address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, September 19, 2013

ကယားတောင်သူတွေ အစားထိုးလျော်ပေးတဲ့ လယ်မြေကို လက်မခံ

19.9.2013

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း အမှတ် ၁၄ တန်းမြှင့် စစ်လေ့ကျင့်ရေးသင်တန်းကျောင်း ဆောက် လုပ်ရေး စီမံကိန်းအတွက် သိမ်းယူထားခဲ့တဲ့ လယ်မြေတွေကို ကယားပြည်နယ်အစိုးရက တခြားလယ်ယာမြေတွေနဲ့ အစား ထိုးပြန်ပေးမယ့် အစီအစဉ်ကို လယ်သမားတွေဘက်က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

ရေဖြူမြို့နယ်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့စည်းတစ်ခု ဓါးပြတိုက်

19.9.2013

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အမည်မသိ မွန်လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုက ဆက်ကြေးငွေများ အတင်းအဓ္ဓမလိုက်လံတောင်းနေသည်ဟု သိရပါသည်။

ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ကရင်လက်နက်ကိုင် အဖွဲ့အားလုံး ယာယီရပ်ဆိုင်းထား


19.9.2013

ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ကရင်လက်နက်ကိုင် အဖွဲ့အားလုံးက ယာယီရပ်ဆိုင်း ထားကြောင်း သိရသည်။

ကရင်ကျောင်းသားများရိပ်သာကို ဘုန်းတော်ကြီးသင် ပညာရေးတွဲဖက်ကျောင်းအဖြစ် ပြောင်းလဲ


19.9.2013

ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကရင်ကျောင်းသားများရိပ်သာ (Kayin Student’s Center-KSC) ကို ၂၀၁၃-၂၀၁၄ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေး(ဘ.က)တွဲဖက်ကျောင်းအဖြစ်သို့ ပြောင်းလဲဖွင့် လှစ် လိုက်ပြီဖြစ်ကြောင်း သိရသည်။

Wednesday, September 18, 2013

အစိုးရဌာနဆိုင်ရာ စွမ်းဆောင်ရည်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် UNDP ကူညီမည်

18.9.2013

မြန်မာနိုင်ငံအတွင်းရှိ အစိုးရဌာနဆိုင်ရာများစွမ်းဆောင်ရည်တိုးတက်ကောင်းမွန် လာစေရန်နှင့် ဒေသဖွံ့ဖြိုးလာ ရန် ၂၀၁၃ မှ ၂၀၁၅ အထိ စီမံကိန်းအတွက် ထောက်ပံ့ကူညီသွားမည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)က ယနေ့ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ၎င်းတို့၏ ရုံးဖွင့်လှစ်သည့်အခါ ပြောကြားခဲ့သည်။

မြန်မာအလုပ်သမား ၁၉ ဦးကို အလုပ်ရှင်မှ လစာငွေပေးရန် ပျက်ကွက်မှုအတွက် တရားရုံးက ဆုံးဖြတ်

18.9.2013

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့၊ မယ်ပ ၁၀ ရပ်ကွက်ရှိ M-1 အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား အမျိုးသမီး ၁၉ ဦးကို အလုပ်ရှင် မှ လစာပေးရန် ပျက်ကွက်မှုကို ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ မဲဆောက်မြို့ အလုပ်သမား ကာ ကွယ်ရေးရုံး၏ ဆုံးဖြတ်ချက်ဖြင့် လုပ်အားခပြန်အမ်းငွေကို ယနေ့ ပြန်လည်ရရှိခဲ့သည်။

ကရင်အလုပ်သမားတစ်ဦး ဆောက်လုပ်ရေးတိုက်ပေါ် ဖြုတ်ကျသေဆုံး

18.9.2013

ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော် ချင်းမိုင်မြို့ရှိ ဆန်ဒေ့(ကလေး)တရားရုံးအနီး၌ပါဝါလိုင်းကုမ္ပဏီမှအသစ် ဆောက်လုပ်နေ သည့် အဆောက်အဦးတစ်ခုအပေါ်တွင် ယမန်နေ့ စက်တင်ဘာလ ၁၆ရက်နေ့၊ ညနေ ၈နာရီ ၀န်းကျင်က ကရင်အလုပ် သမားတစ်ဦး ဖြုတ်ကျသေဆုံးခဲ့သည်ဟု သိရသည်။

အတ္တရံမြစ်ကူးတံတားတစ်စင်း တည်ဆောက်မည်

18.9.2013

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ဆက်သွယ်ထားသည့် မုဒုံ-မြဝတီလမ်းမပေါ် ကရင်ပြည်နယ် ကြာအင်းဆိပ် ကြီးမြို့ နယ်၊ ချောင်းနှစ်ခွကျေးရွာတွင် အတရံမြစ်ကူးတံတားတစ်စင်း (ချောင်းနှစ်ခွတံတား) တည်ဆောက်ရန် ရှိသည်ဟု သိရသည်။

ဇွဲကပင်တောင်ဆံတော်ရှင် Cable Car စီမံကိန်းအတွက် မြေစမ်းသပ်မှု ပြုလုပ်တော့မည်


18.9.2013

မြန်မာနိုင်ငံ၌ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ Cable Car စီမံကိန်းအတွက် ကရင်ပြည်နယ်၊ ဇွဲကပင်တောင် ခြေရှိ လုမ္ဗနီဥယျာဉ်တွင် ၂၀၁၃ခုနှစ်၊ အောက်တိုဘာလမှစတင်ပြီး မလေးရှားပညာရှင်များက မြေစမ်းသပ်မှုများ လာရောက်ပြု လုပ်တော့မည်ဖြစ်ကြောင်း စီမံကိန်းဖြစ်မြောက်ရေးကော်မတီဝင်များက ပြောသည်။

ကရင်ပြည်နယ်တွင် လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါး ရောင်းသူများကို ဖမ်းမိ


18.9.2013

ကရင်ပြည်နယ်ရှိ မြို့နယ်နှစ်ခုတွင် လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါး ရောင်းချသူများကို စက်တင်ဘာ ၁၄ ရက်တွင် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းငါးခုကို စက်တင်ဘာ တတိယပတ်၌ ဖွင့်လှစ်မည်

        (ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦး ဖွင့်လှစ်ထားသည့်ဆိုင်အား တွေ့ရစဉ်)
 
18.9.2013

ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအတွက် ယာယီနိုင်ငံကူး လက် မှတ် ထုတ်ပေးရေး စခန်းငါးခုကို စက်တင်ဘာလ တတိယအပတ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

Tuesday, September 17, 2013

အစိုးရ၏ ပြည်လုံးကျွတ်အပစ်ရပ် ခေါ်ယူရေးအပေါ် UNFC အရေးပေါ် အစည်းအဝေးခေါ်ယူ

17.9.2013
မြန်မာအစိုးရအနေဖြင့် တပြည်လုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်ရန် လာ မည့် အောက်တိုဘာလတွင် ခေါ်ယူဆွေးနွေးမည့်အပေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင် စီ(UNFC)က အရေးပေါ်အလုပ်အမှုဆောင် အစည်းအဝေး တစ်ရပ်ခေါ်ယူဆွေးနွေးခဲ့သည်။

ကေအဲန်ယူနယ်မြေရှိ ကော့ကရိတ်-ကျိုက်ဒုံ ကတ္တရာလမ်းဖောက်လုပ်ရန် ပြင်ဆင်နေ


17.9.2013

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်နယ်မြေရှိ ကော့ကရိတ်မှ ကျိုက်ဒုံသို့ သွားလာနေသည့် မြေလမ်းကို ကတ္တရာလမ်းအဖြစ် ဖောက်လုပ်ရန် စက်တင်ဘာလ အတွင်း အစိုးရ က ပြင် ဆင်လျှက်ရှိသည်ဟု သိရသည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ အောင်မြင်ရန် စစ်တပ်သဘောထားကြီးသင့်ဟု ABSDF ဥက္ကဋ္ဌပြော

17.9.2013
 
အပစ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်ရန် အင်အားကြီးသူဘက်မှ ပိုမိုတာဝန်ရှိပြီး သဘောထားကြီး သင့် သည်ဟု လတ်တလောဖြစ်ပေါ်နေသည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIO နှင့် အစိုးရတပ်တို့ တိုက်ပွဲများဖြစ်ပေါ်နေသည့် အခြေအနေကို ရည်ညွှန်းကာ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲကပြော ဆိုလိုက်သည်။

အပစ်အခတ်ရပ်စဲရေးပျက်ပြားပြီးနောက် မွတ်ဆလင်သူပုန်တွေကို ဖိလစ်ပိုင်အစိုးရက လေကြောင်းကနေ ဒုံးကျည်တွေနဲ့ စတင်တိုက်ခိုက်


17.9.2013

ဖိလစ်ပိုင်နိုင်ငံမှာ ဂ ရက်ကြာ ပြင်းထန်စွာ ပဋိပက္ခဖြစ်နေတဲ့ မွတ်ဆလင်လွတ်မြောက်ရေးသူပုန်တွေကို ဖိလစ်ပိုင်အစိုးရက မနေ့က ရဟတ်ယာဉ်တွေသုံးပြိးလေကြောင်းကနေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်လိုက်ပြီဖြစ်ပါတယ်။စက်တင်ဘာ ၁၃ ရက်နေ့ ကစတင်ဖြစ်ပွါးခဲ့တဲ့ဒီတိုက်ပွဲမှာဇမ်ဘိုအန်ဂါ မြို့ကိုမွတ်ဆလင်သူပုန်တွေကစီးနင်းထားတာဖြစ်ပါတယ်။

မြေမြုပ်မိုင်း အနရာယ် ပညာပေးရေး ဆရာဖြစ် သင်တန်း NMSP ကျင်းပ


17.9.2013
  
မွန်ပြည်သစ် ပါတီ နှင့် Norwegian People Aid (NPA) အဖွဲ့အပါအ၀င် Dan Church Aid (DCA) တို့သည် မြေမြုပ်မိုင်း အနရာယ် ပညာပေးရေး” (Mine Risk Education) ဆရာဖြစ် သင်တန်း တစ်ရပ်ကို မွန်ပြည်သစ် ပါတီ မော်လမြိုင် ဆက် ဆံရေး ရုံး၌ ယနေ့ စတင် ကျင်းပ ခဲ့ကြောင်း မွန်ပြည်သစ် ပါတီ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံးမှ နိုင်ဟံသာဗိုန်ခိုင် က ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ချက် သမ္မတ တွေ့ဆုံ ဆွေးနွေး


17.9.2013

ချက် သမ္မတ နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ချက် သမ္မတ မစ္စတာ Milos Zeman နှင့် ယနေ့ နံနက် ပိုင်းက သီးခြား တွေ့ဆုံ၍ လူ့အခွင့်အရေး ဒီမိုကရေစီအရေး ဆွေးနွေးကြကြောင်း သတင်း ရရှိသည်။

မြွေကို အရက်နဲ့ စိမ်သောက်တာ မြွေက အသက် ပြန်ရှင်လာပြီး ထပေါက် တာမျိုး တရုတ်ပြည်မှာ တကယ် ဖြစ်ခဲ့။


17.9.2013

မြွေကို အရက်နဲ့ စိမ်သောက်တာက ကျန်းမာရေး အတွက် အကျိုးရှိ တယ်လို့ ယူဆ ကြပါတယ်။ တကယ် လို့ အဲ့စိမ်ထား တဲ့ မြွေက အသက် ပြန်ရှင်လာပြီး ထပေါက် တာမျိုးက တရုတ်ပြည်မှာ တကယ် ဖြစ်ခဲ့ပါတယ်။

KIO နှင့် အစိုးရ Technical Team တို့ (၃)ရက်ကြာ ဆွေးနွေးမည်


 
17.9.2013

ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့ Technical Team အဖွဲ့တို့သည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ KIO နည်းပညာ အထောက်အကူပြု ရုံး၌ တွေ့ဆုံဆွေးနွေး နေ ကြပြီး ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် လမိုင်ခွန်ဂျာက ဆိုပါသည်။

Monday, September 16, 2013

GSM လိုင်းကတ်ထပ်တိုး၍ရောင်းချပေးသွားမည်

16.9.2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဇူလိုင်လမှစတင်ကာ ကျပ် ၁၅၀၀ နှုန်းဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များမှ တစ်ဆင့် အရေအတွက် ကန့်သတ်ရောင်းချပေးနေသည့် GSM လိုင်းကတ်များကို အရေအတွက်တိုးမြှင့်ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးကပြောကြားသည်။