address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, March 4, 2014

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ ပြည်သူများနှင့် တွေ့ဆုံမည်


4.3.2014 

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီက ဦးဆောင်ပြုလုပ်နေသော ကရင်လက်နက်ကိုင်အဖွဲ့အ စည်းများအကြား ငြိမ်းချမ်းရေးဖော်ဆောင်ခြင်း ဆွေးနွေးမှုအပေါ် လူထုဆန္ဒတောင်းယူခြင်း နောက်ဆုံးပွဲ အနေဖြင့် မတ်လ ၈ ရက်တွင် ကရင်ပြည်နယ် သံတောင်မြို့နယ်တွင် ပြုလုပ်သွားမည်ဟု ကရင်စည်းလုံး ရေးနှင့် ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌဦးမန်းအောင်ပြည် စိုးက မဇ္ဈိမကို မတ်လ ၂ ရက်က ပြောသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အလားအလာကောင်းရန် တိုင်းရင်းသားများ ညီညွတ်ဖို့လို




4.3.2014 

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား လက်ရှိဆွေးနွေးနေသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးမူကြမ်း အလားအလာကောင်းဖို့ဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ညီညွတ်ရန်လိုသည်ဟု NCCT မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ငြိမ်းချမ်းရေးအတွက် ၇ ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ်တွင် ဆွေးနွေးပြောဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမျိုးသမီးများပါဝင်မှုမရှိသလောက်ရှားဟုဆို



4.3.2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အမျိုးသမီး များ၏ပါဝင်မှုမှာ မရှိသလောက် ရှားနေသောအခြေအနေမျိုးဖြစ် နေကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း၏အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးအား မလေးရှားနိုင်ငံတွင် လုပ်ကြံရန် ကြိုးပမ်းခဲ့မှုအတွက် တရားခံတစ်ဦး ဖမ်းမိကြောင်း မလေးရှားရဲတပ်ဖွဲ့ ပြောကြား


4.3.2014

မြန်မာနိုင်ငံမှ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဦးအေးမောင်နှင့် ဦးအေးသာအောင်တို့အား လွန်ခဲ့သည့်လက မလေးရှားနိုင်ငံတွင် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့မှုတွင် ပါဝင်သည်ဟု သံသယရှိသူ တစ်ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်ဟု Bernama သတင်းဌာနက ဖော်ပြလိုက်သည်။

ဗီဇာသက်တမ်းလွန်နေတဲ့ ထိုင်းက မြန်မာအလုပ်သမားတွေကို ဖမ်းဆီးမှု ယာယီဆိုင်းငံ့




4.3.2014

အလုပ်လုပ်ခွင့် ဗီဇာသက်တမ်း ကျော်လွန်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအပေါ် ဖမ်းဆီးအရေးယူမယ့် မူဝါဒကို ယာယီဆိုင်းငံ့ ထားမယ်လို့ ထိုင်းအစိုးရ အလုပ်အကိုင်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ပရာဝတ်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖေါ်ပြပါတယ်။

ဝ နဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ သူရဦးရွှေမန်းနဲ့ တွေ့ဆုံ




4.3.2014

"၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင်တွေနဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP က ခေါင်းဆောင်တွေဟာ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို လာရောက်လေ့လာပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆန္ဒပြအင်အားစုများ ရှိသော်လည်း ပြန်လည် ကျင်းပသည့် ထိုင်းရွေးကောက်ပွဲ ချောမွေ့




4.3.2014

အတိုက်အခံ အင်အားစုများ၏ ပိတ်ဆို့ ဟန့်တားမှုကြောင့် ရာနှုန်းပြည့် ပြီးပြတ်မှု မရှိခဲ့သော ဒီမိုကရေစီ ရွေးကောက်ပွဲကို ပြည်နယ်ငါးခုတွင် တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့ရာ ဆန္ဒပြသူများက ပြန်လည်ဝိုင်းဖွဲ့ အင်အားပြ ခဲ့ကြသော်လည်း အဆင်ပြေ ချောမွေ့မှု ရှိခဲ့သည်ဟု ထိုင်းရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများက ပြောကြားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

နိုင်ငံရေး အာမခံချက်ရရှိရေး NCCT တောင်းဆို




4.3.2014

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အစိုးရဆီ ပေးပို့ထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းမှာ တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအာမခံချက်ရှိတဲ့ ပြည်ထောင်စုတစ်ရပ် ပြန်လည်ထူထောင်ဖို့ တောင်းဆိုထားတယ်လို့ NCCT အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့က ဒီကနေ့ ပြောပါတယ်။

Monday, March 3, 2014

တိုင်းပြည်ကိုလက်နက်နဲ့ မကယ်တင်ဘဲမဲနဲ့ ကယ်တင်ရမယ်ဟုဦးမင်းဇေယျဆို




3.3.2014

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် မြန်မာနိုင်ငံဒေသတချို့တွင် နိုင်ငံ ရေးပါတီအရပ်ဘက်လူ့အဖွဲ့အစည်း နှင့် ပြည်သူများက ဆန္ဒဖော်ထုတ် ပွဲများကျင်းပပြုလုပ်လျက်ရှိသည်။

ကရင်တိုင်းရင်းသားတို့၏ရိုးရာဝတ်စုံ လူမျိုးတိုင်းကြိုက်နှစ်သက်ကြပုံ



3.3.2014

မြန်မာနိုင်ငံတွင်တိုင်းရင်းသားလူမျိုး အသီးသီးရှိကြသည့်အနက် ကရင်တိုင်း ရင်းသားတို့၏ယဉ်ကျေးမှု(အမျိုးသား၊ အမျိုးသမီး)တို့၏ ရိုးရာဝတ်စုံများကို ပြည်ထောင်စုသားအားလုံးက နှစ်သက် မြတ်နိုးတန်ဖိုးထား၍ ၀တ်ဆင်အသုံးပြု ကြသည်ကိုတွေ့ရှိရသည်။ ကရင်ရိုးရာ ၀တ်စုံများကို မြန်မာနိုင်ငံရှိတိုင်းရင်းသား လူမျိုးများသာမက အချို့သောကမ္ဘာ လှည့်ခရီးသည်များသည်ပင်လျှင် အခါ အားလျော်စွာဝယ်ယူဝတ်ဆင်ကြသည်ကို လည်းတွေ့ရှိခဲ့ရသည်။

တိုင်းရင်းသား လက်နက်ကိုင်အများစု သန်းခေါင်စာရင်း ကောက်ယူမည့် အစီအစဉ် ကေအိုင်အိုနှင့် ပလောင်အဖွဲ့မှအပ ထောက်ခံဟုဆို


3.3.2014

၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ လုပ်ဆောင်မည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်ကို ယင်းဆွေးနွေးပွဲသို့ မတက်ရောက်ခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နှင့် ပလောင်ပြည် လွတ်လပ်ရေးတပ်ဦး (PSLF) တို့မှအပ အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ အပါအဝင် တိုင်းရင်းသားအဖွဲ့ ၅၄ ဖွဲ့က ထောက်ခံ လိုက်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ ပြန်ကျင်းပ


3.3.2014

ထိုင်းနိုင်ငံမှာ အရင်လက ဆန္ဒပြပွဲတွေကြောင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲတွေကို ပြန်ကျင်းပနေပါတယ်။

တရုတ်နိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ၂၉ ဦး သေဆုံး




3.3.2014

တရုတ်ထိပ်တန်း လုံခြုံရေးအရာရှိ မန့်ကျန်းကျိုးဟာ တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရဲ့ မြို့တော် ကူမင်းမြို့ဘူတာရုံ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရခဲ့တဲ့ အရပ်သားတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ ဆီကို မတ်လ ၂ ရက်နေ့ မနက်က သွားရောက် လည်ပတ်ပါတယ်။

ဘန်ကောက် ပိတ်ဆို့ရေး အစီအစဉ် ရပ်ဆိုင်းမည်ဟု ထိုင်းဆန္ဒပြခေါင်းဆောင် ပြောကြား




3.3.2014

ဘန်ကောက်မြို့ ပိတ်ဆို့ရေး အစီအစဉ်ကို မတ်လ ၃ ရက်နေ့တွင် ရပ်ဆိုင်းသွားမည်ဟု ထိုင်းအတိုက်အခံ ဆန္ဒပြခေါင်းဆောင် ဆူသက်က သောကြာနေ့ညတွင် ပြောကြားသွားကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် လူကုန်ကူးမှု ခံရသည့် မြန်မာ အလုပ်သမား ၅၀ ကျော် မွန်ပြည်နယ်သို့ လွှဲပြောင်း


3.3.2014

ထိုင်းနိုင်ငံသို့ အလုပ် သွားလုပ်ကြရာမှ လူကုန်ကူးခြင်းနှင့် ကြုံတွေ့ခဲ့ရသည့် မြန်မာ အလုပ်သမားများကို ထိုင်းလူကုန်ကူးမှု ထိန်းသိမ်းရေး ဂေဟာများမှ တစ်ဆင့် မွန်ပြည်နယ်သို့ လွှဲပြောင်းပေးခဲ့ရာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထိ ၅၆ ဦး ရှိပြီဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၉) မှ ဒုတိယရဲမှူးကြီး သန်းတင့်က ပြောကြားသည်။

အာဆီယံ လူငယ်ဖိုရမ် တက်ရောက်မည့် မြန်မာ ကိုယ်စားလှယ်များ မွန်ပြည်နယ်တွင် တွေ့ဆုံမည်





3.3.2014



အာဆီယံလုံးဆိုင်ရာ လူငယ်ဖိုရမ်ကို မြန်မာ့လူငယ် ကိုယ်စားလှယ်များ တက်ရောက်နိုင်ရန် အတွက် မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ် ခန်းမတွင် မတ်လ ၄ ရက်နေ့၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်များ တွေ့ဆုံ ပွဲ (Myanmar Youth Forum) ပြုလုပ်မည် ဖြစ်ကြောင်း မွန်ပြည်နယ် လူငယ် ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဒေါ်ခိုင်ခိုင်လဲ့မြင့်က ပြောကြားသည်။

တယ်လီနောမြန်မာ၏ ရုံးချုပ်ကို ရန်ကုန်မြို့၌ မတ် ၂ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီး သင်တန်းများပို့ချရာ ဌာနတစ်ခုဖြစ်သော တယ်လီနောမြန်မာ အကယ်ဒမီ ထည့်သွင်းထားရှိမည်



3.3.2014

တယ်လီနောမြန်မာ၏ ရုံးချုပ်ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၌ ၂၀၁၄ ခုနှစ် မတ် ၂ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယင်းရုံးချုပ်ကို Telenor House ဟုခေါ်ပြီး အမှတ် ၄၀၊ စက်မှု ၁ လမ်း၊ ရန်ကုန်မြို့တွင် တည်ရှိကာ အထပ် ၁၃ ထပ်ပါရှိကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၃၀ ကျော် ရရှိထားပြီး မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ အများဆုံးဆောင်ရွက်ခဲ့



3.3.2014

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၃၀ ကျော် ရရှိထားပြီး မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ အများဆုံး ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေး JICA ၏ အကြိုကွင်းဆင်းလေ့လာချက် အစီရင်ခံစာအပေါ် အမြင်ကွဲပြားမှုများ ဖြစ်ပေါ်




3.3.2014

ဂျပန်နိုင်ငံတကာ ကော်ပိုရေးရှင်း (JICA) အဖွဲ့၏ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေး အစီရင်ခံစာနှင့် ပတ်သက်ပြီး ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုကွန်ရက် (KESAN) အဖွဲ့နှင့် JICA တို့အကြား အမြင်ကွဲပြားမှုများ ဖြစ်ပေါ်ခဲ့သည်။

ဒုချီးရားတန်းတွင် ဘင်္ဂါလီများ သတ်ဖြတ်ခံရသည့် အထောက်အထား မတွေ့ဟု ကော်မရှင်ဆို


3.3.2014

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် ဘင်္ဂါလီများ သတ်ဖြတ်ခံရသည့် အထောက်အထား မတွေ့ရှိရကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ဦးသာပွင့်က ပြောကြားသည်။