address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 22, 2014

အင်ဒိုနီးရှားတွင် မြန်မာသံရုံးကို ဗုံးခွဲရန် စီစဉ်ခဲ့သည့် ခေါင်းဆောင်ကို ထောင်ဒဏ် ၇နှစ်ခွဲချမှတ်


22.1.2014

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်ကြိုးကိုင်ခဲ့သူ အင်ဒိုနီးရှားအမျိုးသားတစ်ဦးကို တရားရုံး တစ်ခုက ထောင်ဒဏ် ၇နှစ်ခွဲချမှတ်ခဲ့သည်ဟု ဘီဘီစီ သတင်းဌာနက ရေးသားထားသည်။

၂၀၁၃ ခုနှစ် မေလအတွင်းက မြို့တော် ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် မအောင်မြင်ခဲ့သဖြင့် ကြိုးပမ်းမှုကို စီစဉ်ကြိုးကိုင်ခဲ့ကြောင်း Sigit Indrajitက ဝန်ခံခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာမူဆလင်များ သေဆုံးခဲ့ရခြင်းနှင့် ပတ်သတ်၍ လက်စားချေရန် ကြိုးပမ်းမှု တစ်ရပ်ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနက ရေးသားထားသည်။ Sigit Indrajit အနေဖြင့် အကြမ်းဖက်မှု ဆန့်ကျင် တိုက်ဖျက်ရေး ဥပဒေများကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိရသဖြင့် ၎င်းကို ထောင်ဒဏ် ၇နှစ်ခွဲ ချမှတ်လိုက်သည်။

သူသည် မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ကြိုးပမ်းခဲ့မှုနှင့် ပတ်သတ်၍ ထောင်ဒဏ်ချမှတ်ခြင်း ခံရသည့် တတိယမြောက်လူဖြစ်သည်။

ယင်းကဲ့သို့ လျှို့ဝှက်ကြံစည်မှုကို ရဲများက မေလအတွင်းက ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ ဂျကာတာမြို့ရှိ မြန်မာသံရုံးသို့ မော်တော်ဆိုင်ကယ်စီးလာကြသည့် မသင်္ကာဖွယ်ဖြစ်သူ နှစ်ဦးကို ရဲများက မေလအတွင်းက ဖမ်းဆီးနိုင်ခဲ့သည်။

ထိုသူနှစ်ဦး၏ ကျောပိုးအိတ်တစ်လုံးထဲတွင် အိမ်လုပ်ဗုံး ငါးလုံးကို တွေ့ရှိခဲ့ရပြီး ၎င်းတို့ ငှားထားခဲ့သည့် နေအိမ်တွင်လည်း အခြားပေါက်ကွဲစေတတ်သော ပစ္စည်းများ တွေ့ခဲ့ရကြောင်း ရဲများက ဆိုကြသည်။

တရားသူကြီး Hariono ဦးဆောင်သည့် တောင်ပိုင်းဂျကာတာခရိုင်တရားရုံးက “Indrajit အနေဖြင့် အကြမ်းဖက်မှု တစ်ရပ်ကို ပြုလုပ်ရန်အတွက် ဆိုးဝါးလှသော ပူပေါင်းကြံစည်မှုတစ်ရပ်ကို ကျူးလွန်ခဲ့သည့် အပြစ်ရှိကြောင်း ဥပဒေကြောင်းအရ ဘဝင်ကျလောက်အောင် သက်သေပြနိုင်ခဲ့သည်” ဟု ဆိုခဲ့သည်။

Indrajit ၏ ရှေ့နေဖြစ်သူ Akhyarက သူ၏အမှုသည် အနေဖြင့် အပြစ်အတွက် နောင်တရခဲ့ခြင်း မရှိဟု ဘီဘီစီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

“အဲဒါဟာ သူ့ရဲ့ အတွေးအမြင် ဖြစ်တာကြောင့် သူ့အနေနဲ့ ဘယ်လိုနောင်တမျိုးကိုမှ မခံစားခဲ့ရပါဘူး။ သူလုပ်ခဲ့တဲ့ အရာဟာ မှန်ကန်တယ်လို့ သူက ယုံကြည်နေပါတယ်” ဟု ရှေ့နေ Akhyar ကဆိုသည်။

Indrajit သည် သူ၏ ကြံရာပါများနှင့် Facebook လူမှုကွန်ယက်စာမျက်နှာတွင် တွေ့ဆုံခဲ့ခြင်း ဖြစ်ကာ မြန်မာသံရုံးကို ပစ်မှတ်ထားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု အင်ဒိုနီးရှား အစိုးရ ရှေ့နေက ဆိုသည်။

၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း၌ ဗုဒ္ဓဘာသာ နှင့် မူဆလင် အသိုင်းအဝိုင်းများအကြား ပဋိပက္ခများ ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့ရာ လူ ၂၀၀ နီးပါး သေဆုံးခဲ့ရသည်။

Mizzima 

No comments:

Post a Comment