address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်
Showing posts with label ဘာသာရေးသတင်း. Show all posts
Showing posts with label ဘာသာရေးသတင်း. Show all posts

Sunday, May 11, 2014

ရွှေတိဂုံပုံတူကိတ်မုန့်လှီးခဲ့သည့် မြန်မာသံအမတ်ကို သာသနာရေးဝန်ကြီးဌာန ကန့်ကွက်

11.5.2014

ဂျာမနီနိုင်ငံမှ Condor လေကြောင်းလိုင်းဖွင့်ပွဲတွင် ရွှေ တိဂုံစေတီပုံတူကိတ်မုန့်လှီးဖြတ် ခဲ့သည့်အပြုအမူနှင့် ယင်းကိစ္စတွင် ပါဝင်ခဲ့သူ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးနွယ် တို့အား ကန့်ကွက်လွှာ ပေးပို့ထား ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံနှင့် ဥရောပသို့ တိုက်ရိုက်ပြေးဆွဲမည့် အဆိုပါ လေကြောင်းဖွင့်ပွဲအခမ်းအနား တွင် ရွှေတိဂုံစေတီပုံတူကိတ်မုန့် အားလှီးဖြတ်ကာ အခမ်းအနားဖွင့် လှစ်ခဲ့ခြင်းသတင်းကို ဧပြီ ၂၅ ရက်က ရဲရင့်ငယ် (ကနေဒါ)အမည်ဖြင့် အင်တာနက်တွင် လွှင့် တင်ခဲ့ကြောင်း ဧပြီ ၃၀ ရက်က ထုတ်ပြန်သော သာသနာရေးဝန် ကြီးရုံးမှ ကန့်ကွက်လွှာတွင် ဖော် ပြထားသည်။

Thursday, December 12, 2013

ကျိုက်ထီးရိုး စေတီတော် ဘုရားဝင်းအတွင်း လုံခြုံရေးအရ မိုဘိုင်းဖုန်းနှင့် ကင်မရာ ယူဆောင်ခွင့် မပြု

12.12.2013

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် ပရိဝုဏ် စေတီတော် ဘုရားဝင်းအတွင်း လုံခြုံရေးအရ မိုဘိုင်းဖုန်းများနှင့် ကင်မရာများ ယူဆောင်ခွင့် တားမြစ်ထားကြောင်း မွန်ပြည်နယ်၊ သထုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်သန်းက ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

Wednesday, December 4, 2013

ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာဝင်တွေအကြား ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုး


4.12.2013

ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား ငြိမ်းချမ်းရေး ရရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မန္တလေး မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူနဲ့ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေး သံတမန်ကွန်ရက်က အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်း ဦးရွှေကြည်တို့ဟာ ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် မဟာစည်ရိပ်သာမှာ ဒီနေ့တွေ့ဆုံပြီး ကတိပြုလက်မှတ်ထိုးခဲ့ကြပါတယ်။

Thursday, November 21, 2013

ကျိုက်သလ္လံစေတီတော်မြတ်ကြီးအရှေ့ဘက်စောင်းတန်းဓာတ်လှေကားတည်ဆောက်မှု ၉ဝ ရာခိုင်နှုန်းပြီးစီး




21.11.2013

မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်နယ်မြေရှိ နာဂဝီသတောင်တန်းပေါ်တွင် တည်ထားကိုး ကွယ်လျက်ရှိသော ကျိုက်သလ္လံစေတီတော်မြတ် ကြီးသို့လာရောက်ကြသော ဘုရားဖူးဧည့်သည် တော်များ အဆင်ပြေမှုရှိစေရေးအတွက် စေတီ တော်ကြီး၏ အရှေ့ဘက်စောင်း
တန်းတော်ကြီး တွင် ဓာတ်လှေကားတစ်စင်းကို ၂ဝ၁၂ခုနှစ် ဇွန်လမှစ၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီး ကြပ်မှုဖြင့် အသစ်တည်ဆောက်လျက်ရှိရာ ၉ဝ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်၍ မကြာမီဖွင့်လှစ်
နိုင်တော့မည်ဖြစ်ကြောင်း စေတီတော်ဂေါပက အဖွဲ့မှ သိရသည်။

Wednesday, November 20, 2013

မန္တလေးမြို့တွင် OIC အလိုမရှိကြောင်း အချက်ငါးချက်ဖြင့် ဆန္ဒပြ




20.11.2013

မန္တလေးမြို့တွင် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်က OIC အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြောင်း သိရသည်။
သံဃာအပါး ၂၀၀ ကျော်က ယင်းသို့ ဆန္ဒထုတ်ဖော်မှုအား ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ် ဦးပွားဘုရားမှ စတင်ကာ OIC ကန့်ကွက်ခြင်း ခေါင်းစဉ်ဖြင့် စစ်ကိုင်း-မန္တလေးလမ်း၊ ဗိုလ်အိမ်လမ်းဆုံမှ စာတိုက်ကွေ့၊ ထို့နောက် ဘုရားကြီး အရှေ့မုခ်အား ပတ်လမ်းလျှောက်ကာ ဂဠုန်နီ ဆရာတော်မှ OIC နှင့် ပတ်သက်သော ကန့်ကွက်ချက် ငါးချက်ကို ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် ဆန္ဒပြသူများမှာ ဦးပွားဘုရားသို့ ပြန်လည်လမ်းလျှောက်ကာ လူစုခွဲခဲ့ ကြသည်။

Monday, November 18, 2013

မုဒုံမြို့ ဝင်းစိန် တောရဆရာတော်ကို ထိုင်းဘုရင် ကထိန်သင်္ကန်းကပ်




18.11.2013

မွန်ပြည်နယ် မုဒုံမြို့တွင် အတောင် ၄၀၀ ပြည့် လျောင်းတော်မူ ဘုရာကြီးကို ဦးစီးတည်ထား ကိုးကွယ်ခဲ့သည့် ဝင်းစိန် တောရဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇဘဒ္ဒန္တကေသရကို ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘောက ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း ဝင်းစိန်တောရ ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

မဲဆောက်ကထိန် နဲ့ ထိုင်းစတိုင် ပဒေသာပင်




18.11.2013

မဲဆောက်ရောက်မြန်မာတွေ စုပေါင်းပြီး ဒီနေ့မြို့လယ်က ကျောင်းကြီးမြန်မာဘုန်းတော်ကြီးကျောင်းမှာ ကထိန် အလှူတော် ကျင်းပခဲ့ကြပါတယ်။

လက်ရှိ မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား ၂ သိန်းကျော်နေထိုင်ကြပြီး မြို့နယ်အတွင်းမှာ ရှေးဟောင်းမြန်မာဘုန်းတော်  ကြီးကျောင်း ၅ ကျောင်း ရှိပါတယ်။ဒီနေ့ ကထိန်လှည့်ပြီး မနက်ဖြန်မှာ ရေစက်ချအလှူတော်ပြုလုပ်ကြမှာဖြစ်ပါတယ်။

Friday, November 15, 2013

ရခိုင်ရောက် OICကို ဒေသခံ ၈၀,၀၀၀ ဆန္ဒဖော်ထုတ်


15.11.2013

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OICသည် ရခိုင်ပြည်နယ်သို့ နိုဝင်ဘာလ ၁၅ရက်က သွားရောက်ချိန်တွင် ရခိုင်ဒေသခံ သံဃာနှင့် လူဦးရေ ၈၀,၀၀၀ခန့်က စစ်တွေလေဆိပ်တွင် စောင့်ဆိုင်းကာ ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆန္ဒပြခေါင်းဆောင် ဦးမောင်နုက မဇ္ဈိမကိုပြောသည်။

အိုအိုင်စီ လာရောက်မှု ဘူးသီးတောင်အခြေစိုက် ပါတီအဖွဲ့အစည်းတွေ ကန့်ကွက်




15.11.2013

အိုအိုင်စီခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ မြန်မာနိုင်ငံအတွင်း လာရောက်မှုအပေါ် ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာရှိတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ခမီးအမျိုးသားများ တိုးတက်ရေးပါတီစတဲ့ နိုင်ငံရေးပါတီ ၂ ခုအပြင် သံဃာတော်တွေနဲ့ လူမှုအဖွဲ့အစည်း ၅ ခု စုပေါင်းပြီး မနေ့ကရက်စွဲနဲ့ သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

Wednesday, November 13, 2013

OIC မလာရေး ရန်ကုန်မှာ လူ ၅၀၀ လောက် ဆန္ဒပြ



13.11.2013

OIC ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာရောက်လေ့လာမယ့်ခရီးစဉ်ကို ကန့်ကွက်ကြသူ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် ၅၀၀ ကျော်ဟာ ရန်ကုန်မြို့မှာ ဒီနေ့နေ့လည်ပိုင်းက လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

Monday, November 11, 2013

OIC ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည် လာမယ်


ယမန်နှစ်က မန္တလေးမှာ တွေ့ခဲ့ရတဲ့ OIC ရုံး ဖွင့်မည့်အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်မှုတခု (ဓာတ်ပုံ - မန်းသားလေး)
11.11.2013

အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Organization of Islamic Cooperation – OIC) မြန်မာပြည်ကို မနက်ဖြန် လာမယ်လို့ ဆော်ဒီဂေဇက် အင်တာနက် သတင်းတပုဒ်မှာ ရေးထားပါတယ်။

Friday, November 8, 2013

ပြည်တွင်းဘုရားဖူးများ ဗုဒ္ဓဂယာသို့သွားရောက်မှု နှစ်ဆခန့် တိုးလာ


8.11.2013

ပြည်တွင်းဘုရားဖူးခရီးသွားများပြီးခဲ့သည့်နှစ်ထက် ဗုဒ္ဓဂယာသို့ သွားရောက်မှု နှစ်ဆခန့်များပြားလာ ကြောင်း ဗုဒ္ဓဂယာဘုရားဖူးဝန်ဆောင်မှုလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်အေးက မဇ္ဈိမသို့ နိုဝင် ဘာ ၆ ရက်တွင်ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် အပတ်စဉ် လူ ၈၀ ဆံ့ လေယာဉ်ဖြင့် ပို့ဆောင်နေရာမှ ယခုနှစ်တွင် ၁၆၀ ဆံ့လေ ယာဉ်ဖြင့် တိုးမြှင့်ပြေးဆွဲနေရသည်ဟုဆက်ပြောသည်။

Monday, November 4, 2013

ဗုဒ္ဓဂယာ ဘုရားဖူးဗီဇာ ပြည်ထဲရေး ဝန်ကြီးဌာနတွင် တိုက်ရိုက်လျှောက် ထားနိုင်ပြီ

4.11.2013

ဗုဒ္ဓဂယာ ဘုရားဖူးများ ဗီဇာလျှောက်ထား မှုကို ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုက်ရိုက်လျှောက်ထားနိုင်ပြီဖြစ် ကြောင်း သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်း ဆင့်က နိုဝင်ဘာ၂ရက်က ထုတ် ဖော်ပြော ကြားလိုက်သည်။

Sunday, October 27, 2013

ကျိုက္ခမီရေလယ်ဘုရား ပွဲတော်တွင် ထိုင်းခရီးသွားများ အပါအ၀င် ဘုရားဖူးလာ ပရိသတ်များဖြင့် စည်ကား



27.10.2013

ကျိုက္ခမီမြို့ရှိ သမိုင်းဝင်ကျိုက္ခမီ ရေလယ်ဘုရားပွဲတော် ကာလဖြစ်သော သီတင်းကျွတ် လပြည့်နေ့မှ လပြည့်ကျော် (၅) ရက်နေ့အတွင်း ထိုင်းနိုင်ငံမှာ ခရီးသွားများ အပါအ၀င် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

Thursday, October 24, 2013

ကျိုက်ထီးရိုးတောင်ပေါ်ရှိ အခမဲ့တည်းခိုဆောင်သစ် ဆောက်လုပ်မှု ယခုလကုန်ပြီးမည်


24.10.2013

ကျိုက်ထီးရိုးတောင်ပေါ်တွင် အသစ်တည်ဆောက်နေသည့် အခမဲ့ တည်းခိုဆောင်သစ်တစ်ဆောင်မှာ ယခုလကုန်၌ ပြီးစီးမည်ဟု ဂေါပကအဖွဲ့မှ သိရသည်။

Friday, October 18, 2013

ဆီးဂိမ်းပြိုင်ပွဲတွင် ဘာသာခြားများ ဝတ်ပြု ဆုတောင်းနိုင်ရန် အားကစားကျေးရွာ၌ စီစဉ်ပေးထား

18.10.2013

မြန်မာ နိုင်ငံ နေရာအနှံ့ ဖြစ်ပွားခဲ့သည့် ဘာသာရေး နှီးနွှယ်မှုပြဿနာ များကြောင့် ဒီဇင်ဘာလတွင် ဆီး ဂိမ်းပြိုင် ပွဲသို့ လာရောက်ယှဉ်ပြိုင် မည့် သက်ဆိုင်ရာနိုင်ငံများမှ အား ကစားသမားများနှင့် တာဝန်ရှိသူ များအတွက် လုံခြုံရေးကိုအထူး တလည် စီစဉ်ပေးထားကြောင်း သိရသည်။

Sunday, October 13, 2013

မဲဆောက်တွင် မြန်မာဘုန်းကြီးများ ကျောင်းထိုင်ခန့်နိုင်ရန် မြန်မာသံအမတ် လာရောက်ဆွေးနွေးခဲ့


13.10.2013

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးတင်ဝင်းသည် ဘန်ကောက်မြို့မှ မဲဆောက်မြို့ရှိ မြန်မာဘုန်းကြီးကျောင်းများ၌ မြန်မာသံဃာတော်များ ကျောင်းထိုင်အဖြစ် သီတင်းသုံးနိုင်ရန် ရည်ရွယ်၍ သံဃာတော်များနှင့် ဂေါပကအဖွဲ့ဝင်များအား ယမန် နေ့က လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

Tuesday, October 8, 2013

သီတဂူ ဆရာတော်ကြီး သံတွဲမြို့သို့ ရောက်ရှိစဉ် ဒေသခံများ ဒေါသစိတ်လျှော့ကြရန် တရားဟောကြားပြီး ယနေ့တွင် အစ္စလာမ် ဘာသာဝင်များနှင့် တွေ့ဆုံမည်


8.10.2013

သံတွဲမြို့တွင် နေထိုင်နေကြသည့် ပြည်သူများ ဒေါသစိတ် လျှော့ကြရန် သီတဂူ ဆရာတော်ကြီးက သံတွဲမြို့သို့ ရောက်ရှိလာပြီး တရားဟောကြား ခဲ့ကြောင်း သိရသည်။ သီတဂူ ဆရာတော်ကြီးသည် အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက လေယာဉ်ဖြင့် သံတွဲမြို့သို့ ရောက်ရှိလာပြီး မွန်းလွဲ ၃ နာရီခွဲ အချိန်တွင် သံတွဲမြို့နယ်ခန်းမ၌ တရားဟောပြောခဲ့ကြောင်း သိရသည်။

Tuesday, September 10, 2013

ထိုင်း-မြန်မာနယ်စပ်ရှိ အထင်ကရ ကော့မူးရာ ဆရာတော်ပျံလွန်တော်မူ

10.9.2013

ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရခရိုင် အုန်းဖျန်ကရင်ဒုက္ခသည်စခန်း၌ သတင်းသုံးနေထိုင်သူ အထင်ကရ ဆရာတော်တစ် ပါးဖြစ်သော ကော့မှူးရာကျောင်းတိုက်ဆရာတော် အရှင်ဉာဏ၀ရသည် ယခုလ စက်တင်ဘာ ၃ရက်နေ့တွင် ပျံလွန်တော် မူသွားပြီး စက်တင်ဘာ ၈ရက်နေ့တွင် မီးသင်္ဂြိုလ်ခဲ့သည်။

Sunday, September 8, 2013

မြို့မဘောလုံးကွင်းကို မူလအတိုင်း ထားရှိရန် မြို့ခံများနှင့်သံဃာတော်များ တောင်းဆို

8.9.2013

ကရင်ပြည်နယ် ဖားအံမြို့၊ မြို့မဘောလုံးကွင်းအတွင်းရှိ လက်ရှိ ကုန်တိုက်နှင့် ဟိုတယ်ဆောက်လုပ်နေမှုကို ရပ် တန့်ပေးပြီး မူလအတိုင်း ပြန်လည်ထားရှိရန် မြို့ခံလူထုနှင့် သံဃာတော်များက ယမန်နေ့ စက်တင်ဘာလ ၅ရက်နေ့ က တောင်းဆိုလိုက်သည်။