8.11.2013
အမှုဖွင့်ခံထားရသည့် ရေလုပ်သားမှာ သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်နေသူဖြစ်ပြီး ၎င်းကို ပင်လယ်ဝတွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးစစ်ရေယာဉ်က လိုက်လံဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။
၎င်းသည် ထိုင်းရေပိုင်နက်အတွင်းရှိနေစဉ် အောက်တိုဘာ ၂၉ ရက်က သူငယ်ချင်းဖြစ်သူ နေမကောင်းသဖြင့် ထိုင်းနိုင်ငံသားပဲ့နင်းထံဆေးတောင်းသောက်ရာမှတစ်ဆင့် အချင်းများခဲ့သည်။
ထို့နောက် ၎င်းက လက်သီးဖြင့်ထိုးရာ စက်ဆရာမှာ ရေထဲသို့ ခုန်ချဆင်းသွားသဖြင့် စက်လှေအား မောင်းနှင်ယူလာစဉ် ရေတပ်၏ ဖမ်းဆီးမှုခံရခြင်းဖြစ်သည်ကို ထွက်ဆိုထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ထို့ကြောင့် ၎င်းကို အရေးယူပေးရန် ရေတပ်မှ တပ်ကြပ်ကြီး ၀င်းမြင့်အောင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဆိပ်ကမ်းရဲစခန်းက (ပ)၃၀၉/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်သည်။
Mizzima - News in Burmese
No comments:
Post a Comment