20.1.2014
ဇန်န၀ါရီ ၁၄ ရက်တွင် ကရင်ပြည် နယ်၊ ဘားအံမြို့ တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ နှင့် ကေအင်န်ယူအဖွဲ့တို့တွေ့ ဆုံဆွေးနွေးပြီးနောက် အဆို ပါ သဘောတူညီချက်ကိုရရှိခဲ့ ခြင်းဖြစ်ကြောင်း ကေအန် ယူအထွေထွေ အတွင်းရေးမှူး (၂)ဖဒိုမန်းမန်းက ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ သို့ ပြောသည်။
““ကေအင်န်ယူထိန်းချုပ် နယ်မြေအတွင်းမှာရှိတဲ့ လူဦး ရေသန်းခေါင် စာရင်းကောက် ယူဖို့ ကေအင်န်ယူနဲ့အစိုးရ ပူးပေါင်းဆောင်ရွက်သွားမှာ ပါ””ဟု ပဒိုမန်းမန်းက ပြော သည်။
ပြည်တွင်းရှိ ဒုက္ခသည် စခန်းများရှိ လူဦးရေသန်း ခေါင်စာရင်းကိုကောက်ယူ သွားမည်ဖြစ်သော်လည်း ပြည် ပရှိ ကရင်ဒုက္ခသည်စခန်းများ မှ လူဦးရေစာရင်းကောက်ယူ သွားမည်မဟုတ်ကြောင်း ပဒို မန်းမန်းက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်များကော်မ တီဥက္ကဋ္ဌ စောရောဘတ် ထီးက ““ကျွန်တော်တို့လဲသန်းခေါင်စာ ရင်းကောက် ယူမည့် စာရင်း မှာတော့ ပါဝင်ချင်တာပေါ့ဗျာ။ သက်ဆိုင်ရာတွေကိုလဲစာပို့ ထားပါတယ်။ ခုထိတော့ မသိ ရသေးဘူး””ဟုပြောသည်။
Yangon Media Group
No comments:
Post a Comment