address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, November 8, 2013

ပြည်တွင်းဘုရားဖူးများ ဗုဒ္ဓဂယာသို့သွားရောက်မှု နှစ်ဆခန့် တိုးလာ


8.11.2013

ပြည်တွင်းဘုရားဖူးခရီးသွားများပြီးခဲ့သည့်နှစ်ထက် ဗုဒ္ဓဂယာသို့ သွားရောက်မှု နှစ်ဆခန့်များပြားလာ ကြောင်း ဗုဒ္ဓဂယာဘုရားဖူးဝန်ဆောင်မှုလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်အေးက မဇ္ဈိမသို့ နိုဝင် ဘာ ၆ ရက်တွင်ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် အပတ်စဉ် လူ ၈၀ ဆံ့ လေယာဉ်ဖြင့် ပို့ဆောင်နေရာမှ ယခုနှစ်တွင် ၁၆၀ ဆံ့လေ ယာဉ်ဖြင့် တိုးမြှင့်ပြေးဆွဲနေရသည်ဟုဆက်ပြောသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ဘဏ္ဍာရေးမှူး “ဒေါ်နှင်းမိုးဝေ (တဒင်္ဂဘုရား ဖူးလုပ်ငန်း)က ခါတိုင်းနှစ်ထက်တော့ ပိုများမယ်လို့မှန်းရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ရာသီစကတည်းက ဗုဒ္ဓဂယာကို တောက်လျှောက်သွားနေကြတယ်၊ ဟိုမှာ လုံခြုံရေးအခြေအနေလည်း အေးအေးဆေးဆေးပါပဲ” ဟု ပြောသည်။

ဗုဒ္ဓဂယာသို့ ပြည်တွင်းခရီးသွားများ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် အများဆုံးသွား ရောက်လေ့ရှိပြီး သင်္ကြန်ကာလထိ သွားရောက်လေ့ရှိသည်။

ပြီးခဲ့သည့်နှစ်တွင် ဗုဒ္ဓဂယာသို့ ဘုရားဖူးခန့်မှန်းခြေ သုံးသောင်းကျော်သွားရောက်ခဲ့ပြီး ယခုနှစ် ခရီးသွား ရာသီအတွက် ငါးသောင်းကျော်သွားရောက်နိုင်မည်ဟု လုပ်ငန်းရှင်များခန့်မှန်းထားကြောင်း ဒေါ်နှင်းမိုး ဝေက ပြောသည်။

မြန်မာမှ အိနိ္ဒယနိုင်ငံ၊ ဂယာသို့ Air India၊ MAI လေကြောင်းလိုင်းများမှ ပြေးဆွဲသည့်အပြင် Asia Wings၊ Golden Myanmar လေကြောင်းလိုင်းများကလည်း ဘုရာဖူးလုပ်ငန်းအချို့ပူးပေါင်းကာ ဗုဒ္ဓဂ ယာဘုရားဖူးရာသီတွင် ပျံသန်းပြေးဆွဲလျက်ရှိသည်။

လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်းများ ပူးပေါင်းပြေးဆွဲသည့် ခရီးစဉ်များမှာ ယခင်နှစ်များတွင် ပုံမှန် အပတ်စဉ်ထွက်ရှိခြင်းမရှိခဲ့သော်လည်း ယခုနှစ်တွင် ခရီးသွားများသည့်အတွက် အပတ်စဉ်ပုံမှန် ထွက်ရှိနေကြာင်း ဒေါ်နှင်းမိုးဝေက ပြောသည်။

ဗုဒ္ဓဂယာ ဘုရားဖူးဝန်ဆောင်မှုလုပ်ငန်းတွင် တရားဝင်လုပ်ကိုင်သည့် အဖွဲ့ ၁၀၄ ဖွဲ့ ရှိသည်။ ရန်ကုန်မှ ဗုဒ္ဓဂယာ ဘုရားဖူး ၁၄ ည၊ ၁၅ ည အိပ်ခရီးစဉ်များသည် စရိတ်ငြိမ်း ၁၅ သိန်းခန့်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment