address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, October 3, 2013

အစိုးရနှင့် အပစ်ရပ် သဘောတူညီချက်များ ပြန်သုံးသပ်ရန် လက်နက်ကိုင် ငါးဖွဲ့ ဆွေးနွေး

3.10.2013

အစိုးရသစ် လက်ထက်တွင် လက်မှတ် ရေးထိုးထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အချို့ကို ပြန်လည် သုံး သပ်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့တွင် ဆွေးနွေးမှု ပြုလုပ် ခဲ့ကြောင်း အဆိုပါပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ တွေ့ဆုံနိုင်ရန် စီစဉ်ပေးသူ ဦးစောချစ်သက်ထွန်းက ပြော ကြား သည်။

ဘိန်းစိုက်သူတချို့သည် လက်နက်ကိုင်ဆောင်ထားကြသဖြင့် အမြစ်ပြတ်ချေမှုန်းရန် ခက်ခဲ


 3.10.2013
   
  မြန် မာနိုင်ငံရှိ ဘိန်းစိုက်ခင်းများတွင် အလုပ်လုပ်ကိုင်နေကြသူ တချို့ သည် လက်နက်ကိုင်များကိုင်ဆောင် ထားကြ သဖြင့် ဘိန်းစိုက်ခင်းများ ကို အမြစ်ပြတ်ချေမှုန်းရန်အခက် အခဲများရှိနေသေးကြောင်း နိုင်ငံ ဖြတ်ကျော် မှုခင်းဌာနမှ အ ဆင့် မြင့် အရာရှိကြီးတစ်ဦးက ပြော သည်။

စက်တင်ဘာအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၁၀) ကြိမ်ပြုလုပ်ခဲ့ကာ သဘောတူညီချက် တစ်ခုမျှမရရှိဘဲ တိုင်းရင်းသားဒေသများ၌ တိုက်ပွဲဖြစ်ပွားမှု (၁၅) ကြိမ်ရှိခဲ့

3.10.2013

၂၀၁၃ ခုနှစ် စက်တင်ဘာအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (၁၀) ကြိမ် ပြုလုပ်ခဲ့ကာ သဘောတူညီချက် တစ်ခုမျှမရရှိခဲ့ဘဲ တိုင်းရင်းသားဒေသများ၌ တိုက်ပွဲဖြစ်ပွားမှု (၁၅)ကြိမ် ရှိ ခဲ့ကြောင်း မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်နေသော Myanmar Peace Monitor ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့တပ်မတော်ကို ဗြိတိန်က သင်တန်းပေးမယ်

                       ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ သမ္မတ ဦးသိန်းစိန်တို့ အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ

3.10.2013

မြန်မာ့တပ်မတော်ကို ဗြိတိန်က နိုင်ငံက သင်တန်းတွေ ပေးတော့မှာဖြစ်ပါတယ်။ မြန်မာစစ်တပ်အရာရှိကြီး ၃၀ ကို တရား ဥပဒေ စိုးမိုးမှုမှာ တပ်မတော်က ဘယ်လို နေရာက ရှိရမယ်ဆိုတဲ့ သင်တန်းဖြစ်တယ်လို့ ဗြိတိန်ရဲ့ သင်တန်းကျောင်း အ ကြီးအကဲက ပြောပါတယ်။ 

မန္တလေးမြို့ ၊ ဗိုလ်ချုပ်ရွာ (၆၉) လမ်းနှင့် ရွှေနှင်းဆီလမ်းထောင့်ရှိ ဂိုဒေါင်တွင် လုံခြုံရေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတ်ပြီး ဖောက်ထွင်းမှုဖြစ်ပွား

                                          အခင်းဖြစ်ပွားခဲ့သော Panasonic ဂိုထောင်အား တွေ့ရစဉ်
3.10.2013

အောက်တိုဘာ ၁ ရက်ညပိုင်းက မန္တလေးမြို့၊ ဗိုလ်ချုပ်ရွာ (၆၉) လမ်းနှင့် ရွှေနှင်းဆီ လမ်းထောင့်ရှိ Panasonic ဘက်ထရီ ဂိုဒေါင်တွင် လုံခြုံရေးအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတ်ပြီး ရုံးခန်းတွင်းရှိ မီးခံသေတ္တာကို ဖောက်ထွင်းခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

၂၀၀၈ ဖွဲ့စည်းပုံကို အသစ်ရေးရန် လက်မခံဟု ကေအဲန်ယူကို ကာချုပ်ပြောဆို


3.10.2013

မြန်မာနိုင်ငံတွင် လက်ရှိ အသုံးပြုနေသည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးရန်ထက် ပြင်သင့်သည့်အဆင့်သာ ရှိ သည်ဟု နေပြည်တော်၌ တွေ့ဆုံစဉ် မြန်မာအစိုးရ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆို ခဲ့ကြောင်း (ကေအဲန်ယူ)ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

Wednesday, October 2, 2013

KIO ထိန်းချုပ်နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူခွင့် ရ

2.10.2013

KIO က ၄င်းတို့ထိန်းချုပ်နယ်မြေအတွင်း အစိုးရမှ သန်းခေါင်စာရင်း ဝင်ရောက်ကောက်ယူရန် သဘောတူလက်ခံ လိုက်ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြော သည်။

ဆီးဂိမ်းအတွက် ဗီဇာ မလိုပဲ မြန်မာပြည် လာနိုင်

2.10.2013

အားကစား ၀န်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကားပြီး ပြန်ကြားရေး ၀က်ဆိုက်မှာ ဗီဇာ မလိုပဲ လာနိုင် တာကို ဖော်ပြ ထားပါတယ်။

တောင်ကိုရီးယား၏ ဆယ်စုနှစ် တစ်ခုအတွင်း အကြီးဆုံး စစ်ရေးပြ အခမ်းအနား ကျင်းပ

2.10.2013

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် အစီအစဉ်က တောင်ကိုရီးယားအတွက် အလွန်စိုးရိမ်ဖွယ် ခြိမ်းခြောက် မှု ဖြစ်နေချိန်တွင် တောင်ကိုရီးယားက ဆယ်စုနှစ် တစ်ခုအတွင်း အကြီးဆုံး စစ်ရေးပြ အခမ်းအနားကို အောက်တိုဘာ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြည်လမ်းမဘက် အင်းလျားကန်ပေါင်တွင် Wifi အခမဲ့ သုံးနိုင်

2.10.2013

ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းအပေါ်ရှိ အင်းလျား ကန်ပေါင်တွင် ပြီးခဲ့သည့် စက်တင်ဘာလမှ စ၍ Wifi အခမဲ့ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အသုံးပြုနိုင်ရန် Myanmar Network ကုမ္ပဏီက စီစဉ်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြိုတော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သံတွဲ ပဋိပက္ခ သေဆုံးသူ ၅ ဦး အထိရှိ

2.10.2013

ရခိုင်ပြည်နယ် သံတွဲမြို့နှင့် ကျေးရွာတချို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အိမ်ခြေ ၆၀ ၀န်းကျင် မီးလောင် ကျွမ်း ခဲ့ပြီး သေ ဆုံးသူ စုစုပေါင်း ၅ ဦး အထိရှိပြီ ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းနှင့် တွေ့ဆုံခြင်း


2.10.2013
မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် လွန်စွာအရေးကြီးသည့် လုပ်ငန်းတစ်ရပ် ဟု ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစု အသီးသီး ထောက်ပြ ပြောဆိုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥ ပဒေ ပြောင်း လဲပြင်ဆင်ရေးနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးရဲထွန်းကို မေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

ကရင် နှင့် ပဲခူးဒေသများတွင် မြေမြှုပ်မှိုင်းထိပြည်သူများအား ကိုယ်အင်္ဂါ ပစ္စည်း များ အခမဲ့ တပ်ဆင်ပေးမှုစတင်

2.10.2013

ရန်ကုန် ၊ အောက်တိုဘာ ၁ ။ ။ မြေ မြှုပ်မိုင်းကြောင့် ဒုက္ခိတဖြစ်ခဲ့ သည့်ဒေသများရှိ ပြည်သူများကို အခမဲ့ကိုယ်အင်္ဂါပစ္စည်း တပ်ဆင် ပေးမည့် အစီအစဉ်ကို ပဲခူးတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့ တွင် စတင်ဆောင် ရွက်နေကြောင်း သိရ သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြည်သူလူထု၏ အသံကို လျစ်လျူရှု၍ ဆောင်ရွက်ရန် လုံးဝ မဖြစ်နိုင်ကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


2.10.2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြည်သူလူထု၏ သဘောဆန္ဒကို လျစ်လျူရှု ၍ လုံးဝ မဖြစ်နိုင်ကြောင်း အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁ ရက်က နေပြည်တော် လွှတ်တော်တွင်း၌ မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဖွဲ့စည်းပုံ ရေးဆွဲသွားရန် မွန်ညီလာခံ ဆုံးဖြတ်



2.10.2013

တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အ တွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းသွားရန် စက်တင်ဘာ ၂၈ရက်မှ ၃၀ရက်နေ့အထိ ကျင်းပခဲ့သည့် မွန်အ မျိုး သားညီလာခံက ဆုံးဖြတ်ခဲ့ကြောင်း ညီလာခံဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

လက်နက်ပဋိပက္ခများ၏ ဇာစ်မြစ်ကိုအဖြေရှာကာ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟု သမ္မတကတိပြု

2.10.2013

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် အပစ်အခတ်ရပ်စဲရေး တစ်ခု တည်း ဖြင့် မ လုံလောက်သောကြောင့် လက်နက်ကိုင် ပဋိပက္ခများ၏ ဇာစ်မြစ်များကို အဖြေရှာပြီး နိုင်ငံရေးနည်းလမ်း အရသာ ဖြေရှင်းမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ယနေ့ ပြောကြားခဲ့သည့် ရေဒီယိုမိန့်ခွန်း တွင် က တိပြုပြောကြားသွားသည်။

Tuesday, October 1, 2013

သံလွင်ကွင်းကို မြို့နယ်အားကစားကွင်း တည်ဆောက်ရန် မြို့ခံလူထု မလိုလား



1.10.2013

ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ ကရင်ကျောင်းသားများရိပ်သာအရှေ့ရှိ သံလွင်ကွင်းကို ပြည် နယ်အစိုးရ ၏ မြို့နယ်အားကစားကွင်း တည်ဆောက်မည့်အပေါ် မြို့ခံလူထုများက နဂိုအတိုင်း ထားရှိရန် စက်တင်ဘာ ၂၉ရက်နေ့က တောင်းဆိုလိုက်သည်။

ဒုက္ခသည်များ၏ ဘ၀လုံခြုံရေးအတွက် ကရင်လူထုအခြေပြုအဖွဲ့ စိုးရိမ်နေ


1.10.2013

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ရက်နေ့က မယ်လဒုက္ခသည်စခန်းမှ အမျိုးသမီးတစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ ထိုင်း-မြန် မာ နယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများမှ အမျိုးသမီးများ အပါအ၀င် ဒုက္ခသည်များ၏ လုံခြုံရေးအတွက် အထူး စိုးရိမ် ရကြောင်း ဒုက္ခသည်များကို အကူအညီပေးနေသည့်အဖွဲ့များက ပြောဆိုလိုက်သည်။

အစိုးရသည် UNFC နှင့်ထပ်မံတွေ့ဆုံဆွေးနွေးမည် မဟုတ်တော့ကြောင်း ဦးအောင်မင်းဆို


1.10.2013

ရှေ့ဆက် ဆွေးနွေး မှုများတွင် တဖွဲ့ချင်း ဆွေးနွေးမှုဖြင့်သာ ခေါ်ယူတွေ့ဆုံတော့မှာ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် စက်တင် ဘာ (၂၈) ရက်နေ့ မွန်ပြည်နယ် မော်လမြိုင်မြို့ တွင် တွေ့ဆုံ ခဲ့သော လက်နက်ကိုင် အဖွဲ့အစည်း (၄) ဖွဲ့၏ တွေ့ဆုံပွဲ၌ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ က ဆိုခဲ့သည်ဟု ယင်းအစည်းအဝေးကို တက်ရောက် ခဲ့ သည့် ဒီမိုကရေစီ အကျိုးပြု ကရင့် အမျိုးသား တပ်မတော် (DKBA) ၏ ကိုယ်စားလှယ် ခေါင်းဆောင် ဗိုလ်မှူးကြီး ဆန်းအောင် က ဆိုပါသည်။

ဖက်ဒရယ်မူနှင့် ပတ်သက်၍ တိုင်းရင်းသားအားလုံး လွတ်လပ်စွာ ဆွေးနွေးနိုင်ဖို့ လွှတ်တော်ပြင်ပတွင် ညီလာခံတစ်ခု ပြုလုပ်ခွင့်ပေးရန် တောင်းဆို

             မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သော ပထမအကြိမ် မွန်အမျိုးသား ကွန်ဖရင့်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

 1.10.2013

မွန်အမျိုးသား ကွန်ဖရင့်တွင် တက်ရောက်လာသော တိုင်းရင်းသား ပါတီများနှင့် ပညာရှင်တို့က တိုင်းရင်းသား လူမျိုးစု အားလုံး ဖက်ဒရယ်မူနှင့် ပတ်သက်၍ လွှတ်တော်ပြင်ပတွင် လွတ်လပ်စွာ တိုင်ပင်ဆွေးနွေးနိုင်သော ညီလာခံတစ် ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။