန်ကြောင်း သစ်ထူးလွင် သတင်းဝက်ဘ်ဆိုက် တာဝန်ရှိသူများက ဇူလိုင် ၂ ရက်နေ့တွင် ကြေညာလိုက်သည်။

သစ်ထူးလွင် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် ဘာသာခြား အမျိုးသားနှစ်ဦးက ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည် ဆိုသည် သတင်းကြောင့် မန္တလေးမြို့တော်တွင် ဇူလိုင် ၁ ရက်နေ့က ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများကို လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့ရှိရသည့် အတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ ယခုအခါ ပြဿနာများ မဖြစ်ပွားရန် သစ်ထူးလွင်၏ ဆိုရှယ်မီဒီယာ စာမျက်နှာများနှင့် သတင်းဝက်ဘ်ဆိုက်များတွင် အဆိုပါသတင်းကို ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း သစ်ထူးလွင် သတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်သော မိန်းကလေးအား အဓမ္မပြုကျင့်သည်ဟု ဆိုသူနှစ်ဦးကို အမှုဖွင့်

July 3, 2014

လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်သော မိန်းကလေးအား အဓမ္မပြုကျင့်သည်ဟု ဆိုသူနှစ်ဦးကို ပျဉ်းမနားမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ၂၇လမ်းနှင့် ၈၂လမ်း ထောင့်ရှိ ဆန်းကဖေးလက်ဖက် ရည်ဆိုင်ပိုင်ရှင် ညီအစ်ကိုနှစ်ဦး သည် ၎င်းတို့လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်နေသော အမျိုးသမီးငယ်တစ်ဦးကို နေပြည်တော်တွင် ဆိုင်သစ်ဖွင့်ရန်အတွက်ဟုဆိုကာ ကားဖြင့်တင်ဆောင်ခေါ်ယူလာပြီး ပျဉ်းမနား မြို့အနီး၌ အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ၎င်းတို့ နှစ်ဦးကို အရေးယူရန် ဇွန်လ၂၈ ရက်တွင် အမျိုးသမီးငယ်က တိုင်ကြားထားပြီး ပျဉ်းမနား မြို့မရဲစခန်း၌ ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့် ထားသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးဇော်မင်းဦးကပြောသည်။

Wednesday, July 2, 2014

ရခိုင် ဝန်ကြီးချုပ်သစ် အပြော နည်းနည်းလျော့ပါ

July 2, 2014

ဦးမောင်မောင်အုန်းဟာ ဒီနေ့ ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်း အဝေးမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် သစ် အဖြစ် ကျမ်း သစ္စာကျိန်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ 

ကျမ်းကျိန်တာနဲ့တပြိုင်နက်တည်းမှာပဲ ချောက်ထဲရောက်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ အဘက် ဘက်က နိမ့် ကျနေမှုကို ဆွဲတင်ပေးတော့မှာဖြစ်လို့ သူ့ကို ယုံကြည်ပေးကြပါ၊ ရခိုင်ပြည်သူတွေကလည်းပဲ ပါဝင် ပူးပေါင်း ပေးကြပါလို့ လွှတ်တော်မှာ ပြောဆိုသွားပါတယ်။ 

မြန်မာ နိုင်ငံရဲ့ ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ ဒုတိယ အဆင်းရဲဆုံး အဆင့် ချိတ်ဆွဲထားတဲ့ ရခိုင်ပြည်နယ်ကို အဆင့် ၁၀ အထိ ရောက်အောင် ဆောင်ရွက်ပေးသွားမယ်လို့လည်း ဆိုပါတယ်။ 

မန္တလေး အဓိကရုဏ်း ရဲတဦး အပါအ၀င် ၆ ဦးဒဏ်ရာရ

July 2, 2014

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ ချမ်းအေးသာဇံ အရှေ့ရပ်ကွက်၊ ၂၇ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖေးတွင် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းက ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သော ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတဦး အပါအ၀င် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကာ မော်တော်ယဉ် ၁၀ စီးနှင့် ဆိုင်ခန်းများ ဖျက်ဆီးခံခဲ့ရကြောင်း သတင်း ရရှိသည်။

ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီခန့်တွင် ကိုနေ၀င်းနှင့် ကိုဆန်းမောင်တို့ ပိုင်ဆိုင်သော နေ ကဖေးနှင့် ဆန်းကဖေး ဆိုင် ၂ ဆိုင် ကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ရဲတပ်ဖွဲ့ ပိတ်သိမ်းခိုင်းရာမှ လူမျိုးရေး ဘာသာရေး အသွင် ဆောင် သည့် ပဋိပက္ခ တခု ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း၊ ဆိုင်ပိုင်ရှင် ၂ ဦးသည် ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်တဦးကို မုဒိမ်း ကျင့်သည်ဆိုသော စွပ်စွဲ ချက်ဖြင့် နေပြည်တော် ပျဉ်းမနားမြို့နယ် ရဲစခန်းတွင် ပ၂၉၃/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၇၆ မုဒိမ်းမှု ဖြင့် အမှုဖွင့်ခံ ထားရသူများ ဖြစ်ကြောင်း သိရှိရသည်။

Tuesday, July 1, 2014

ကျ ပ်သိန်း ၇၀၀ တန် KNLA စစ်ဦးစီးချုပ်၏ကား ရန်ကုန်တွင်ဖမ်းဆီးခံရ

July 1, 2014

ရန်ကုန်မြို့ တွင် ဖမ်းဆီးခံရသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၏ ကျ ပ်သိန်း ၇၀၀ တန် ပါဂျဲရိုးကားကို ပြန်ယူမည်မဟုတ်ဟု KNU ဘက်ကပြောသည်။

မြ၀တီမြို့ ရှိ KNU ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးဇောရိုးက" အဖမ်းခံရတာဟုတ်ပါတယ် ပြီးခဲ့တဲ့ ၂၃ ရက်နေ့ကပါ ကျနော်တို့ဘက်ကတော့ ဒီကားကိုပြန်ပေးရင်တောင် ပြန်ယူမှာမဟုတ်ဘူး"
ပြောသည်။

စစ်ဦးစီးချုပ်သည် နေပြည်တော်ရှိ နိုင်ငံတော်သမတကြီး ဦးသိန်းစိန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချု ပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့်သွားရောက်တွေ့ဆုံစဉ်ကလည်း အဆိုပါကားနှင့်သာ သွားရောက်ခဲ့သည်ဟု ဗိုလ်မှူးဇောရိုးက ဖြည့်စွက်ပြောကြားသည်။

ဖွဲ့စည်းပုံကြောင့် ငရဲပြည်ဖြစ်နေဟု ဝေဖန်


July 1, 2014

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြောင့်ဖြစ်ပေါ်နေသည့် မမျှတမှုများ၊ ကန့်သတ်ခံထားရမှုများသည် မြန်မာနိုင်ငံကို ငရဲပြည်ကဲ့သို့ ဖြစ်နေစေသည် ဟု ၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းကိုနိုင်က ဇွန်၃၀ရက်တွင် ဝေဖန်လိုက်သည်။

မကွေးတိုင်း၊ မင်းဘူးမြို့တွင် ကျင်းပ သည့်၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ၎င်းက ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။ “လူကို လူချင်း ကျွန်ပြုထားသလိုဖြစ်နေပါတယ်။ မပြင်ခဲ့ရင် မြန်မာပြည်လို့ မသတ်မှတ်ပါနဲ့၊ ငရဲပြည်လို့သာ သတ်မှတ်လိုက်ပါ”ဟု ဦးမင်းကိုနိုင်က ဆိုသည်။

ဖွဲ့စည်းပုံက တပ်မတော်ကို ပေးထားသော အထူးအခွင့်အရေးများ၊ ပြည်သူတို့၏ ရွေးချယ်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို ရည်ညွှန်း၍ ၎င်းက ပြောခြင်း ဖြစ်သည်။

ထိုင်းရောက် အထောက်အထားမဲ့ လုပ်သားများကို နှစ်လ ယာယီအလုပ်လုပ်ခွင့် လက်မှတ် ထုတ်ပေး


July 1, 2014

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သားများကို နှစ်လ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ဇွန်လ ၃၀ ရက်နေ့မှ စတင် ထုတ်ပေးနေပြီ ဖြစ်ကြောင်း ယင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

ယင်းအစီအစဉ်ကို စမွတ်စာခွန်ခရိုင် မဟာချိုင်ဒေသတွင် စတင်ခြင်းဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘတ်ဟုခေါ်သည့် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ကို တစ်ခါတည်း ထုတ်ပေးပြီး ကုန်ကျစရိတ်အဖြစ် ထောရော ၃၈/၁ (ကိုယ်ရေးအကျဉ်း) ထုတ်ရန်အတွက် ဘတ် ၈၀၊ ကျန်းမာရေး စစ်ဆေးခ ဘတ် ၅၀၀၊ ကျန်းမာရေး အာမခံလက်မှတ် သုံးလစာ ၅၀၀ ဘတ်၊ အလုပ်လုပ်ခွင့် လက်မှတ် ၂၂၅ ဘတ် စုစုပေါင်း ၁၃၀၅ ကုန်ကျမည် ဖြစ်ကြောင်း MWRN ထံမှ သိရှိရသည်။

အစိုးရစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမူ SSPP/SSAမှ (၃)ဦးသေဆုံး (၈)ဦး ဒဏ်ရာရ

July 1, 2014

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSAအဖွဲ့နှင့် အစိုးရစစ်တပ်တို့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်ဘက်မှ (၁)ဦး ကျဆုံးကာ (၅)ဦး ဒဏ်ရာရရှိပြီး SSPP/SSAအဖွဲ့ဘက်မှလည်း (၃)ဦး ကျဆုံးကာ (၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရ စစ်တပ်မှ အရာရှိတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်အတွင်းရှိ တာ့ဖာဆောင်တံတားအနီးတွင် လုံခြုံရေးဆောင်ရွက်နေသော အစိုးရစစ်တပ်ကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၅နာရီခွဲခန့်မှာ SSPP/SSA အဖွဲ့က စတင်၍ လာရောက်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး (၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အစိုးရစစ်တပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သထုံခရိုင်ကို သုဝဏ္ဏဘူမိ ခရိုင်အဖြစ် သတ်မှတ်ရန် ပြည်နယ်လွှတ်တော် စီစဉ်

July 1, 2014

စစ်တောင်းမြို့မှ စတင်ပြီး ပေါင်မြို့နယ် မုတ္တမဒေသထိ ရှေးမြို့ဟောင်းများနှင့် ရှေးမြို့ရိုးဟောင်းများ တည်ရှိနေသည့် သထုံခရိုင်ကို သုဝဏ္ဏဘူမိ ခရိုင်အဖြစ် ပြောင်းလဲသတ်မှတ်ရန် မွန်ပြည်နယ်လွှတ်တော်က ဆောင်ရွက်မည် ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေက ပြောကြားသည်။
သထုံခရိုင်ကို သုဝဏ္ဏဘူမိ ခရိုင်အဖြစ် အမည်ပြောင်းလဲ သတ်မှတ်နိုင်ရန် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် တင်ပြမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော် အစည်းအဝေးက အတည်ပြုမှု ရရှိပါက အမည်ပြောင်းလဲ သတ်မှတ်နိုင်ရန် ပြည်ထောင်စုအစိုးရထံ ဆက်လက်တင်ပြမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

Monday, June 30, 2014

မှိုစားပြီး အဆိပ်သင့်ကာ သားအဖလေးဦး သေဆုံး

Monday, June 30, 2014

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တွီဗျာလ်ကျေးရွာတွင် မှိုစားပြီး သားအဖလေးဦးစလုံး သေဆုံးသွားကာ သမီးဖြစ်သူမှာမူ ဆေးကုသမှု ဆက်လက်ခံယူနေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

တောထဲမှရရှိလာသော ဒေသအခေါ် ဒေါင်းမှိုစားရာမှ သားအဖလေးဦး အစာအဆိပ်သင့်ခဲ့သဖြင့် ကျေးရွာဆရာဝန်နှင့်ပင် ဆေးကုသမှုခံယူခဲ့သည်။

တရုတ်က မြန်မာကို တန်းတူရည်တူ ဆက်ဆံသလား

June 30, 2014
မြန်မာအစိုးရ အကြီးအကဲ ဦးသိန်းစိန်ကပဲ တရုတ်ပြည်ဆီ ခဏခဏသွားပေမယ့် တရုတ်သမတသစ်က မြန်မာပြည်ကို တခေါက်မှ မလာသေးတာကလည်း တရုတ်အစိုးရက မြန်မာအစိုးရကို တူတူတန်တန် ဆက်ဆံရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ အခုတခေါက် သမတ ဦးသိန်းစိန်ရဲ့ ငါးကြိမ်မြောက် တရုတ်ပြည် ခရီးကတော့ အချိန်အများစု ချောင်ထိုးခံထားရတဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူ ၅ ရပ်ရဲ့ နှစ် ၆၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ ဖြစ်ပါတယ်။

ငြိမ်းချမ်းသာယာစွာ ယှဉ်တွဲနေထိုင်ရေးမူကြီးမူငါးရပ်နဲ့ ပတ်သက်လို့ အဲဒီအချိန်က တရုတ်နဲ့ အိန္ဒိယ ၀န်ကြီးချုပ်တို့နဲ့ အတူ ပူးတွဲပန္နက်ချခဲ့တဲ့ မြန်မာဝန်ကြီးချုပ် ဦးနုက တရုတ်ပြည်မှာ မိန့်ခွန်းရှည်ကြီး ပြောခဲ့ဖူးပါတယ်။ အနှစ်ချုပ်ကတော့ တနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို တနိုင်ငံက လေးစားဖို့၊ တဦးနဲ့တဦး နယ်မြေမကျူးကျော်ရေး၊ တနိုင်ငံရဲ့ ပြည်တွင်းရေးမှာ တဦးက ၀င်မစွက်ဖို့၊ တန်းတူညီမျှစွာ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ဆက်ဆံရေးကို ထူထောင်ဖို့နဲ့၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးတွေ ပါဝင်ပါတယ်။ ဒါပေမ့ယ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူကို သဘောတူပြီး နောက်ပိုင်းနှစ်တွေမှာ တရုတ်နဲ့ အိန္ဒိယတို့ စစ်ဖြစ်ခဲ့ကြတယ်။ တရုတ်က ယဉ်ကျေးမှု တော်လှန်ရေးကို မြန်မာပြည်ကို တင်ပို့ခဲ့လို့ မြန်မာပြည်ထဲမှာ တရုတ်မြန်မာ အဓိကရုဏ်း ပေါ်ပေါက်ခဲ့တယ်။

PR စနစ်အပေါ် နိုင်ငံရေးပါတီများ အထင်လွဲနေခြင်းကို ရှင်းမည်ဟု NDF ဆို

June 30, 2014

PR (အချိုးကျ ကိုယ်စားပြုစနစ်) နှင့် တင်သွင်းခြင်းကို အခြားနိုင်ငံရေး ပါတီများ အထင်လွဲနေမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ရှင်းလင်းသွားမည် ဖြစ်ကြောင်း ယင်းစနစ်ကို အသုံးပြုရန် အကြိမ်ကြိမ် အဆိုပြုခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

အဆိုပါ ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ဇူလိုင်လ ၂ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းကော်မရှင်က ကြေညာထားသည်။

“PR စနစ်ကို လွှတ်တော်မှာ ကျွန်တော်တို့က တင်တာဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး မကျေလည်တာတွေကို အခြားပါတီတွေက မေးမြန်းမှာပါ။ အဲဒီအတွက် ကျွန်တော်တို့ဘက်က ရှင်းလင်းဖို့ ပြင်ဆင်ထားပါတယ်” ဟု ၎င်းကဆိုသည်။