8.11.2013
တယ်လီနော်နှင့် Wikipedia ကို လုပ်ကိုင်ဆောင်ရွက်နေသော Wikimedia Foundation တို့သည် အာရှနှင့်ဥရောပရှိ တယ်လီနော်ဝန်ဆောင်မှုအသုံးပြုသူများအတွက် Wikipedia Zero ၀န်ဆောင်မှုပေး ရန် သဘောတူညီထားပြီး မြန်မာနိုင်ငံကိုလည်း အဆိုပါဝန်ဆောင်မှုပေးမည့် နိုင်ငံတစ်ခုအဖြစ်သတ်မှတ် မည်ဟု ကြေညာခြင်းဖြစ်သည်။
Wikimedia Foundation မှ Mobile Programs ဆိုင်ရာ ဒါရိုက်တာ Mrs. Carolynne Schloeder က “ဒီအစီအစဉ်ကြောင့် ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေအကြား အသိပညာကွာဟမှုကို တစ်ဖက်တစ်လမ်းက ဖြည့်စွက်ပေးနိုင်မှာဖြစ်ပါတယ်။ တယ်လီနော်ကလည်း မြန်မာနိုင်ငံကို Wikipedia Zero မှ ရရှိမယ့် အသိပညာ ဗဟုသုတအားလုံးကို ပေးဝေနိုင်တော့မှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
အဆိုပါဝန်ဆောင်မှုများကို အကောင်အထည်ဖော်ရန် မိုဘိုင်းဖုန်းများအတွက် သီးသန့် Wikipedia ကို ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် မွန်တီနီဂရိုနိုင်ငံတို့တွင် စတင်လွှင့်တင်ခဲ့သည်။ ထို့အပြင် ပါကစ္စတန်နိုင် ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန်္ဒိယနိုင်ငံနှင့် ဆားဗီးယားနိုင်ငံတို့တွင်လည်း Wikipedia Zero ကို စတင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
Telenor Group ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Jon Fredrik Baksaas က “အင်တာ နက်အသုံးပြုခမကုန်ဘဲWikipedia အသုံးပြုနိုင်တာဟာ မိုဘိုင်းဖုန်းသုံးတဲ့သူတွေတချို့ကို ပထမဦးဆုံး အနေနဲ့ အင်တာနက်ကိုအသုံးပြုဖို့ မိတ်ဆက်ပေးတဲ့နေရာမှာလည်း အထောက်အကူရပါတယ်”ဟု ပြောသည်။
Mizzima - News in Burmese
No comments:
Post a Comment