11.9.2013
တောင်ငူခရိုင် ထန်းတပင်မြို့နယ် တပြေးကျေးရွာအုပ်စုရှိ အငြင်းပွားနေသော လယ်ယာမြေဧက ၂၀၀ နီးပါးတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တောင်ငူခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ရင်းအမှတ် (၆) တာဝန်ရှိသူများက လက်ရှိစိုက်ပျိုးနေသူများကို လုပ်ကိုင်ခြင်းမပြုရန် စက်တင်ဘာလ ၇ ရက်နေ့က ထပ်မံတားမြစ်ခဲ့ကြောင်း ထန်းတပင်မြို့ နယ် တပြေးကျေးရွာအုပ်စု ဒေသခံ တောင်သူအချို့က The Voice သို့ ပြောကြားသည်။