address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 13, 2014

ထိုင်းအစိုးရကို ဆန့်ကျင်သူတွေ ဘန်ကောက်မြို့ကို စတင်ပိတ်ချ




13.1.2014

ထိုင်းနိုင်ငံက လက်ရှိအစိုးရကို ဖြုတ်ချနိုင်ဖို့အတွက် ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့ အလယ်ဗဟိုကို စတင် ပိတ်ချနေပြီးဖြစ်ပါတယ်။

မြို့ကြီးတမြို့လုံးရဲ့ သက်ဝင်လည်ပတ်မှုတွေအားလုံး ရပ်တန့်သွားစေလိုတဲ့ ဆန္ဒပြသူတွေဟာ မြို့ရဲ့ အချက်အချာကျတဲ့ အလယ်ဗဟိုနေရာ ခုနှစ်ခုကို သိမ်းပိုက်ထားပြီးတော့ ဆန္ဒပြနေရာယူထားကြပါတယ်။

ဒါပေမယ့် ဆန္ဒပြမှုအတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားလာရင်တော့ အရေးပေါ်အမိန့်တွေ ထုတ်ပြန်ရလိမ့်မယ်လို့ အစိုးရက သတိပေး
ကြေညာထားပါတယ်။

အခုလောလောဆယ်မှာတော့ ရဲအာဏာပိုင်တွေနဲ့ စစ်သားအယောက်ပေါင်း တစ်သောင်း ငါးထောင်လောက်ကို မြို့တွင်းမှာ လုံခြုံရေးချထားတယ်လို့ သိရပါတယ်။

အခုလို ထိုင်းနိုင်ငံတွင်း နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ဆန္ဒပြမှုတွေဖြစ်ပွားနေတဲ့
အတွက် ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာအလုပ်သမားတွေကို အနေ
အထိုင် သတိထားကြဖို့ မြန်မာအစိုးရ သတိပေး ထားသလို သြစတြေးလျ
အစိုးရကလည်း ထိုင်းနိုင်ငံမှာရောက်နေကြတဲ့ သူတို့ရဲ့နိုင်ငံသားတွေကို အသွားအလာ သတိရှိကြဖို့ တိုက်တွန်းသတိပေးထားတယ်လို့ သိရပါတယ်။

ABC

No comments:

Post a Comment