24.3.2014
[ အတွဲ ၁၀ အမှတ် ၁၃ ၊ The Flower News Journal ]
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ဒေသစုံမှ အလုပ်အကိုင်ရှာ ဖွေသူများ ယာယီလာရောက်အခြေချနေထိုင် လျက်ရှိရာ အသက် ၁၆ နှစ်ဝန်းကျင်လူငယ် များမှာ မြို့ပေါ်တွင် ကြုံရာကျပန်းလုပ်ငန်း များလုပ်ကိုင်လျက်ရှိပြီး ၄င်းတို့အနေဖြင့် ကော်ရှူမှုများပြုလုပ်နေကြကြောင်း မြဝတီ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှူး ဦးသိန်းဇော်ကံက ပြောသည်။















