address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်
Showing posts with label အမေးအဖြေကဏ္ဍ. Show all posts
Showing posts with label အမေးအဖြေကဏ္ဍ. Show all posts

Tuesday, April 7, 2015

မငြိမ်းချမ်းရခြင်း အကြောင်းရင်းကိုလည်း သိဖို့လိုအပ်တယ်။ ဒီမငြိမ်းချမ်းရတဲ့အကြောင်းရင်းတွေကို ဖြေရှင်းနိုင်မှ ငြိမ်းချမ်းရေးဆိုတာ ရှိလာမှာပါ NCCT ဒုခေါင်းဆောင်၊ KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း နှင့်တွေ့ဆုံခြင်း



7.4.2015

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်၊ နိုင်ငံရေးဆွေးနွေးပွဲများ ရှေ့အလား အလာနှင့်ပတ်သက်၍NCCTဒုတိယခေါင်းဆောင်၊ KNUအထွေထွေအတွင်းရေးမှူးဖဒိုစော ကွယ်ထူးဝင်းကို 7Day သတင်းဌာနက ဧပြီ ၁ရက် တွင် တွေ့ဆုံမေးမြန်းခဲ့ပြီး ယင်းအနက်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Monday, January 26, 2015

ကရင်ပြည်နယ်အခြေစိုက် ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးအတွက် ပြည်သူအသံ၊ အကြံဉာဏ်ရယူခြင်း စီမံကိန်းတာဝန်ခံ စောဖိုးခွါးကြီး (ခေါ်) စောထက်ဝေယံကျော်နှင့် တွေ့ဆုံမေးမြန်းခြင်း



26.1. 2015

စောဖိုးခွါးကြီးဟာ ၂၀၀၁ခုနှစ်မှာ ဖားအံမြို့၊ အ.ထ.က(၁)မှာ ဆယ်တန်းအောင်မြင်ပြီးတော့ ၂၀၀၅ခုနှစ်မှာ နိုင်ငံတကာဆက်ဆံ ရေး(I.R BA)ဘွဲ့ရခဲ့ပါတယ်။ လက်ရှိ ကရင်ပြည်နယ်အခြေစိုက် ငြိမ်းဖေါင်ဒေးရှင်းမှာ ၂၀၀၇ခုနှစ်ကနေ စတင်လုပ်ဆောင်ပြီး “ငြိမ်းချမ်းရေးအတွက် ခြေတစ်လှမ်း”ခေါင်းစဉ်နဲ့ ကရင်ပြည်နယ် မှာရှိတဲ့ ဒေသခံ တိုင်းရင်းသားတွေကို ငြိမ်းချမ်းရေးအကြောင်း အမြင်ဖွင့်သင်တန်းတွေ လိုက်လုပ်ပေးခဲ့ တယ်။ ၂၀၁၀ခုနှစ်မှာတော့ ရွေးကောက်ပွဲအတွက် မဲပေးတဲ့ကိစ္စတွေကို လိုက်လံလုပ် ဆောင်ပေးတယ်။ ၂၀၁၃ခုနှစ်က ၂၀၁၄ခုနှစ်အထိ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအလုပ်များ လုပ်ဆောင် ခဲ့ပါ တယ်။ ယခုအချိန်ထိ ငြိမ်းဖောင်ဒေးရှင်းမှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။

Thursday, January 22, 2015

တွေ့ဆုံမေးမြန်းခြင်း ပဒိုစောသမိန်ထွန်းပြောတဲ့ ကရင့်တော်လှန်ရေး




22.1.2015


“နိုင်ငံရေးဆွေးနွေးမှုတွေနဲ့ စားပွဲခုံမှာ ကျနော်တို့ ဆက်လက် ဆွေးနွေးသွားရလိမ့်မယ်လို့ ကျနော်တို့မြင်တယ်။ ဒီလိုမှ မလုပ်ရင်လည်း တိုင်းပြည်က နာနေပြီ။ လူထုမှာလည်း နာနေပြီ။အဲဒါထက် တခြားအိမ်နီးချင်းနိုင်ငံတွေ ထက် အများ ကြီးကို နောက်ကျသွားပြီ။”

၂၀၁၅ခုနှစ်၊ ဇန်န၀ါရီလ ၃၁ရက်နေ့သည် ကရင်အမျိုးသားများ၏ တော်လှန်ရေး ၆၆နှစ်ပြည့်မြောက်ပြီဖြစ်ရာ ထိုအကြောင်းအရာ နှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်းအား ကေအိုင်စီက တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

Thursday, October 30, 2014

ကေအန်ယူ အရေးပေါ်အစည်းအဝေး မေးမြန်းချက်



30 .10. 2014 
ကရင်အမျိုသားအစည်းအရုံး (ကေအန်ယူ)ရဲ့ သီတင်းတပတ်နီးပါကြာ ကျင်းပခဲ့တဲ့ အရေးပေါ် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးမှာ ဘာတွေ အဓိကထားဆွေးနွေးခဲ့ကြလဲဆိုတာနဲ့ ပတ်သက်ပြီး ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒို စောသမိန်ထွန်းကို နော်နိုရင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

Wednesday, October 22, 2014

ယူအင်န်အက်ဖ်စီ ခွဲထွက်သွားတဲ့ ကေအင်န်ယူအပေါ် ဆလိုင်းလျန်မှုန်း ဆာခေါင်း ဘယ် လိုမြင်သလဲ



22.10.2014

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများပြုလုပ်နေစဉ် ကရင့်အမျိုးသား အစည်းအရုံး KNU နှင့်ပတ်သက်၍ တိုင်းရင်းသားများထဲမှ နိုင်ငံရေးအကျိုး အမြတ်အတွက် သီးသန့်ခွဲထွက်ခြင်း၊ အကျိုးအမြတ်ရရှိရေး ဆောင်ရွက်နေခြင်း စသည်ဖြင့် KNU အပေါ် ကောလာဟလ ထွက်ရှိခဲ့ခြင်းတို့နှင့်ပတ်သက်၍ သုံးသပ်ပေး နိုင်ရန် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်ပြီး ချင်းအမျိုးသားတပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနဲ့ တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်စဉ် အခြေအနေများကို ကရင်အမျိုးသားအစည်းအရုံး [KNU] အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းနှင့် တွေ့ဆုံခြင်း




 
‘‘ကရင်မှာဖြစ်တာ အများစုက သံသယစိတ်နဲ့ အောက်ခြေမှာ နားမလည်မှုတွေကြောင့် ဖြစ်တယ်’’
===================================================
22.10.2014

ပြည်ထေင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့( NCCT) တို့ ခြောက်ကြိမ်မြောက် ဆွေးနွေးပွဲအပြီး စက်တင်ဘာနောက်ဆုံးပတ်က ကရင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခအချို့ ပြန်လည်ဖြစ်ပွားခဲ့သည်။