address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, March 28, 2014

MH370 အပိုင်းအစလို့ ယူဆရတဲ့ အရာဝတ္ထုသစ် ၁၂၀ကျော် ထပ်မံတွေ့ရှိ




28.3.2014

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ရဲ့ အပိုင်းအစလို့ ယူဆရတဲ့ အရာဝတ္ထုအခုပေါင်း ၁၂၀ ကျော်ကို အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းမှာ ဆက်တလိုက် ဂြိုလ်တု ကနေတဆင့် ထပ်မံတွေ့ရှိခဲ့ပါတယ်။

ကရင်ပြည်နယ်တွင် ကျည်ဆံဟောင်းတလုံးပေါက်ကွဲမှုကြောင့် ကလေး ၁ ဦးသေဆုံး




28.3.2014

ကရင်ပြည်နယ် ဘားအံမြို့နယ် အိမ်တဲကျေးရွာမှာ မတ်လ ၂၂ ရက်နေ့က မပေါက်ကွဲသေးတဲ့ ၄၀ မမ ကျည်ဆံဟောင်းတလုံးကို ကလေးငယ်တွေက ကစားရင်း ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် ၁ ဦးသေပြီး ၂ ဦး အပြင်းအထန် ဒဏ်ရရှိခဲ့ပါတယ်။

KNU လက်အောက်ခံ ဖာပွန်ခရိုင်အနေနှင့် သန်းခေါင်စာရင်း ကောက်ခံမှုကို KNU ဗဟို၏ ဦးဆောင်မှုဖြင့် မိမိဖာသာ ကောက်ခံမည်




28.3.2014

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ဖာပွန်ခရိုင်အနေနှင့် သန်းခေါင်စာရင်း ကောက်ခံမှုကို KNU ဗဟို၏ ဦးဆောင်မှုဖြင့် မိမိဖာသာ ကောက်ခံမည်ဟုသိရသည်။

Wednesday, March 26, 2014

KNU ဗဟိုအမြဲတမ်း ကော်မီတီ ၏ အရေးပေါ် အစည်းအဝေးကျင်းပ




26.3.2014

ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုအမြဲတမ်း ကော်မီတီ အရေးပေါ် အစည်း အဝေးကို ယနေ့ နံက်ပိုင်း တွင် တပ်မဟာ (၇) နယ်မြေရှိ လောခီး လာ ခေါ် လေးဝါး စခန်းတွင် စတင်ကျင်းပခဲ့ သည်ဟု ဗဟိုအမြဲတမ်း ကော်မီတီဝင် တဦးဖြစ်သူ ပဒိုအောင်မော် အေးက ဆိုပါသည်။

NLD နာယကဦးတင်ဦးနှင့်အဖွဲ့ မယ်တော်ဆေးခန်းမှ ဒေါက်တာစင်သီယာမောင်နှင့် တွေ့ဆုံ




26.3.2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက ဦးတင်ဦးသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ ယနေ့ မတ်လ ၂၄ရက်၊ နေ့လည် ၁၂နာရီခွဲတွင် သွားရောက်လေ့လာခဲ့ပြီး ဆေးခန်းထူထောင်သူ ဆရာမကြီး ဒေါက်တာစင်သီ ယာမောင်နှင့် တွေ့ဆုံခဲ့သည်။

ပေါ့ဆမီးကြောင့် မယ်လစခန်း အိမ်ခြေ ၅၀ ပျက်စီးကြောင်း ထပ်မံ အတည်ပြု




26.3.2014

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းရှိ မယ်လဒုက္ခသည်စခန်း၊ ဇုံဘီအမှတ်(၄)ရပ်ကွက်တွင် မတ် ၂၄ရက်နေ့၊ ည ၉နာရီခွဲအချိန်က ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၅၀ ပျက်စီးသွားကြောင်း မယ်လစခန်းဥက္ကဌ စောအောနက်စ်က ယနေ့ ထပ်မံ အတည်ပြု ပြောကြားလိုက်သည်။

ဟောင်သရော မြစ်ကူးရာတွင် စနစ်တကျ လုံခြုံမှုရှိရန် ဒေသခံများ လိုလား




26.3.2014

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လှိုင်ကွယ်-မဲသေရောအပိုင်း တောင်ကြာအင်းနှင့် မြောက်ကြာအင်းကျေးရွာအကြားရှိ ဟောင်သရောမြစ်ကို ဖြတ်ကူးရာတွင် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများမှ လုံခြုံစွာ စနစ်တကျ စီစဉ်ပေးရန် လိုလားကြောင်း ဒေသခံများက ပြောသည်။

ဆာသူးလေကျောင်း၏ ၂၀၁၃-၁၄ ပညာသင်နှစ် ကျောင်းဆင်းပွဲ ကျင်းပပြီးစီး




26.3.2014

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းကျောင်းတစ်ကျောင်းဖြစ်သော ဆာသူးလေ အထက်တန်းကျောင်း၏ ၂၀၁၃-၁၄ပညာသင်နှစ် ကျောင်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ထိုင်းစံတော်ချိန် နံနက် ၉နာရီမှ ၁၁နာရီခွဲအထိ ကျင်းပ ပြီးစီးခဲ့သည်။

မြဝတီမြို့နယ် NLD ရုံးဖွင့်ပွဲ အခမ်းအနားကို DKBAအဖွဲ့မှ ဗိုလ်ဆန်းအောင် တက်ရောက်ခဲ့




26.3.2014

အခမ်းအနားကို တက်ရောက်လာရတဲ့ အကြောင်းကို ဗိုလ်ဆန်းအောင် က အခုလို့ရှင်းပြတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ကျနော်တို့ရဲ့ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်နဲ့ တသွေးတသားတည်း တထပ်တည်းပြောရင်လဲ မမှားပါဘူး။ NLD ရဲ့ လှုပ်ရှားမှုကို ကျနော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်တာ ဝန်းရံတာတွေ မလုပ်ဘူးဆိုရင် ကျနော်တို့ တာဝန်မဲ့ရာကျတယ်။ ဒါကြောင့် ဒီအခမ်းအနားကို တက်ရောက်လာရခြင်းဖြစ်တယ်။

ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန် လွှတ်တော်မှာ ဆွေးနွေး




26.3.2014

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို တိုင်းရင်းသား လူမျိုးစုတစ်ခုအဖြစ် အသိအမှတ်ပြုဖို့နဲ့ မြန်မာအစိုးရရဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံတဲ့မူဝါဒတွေ ပယ်ဖျက်ရေးအတွက် အမေရိကန်အစိုးရက ဦးစားပေးဆောင်ရွက်ဖို့ အမေရိကန်အောက် လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ မနေ့က ဆွေးနွေးခဲ့ပါတယ်။

Nok Air လေကြောင်း မဲဆောက်-မော်လမြိုင် ခရီးစဉ်ရပ်နား


26.3.2014

ထိုင်းနှင့် မြန်မာနယ်စပ် မဲဆောက်နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့သို့ တိုက်ရိုက် ပြေးဆွဲနေသည့် Nok Air လေကြောင်းခရီးစဉ်ကို စတင်ပြေးဆွဲခဲ့သည့် အချိန်မှ ငါးလအကြာ ဖေဖော်ဝါရီ လဆန်းပိုင်းမှစ၍ ခရီးစဉ် ပြေးဆွဲမှု ရပ်နားထားလိုက်ပြီး ဖြစ်ကြောင်း မော်လမြိုင် အခြေစိုက် သက်ဆိုင်ရာ လေယာဉ် လက်မှတ် ဝန်ဆောင်မှု လုပ်ငန်းအချို့ထံမှ သိရသည်။

ပျောက်ဆုံး မလေးရှားလေယာဉ်တွင် လိုက်ပါသွားသည့် တရုတ်ခရီးသည်များ၏ ဆွေမျိုးများ ဘေဂျင်းရှိ မလေးရှားသံရုံးသို့ ချီတက်ဆန္ဒပြ




26.3.2014

ပျောက်ဆုံး မလေးရှား လေယာဉ်ပေါ်တွင် လိုက်ပါသွားသော တရုတ်ခရီးသည်များ၏ ဆွေမျိုးများနှင့် မိတ်ဆွေများသည် ဘေဂျင်းမြို့ရှိ မလေးရှားသံရုံးသို့ စုဝေးချီတက်ပြီး မလေးရှား အာဏာပိုင်များကို ဆန္ဒပြခဲ့ကြသည်ဟု CNN သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုင်းရောက် ဗီဇာသက်တမ်းကုန် မြန်မာသိန်းချီကို ရက်ပေါင်း ၁၈၀ ကျော် အဖမ်းအဆီး ရပ်ထားမည်


26.3.2014

ထိုင်းနိုင်ငံရောက် ဗီဇာသက်တမ်းကုန် မြန်မာလုပ်သား တစ်သိန်းဝန်းကျင်ကို ဗီဇာသက်တမ်းတိုးခွင့် ပြုထားသဖြင့် ရက်ပေါင်း ၁၈၀ ကျော် အဖမ်းအဆီး ရပ်ထားမည်ဟု ထိုင်းအစိုးရက မတ်လ ၂၅ ရက်နေ့တွင် တရားဝင် ကြေညာ လိုက်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အရေး ကွန်ရက် (MWRN) မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးစိန်ဌေးက ပြောကြားသည်။

မောင်တောနယ်စပ် လေယာဉ်ကွင်းရွာရှိ ဘင်္ဂါလီနေအိမ်မှ သေနတ်တစ်လက်နှင့် ကျည်ဆန်များ ထပ်မံဖမ်းဆီးရမိ


26.3.2014

မောင်တောနယ်စပ် အလယ် သံကျော် ကညင်တန်းကျေးရွာ အုပ်စုချောင်းအတွင်း ရှိ စက်လှေပေါ်မှ သေနတ်တစ်လက်နှင့် ကျည်ဆန် ကိုးတောင့် မတ် ၁၄၊ ၁၅ ရက်က ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ဆက်လက်စုံစမ်းစစ်ဆေး မှုများပြုလုပ်လျက်ရှိရာ မောင်တောနယ်စပ် အလယ် သံကျော်အုပ်စု လေယာဉ်ကွင်းကျေးရွာရှိ ဘင်္ဂါလီ နေအိမ် smist or welson ငါးချက်ပေါက် ဆုံလည်သေနတ်တစ်လက်နှင့် ၃၉ အမျိုးအစား နိုင်ငံ ခြား ကျည်ဆန်တစ်တောင့်ကို မတ် ၁၉ ရက်မွန်းလွဲ ပိုင်းက ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မောင်တောမြို့မ ရဲစခန်းမှ သိရသည်။

မဲဆောက်တွင် မြန်မာအလုပ်သမား ၁၀၀၀ ခန့် ဆန္ဒပြ




26.3.2014

မဲဆောက်မြို့၊ မယ်ကုတိုက်နယ်၊ မယ်တောင်မိုင်ရပ်ရှိ ယန်ဂျူး အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၁၀၀၀ နီးပါးက တရားဝင် နေ့စားခ မရရှိတဲ့အပြင် ဖိနှိပ်မှုတွေ ရှိနေလို့ အလုပ်သမားအခွင့်အရေးတွေ ရရှိရေးအတွက် ဆန္ဒပြနေကြပါတယ်။

ဗိုလ်ချုပ်စောထိန်မောင် ဆေးကုသမှု ခံယူ




26.3.2014

ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် စောထိန်မောင် ရန်ကုန် ရွှေဂုံတိုင်မှာ ရှိတဲ့ SSC ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ကရင်စကား ပြောရမှာကြောင့် မိုးမြင့်သဇင် ရင်ခုန်နေ


26.3.2014

ဒါရိုက်တာ အဏ်ထော်ဏီ ရိုက်ကူးမည့် "World First Hijack" (ရောင်နီဦး အလင်းရောင်နှင့်အတူ) ဖြစ် ရပ်မှန်ဇာတ်ကားတွင် မိုးမြင့်သဇင်သည် ကရင်အမျိုးသမီး တစ်ဦးအနေဖြင့် ကရင်စကားပြောကာ ပါဝင် သရုပ်ဆောင်ရမည် ဖြစ်ခြင်းကြောင့် များစွာ စိတ်လှုပ်ရှားမိသည်ဟု မိုးမြင့်သဇင်က မဇ္ဈိမ သို့ ပြောသည်။

Monday, March 24, 2014

ကရိုင်းမီးယားရှိ ယူကရိန်း လေတပ်အခြေစိုက်စခန်းကို ရုရှတပ်ဖွဲ့များ စီးနင်းသိမ်းပိုက်


24.3.2014

ရုရှတပ်ဖွဲ့များသည် သေနတ်များ မိုးပေါ်သို့ ပစ်ဖောက်ကာ၊ သံချပ်ကာယာဉ်များလည်း အသုံးပြု၍ ကရိုင်း မီးယားရှိ ယူကရိန်းလေတပ်အခြေစိုက်စခန်းတစ်ခုကို ၀င်ရောက်စီးနင်းခဲ့သည်ဟု မတ်လ ၂၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

KNU ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာ ဒေသခံရွာသား တစ်ဦး သေဆုံး




မတ်လ ၂၄ ရက်

ကရင်ပြည်နယ် ကျောက်ကြီးမြို့နယ် မြောင်ဦးကျေးရွာနေ ဦးစိုင်းအောင်နိုင်နှင့် ၃ ဦးသည် မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက မီးသွေးများ သယ်ဆောင်ရန် ထွက်ခွာလာကြစဉ် ဖိုးကျောက်ကြီးကုန်းအနီး၌ KNU ထောင်ထား သော မိုင်းတစ်လုံးနင်းမိ ပေါက်ကွဲရာမှ ဒဏ်ရာများရရှိပြီး သေဆုံးသွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ခွဲတမ်းရပ်နားထားသည့် GSM ဆင်းမ်ကတ် ပြန်ရောင်းမည်


24.3.2014

မန္တလေးတိုင်းဒေသကြီးအတွင်း လိုင်းကျပ်မှုများကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရောင်းချပေးမှု ရပ်နားထားခဲ့သည့် တန်ဖိုးနည်း GSM မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များကို မတ်လတွင် ပြန်လည် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (မန္တလေးတိုင်းဒေသကြီး) ထုတ်ပြန်ချက်များအရ သိရသည်။