သျှမ်းပြည် တောင်ပိုင်း လွိုင်လင် ခရိုင် နမ့်ဇန်မြို့နယ် SNLD ဥက္ကဌ ၊ ၁၉၉၀ ရွေးကောက်ပွဲ (အနိုင်ရ) ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် စိုင်းတင်ဝင်း အသက် (၆၉)နှစ်သည် မတ်လ ၁၃ ရက်နေ့က နမ့်ဇန်မြို့ အမှတ် ၄ ရပ်ကွက်နေအိမ်၌ ကွယ်လွန်ခဲ့သည်။
address
Sunday, March 16, 2014
သံလွင်မြစ်ရေရောင်းစားရန်မဟုတ် ဆုတောင်းဆန္ဒထုတ် ဖော်
သံလွင်မြစ်ရေသည် ရောင်းစားရန်မဟုတ်ပါ၊ သံလွင်မြစ်သည် ကျနော်တို့၏ အသက်သွေးကြောဖြစ်သည် စသောဆိုင်းဘုတ်များ ကိုင်ဆောင် ကာ သံလွင်မြစ်သဲသောင်ပြင်ပေါ်၌ မတ်လ ၁၄ ရက်က ဆန္ဒထုတ်ဖော် ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ EITI လုပ်ငန်းဆောင်ရွက်မှုကိစ္စ ဆွေးနွေး
မြန်မာနိုင်ငံအတွင်း သဘာဝသယံဇာတ အရင်းအမြစ်များ တူးဖော်ထုတ်ယူသုံးစွဲရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အ ဖွဲ့(EITI)၏ လုပ်ငန်းဆောင်ရွက်မှုကို ဆွေးနွေးရန် ကရင်ပြည်နယ် အရပ်ဖက်လူမှု အဖွဲ့အစည်း(CSOs)များက ဖားအံမြို့၊ ကန် သာဦး ခမ်းမ ၌ မတ်လ ၁၂ မှ ၁၃ ရက်နေ့အထိ ဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။
Friday, March 14, 2014
ကုလ ငြိမ်းချမ်းရေးတပ်ထဲ အစိုးရ စစ်တပ်ပါဝင်ထမ်းဆောင်ဖို့ HRW ရှုတ်ချ
မြန်မာအစိုးရစစ်တပ်ကိုကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့တွေ မှာ ပါဝင်ဖို့ စေလွှတ်ရေး အတွက် ဇန္နဝါရီ လကုန်ပိုင်းက နေပြည်တော် ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အရာရှိ မစ္စတာ ဗီဂျေး နမ်းဗီးယားက အဆို ပြုခဲ့ ပါတယ်။
ပျောက်ဆုံးလေယာဉ် သဲလွန်စတွေ မမှန်ကန်ဟု ဆို
ပြီးခဲ့တဲ့ စနေနေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ရဲ့ အပိုင်းအစတွေ ဆိုပြီး တရုတ်ဘက်က ထုတ်ပြန်ခဲ့တဲ့ ဂြိုဟ် တုဓာတ်ပုံတွေဟာ မမှန်ကန်ပါဘူးလို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။
ရှမ်းစာပေသင်တန်းဆရာမ အပါအ၀င် ရွာသားများ ဖမ်းဆီးခံရ
ကချင်ပြည်နယ်ဗန်းမော်ခရိုင်ထဲမှာ ရှမ်းစာပေသင်တန်းဆရာမတဦးနဲ့ ကျားဖြူပါတီဝင်တဦး အပါအ၀င် ရှမ်းရွာသား ၇ ဦးကို ကချင် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြောပါတယ်။
Thursday, March 13, 2014
မြ၀တီရဲစခန်းရှေ့ သံဃာတော်များ ဆန္ဒပြမှုဖြစ်စဉ် သတင်းအမှန်
13.3.2014
ကရင်ပြည်နယ်မြ၀တီ မြို့နယ်တွင်ရဟန်းသံဃာတော်ယောင်ဆောင်ထားသော တရားခံပြေးအား ရဲစခန်းမှ ဖမ်းဆီးမှုကြောင့် မတ် ၁၁ ရက်နေ့ညနေ၆နာရီခန့်မှစ၍သံဃာတော်များစုပေါင်းကာမိုးကုတ်စက်ဝိုင်းကျောင်းမှယုဇနလမ်း၊ဘုရင့်နောင်လမ်းအတိုင်း စီတန်း လှည့်လည် ဆန္ဒပြခဲ့ကြကြောင်းယင်းမြို့ခံများထံမှသိရပါသည်။
Wednesday, March 12, 2014
ငြိမ်းချမ်းရေးသက်သေပြပေးပါ
ရေးသားသူ- အိဖြူမွန်
ငြိမ်းချမ်းရေးမရမချင်း ဒုက္ခသည်စခန်းတွင်သာ နေထိုင်မည်ဟု စိတ်ကူးထားသူ
နော်စေးလျားတစ်ယောက် လွန်ခဲ့သောရှစ်လခန့်မှစ၍ ပြည်တော်ပြန်ရန် စဉ်းစားမိလာသည်။
ဒီနေ့ 12-3-2014့ မြ၀တီမြို့ နယ် ရွေကုက္ကိုလ်ကျေးရွာ ရွေကုက္ကိုလ်ဘုန်းကြီးကျောင်းမှာနာမည်ကြီး အရှေ့ ပိုးကရင်အဆိုတော် စောထူးဝါးရဲ့ နောက်ဆုံးခရီး အသုဘပို့ ဆောင်ရန်ဖြစ်ပါတယ်
12.3.2014
အရှေ့ ပိုးကရင်အဆိုတော် စောထူးဝါသည် လွန်ခဲ့သော ၆ရက်နေ့ ညမှာ ထိုင်းနိုင်ငံမဲဆောက်မြိုအနီး တစ်ဝိုက်မှာ အသတ်ခဲခဲ့ရပါတယ်
ထိုင်းနိုင်ငံမှရွှေ့ ပြောင်း မြန်မာကျောင်းသားများ ကရင်ပြည်နယ် မြ၀တီမြို့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖို့ ရောက်ရှိနေကြပါတယ်...
ထိုင်းနိုင်ငံ
တာ့ခရိုင်အတွင်းရှိ ရွှေ့ပြောင်းမြန်မာကျောင်းတွေက ကျောင်းသူနဲ့ ကျောင်းသား ၁၀၀
ကျော်ဟာ ကရင်ပြည်နယ် မြ၀တီမြို့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖို့ ရောက်ရှိနေကြ
ပါတယ်။
NCCT ခေါင်းဆောင် အချို့ က တပ်မတော်အပေါ် ယုံကြည်မှုရှိလာ
ဘားအံငြိမ်းချမ်းရေးဆွေးနွေးပွဲအကြိုအတွက်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့်အပစ်ခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)တို့ရန်ကုန်မြို့မြန်
မာ့ငြိမ်း ချမ်းရေးစင်တာမှာ တွေ့ ဆုံမှုအပြီး တပ်မတော်ကို ယုံကြည်လာကြောင်း (NCCT)
မှ ခေါင်းဆောင်အချို့ က ပြော သည်။
မွန်အမျိုးသားပညာရေး အစိုးရ အသိအမှတ်ပြုပေးရန် လိုအပ်ဟုဆို
မွန်အမျိုးသားပညာရေးကို အစိုးရအနေနဲ့ အသိအမှတ်ပြုပေးဖို့
မော်လမြိုင်မြို့မှာ ကျင်းပနေတဲ့ မွန်အမျိုးသမီးများညီလာခံမှာ ဆွေးနွေးခဲ့ပါတယ်။မွန်ပြည်နယ်
မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ကျောင်းတိုက်မှာ မတ် ၉ ရက်နေ့ကနေ ၃ ရက်အကြာ
ကျင်းပနေတဲ့ မွန်အမျိုးသမီးများညီလာခံမှာ အမျိုးသမီးနဲ့ ပညာရေးကဏ္ဍကို ဆွေးနွေးရာမှာ
မွန်ပညာရေးကို အစိုးရအနေနဲ့ အသိမှတ်ပြုပေးဖို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက
ဆွေးနွေးခဲ့ပါတယ်။
ငြိမ်းချမ်းရေးတည်ဆောက်မှု မီဒီယာအခန်းကဏ္ဍ East West ညီလာခံမှာဆွေးနွေး
ဟာဝိုင်ယီအခြေစိုက် East West Center က ကြီးမှူးပြီး ရန်ကုန်မြို့မှာ မနေ့က ဒီမီဒီယာညီလာခံကို စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၅ နိုင်ငံက မီဒီယာကျွမ်းကျင်သူတွေနဲ့ လုပ်ငန်းရှင်ပေါင်း ၃၀၀ ကျော် တက်ရောက်နေတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ရဲ့ စိန်ခေါ်မှုများအကြောင်း ၃ ရက်ကြာ ညီလာခံမှာတော့ ဒီကနေ့ မီဒီယာနဲ့ ပတ်သက်လို့ ဆွေးနွေး ခဲ့တဲ့ခေါင်း စဉ်တွေ ထဲမှာ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ သတင်းမီဒီယာအခန်းကဏ္ဍမှာ ပဋိပက္ခတွေအတွင်း သတင်းယူတဲ့ အခြေအနေတွေလည်း ပါဝင်ပါတယ်။
သန်းခေါင်စာရင်း အိမ်ထောင်စုမေးခွန်း၌ လူမျိုးရေးသွင်းခြင်းကို ပြန်လည်သုံးသပ်ရန် သမ္မတထံသို့ စစ်တွေဒေသခံများ တင်ပြတောင်းဆို
သန်းခေါင်စာရင်း အိမ်ထောင်စုမေးခွန်း၌ လူမျိုးရေးသွင်းခြင်းကို ပြန်လည်သုံးသပ်ရန် သမ္မတထံသို့ စစ်တွေဒေသခံများ တင်ပြတောင်းဆို၊
ကရင်နိုင်ငံရေး ၄ ပါတီ ၂၀၁၅ ရွေးကောက်ပွဲအပြီး ပူးပေါင်းမည်
![]() |
၂၀၁၃ခုနှစ်၊ စက်တင်ဘာတုန်းက ကရင်နိုင်ငံရေးပါတီများ ပထမအကြိမ် တွေ့ဆုံစဉ် |
လက်ရှိ တရားဝင်ရပ်တည်နေသည့် ကရင်နိုင်ငံရေးပါတီ ၄ ခုက ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် တစ်ပါတီတည်းအဖြစ် ပူးပေါင်းသွား မည်ဖြစ်ကြောင်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP) ဒုဥက္ကဌ မန်းအောင်ပြည့်စိုးက ပြောဆိုလိုက်သည်။
ပျောက်ဆုံးဆဲ မလေးရှားလေယာဉ် အကြမ်းဖက်မှုကြောင့် ဖြစ်နိုင်ချေနည်း
မလေးရှားလေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစင်း ပျောက်ဆုံးနေတဲ့ ကိစ္စဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပုံ မရဘူးလို့ Interpol နိုင်ငံတကာရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။
လေယာဉ်ပေါ်ကို ခိုးရာပါ နိုင်ငံကူးလက်မှတ် အသုံးပြုပြီး လိုက်ပါသွားတဲ့ ခရီးသည် ၂ ယောက်နဲ့ ပတ်သတ်ပြီး အသစ်ရရှိတဲ့ အချက်အလက်တွေအရ လေယာဉ်ဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ပျောက်သွားခဲ့ပုံ သိပ်မရှိဘူးလို့ Interpol အတွင်းရေးမှူးချုပ် Ronald Noble က ပြောပါတယ်။
Tuesday, March 11, 2014
ဘားအံမြို့၌ တစ်နှစ်အတွင်း သွေးစစ်ဆေးသူ ၄၈၇၅ ဦးတွင် ၂၃ ဦးHIV ပိုးတွေ့ရှိ
11.3.2014
တစ်နှစ်အတွင်းဘားအံမြို့ ပြည်သူ့ဆေးရုံကြီးတစ်ခုတည်း၌ သွေးစစ်ဆေးသူ ၄၈၇၅ဦးရှိပြီး ယင်းတို့ထဲမှ ၂၃ ဦးမှာHIV ပိုး ကူးစက်ခံနေရကာ (ဘီ)ပိုး၊ (စီ)ပိုး စစ်ဆေးသူ ၃၁၅၀ တွင် အသည်း ရောင်အသားဝါ (ဘီ)ပိုးကူစက်ခံ ရသူ ၁၂၉ ဦးနှင့် အသည်းရောင် အသားဝါ(စီ)ပိုးတွေ့ရှိသူ ၁၀ ဦး ရှိကြောင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာန၊HIV, AIDSှ နှင့် ကာလ သားရောဂါတားဆီးကာကွယ်တိုက် ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာနိုင်နိုင်ထွန်းက ပြော ကြားသည်။
တနိုင်ငံလုံး အပစ်ရပ် စာချုပ်မူကြမ်း ပြုစုရေး ပဏာမ သဘောတူ
11.3.2014
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ကိုယ်စားလှယ်များက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းတခုကို အခန်း ၇ ခန်းဖြင့် ပြုစုရေး သား ရန် ပဏာမ သဘောတူလိုက်ကြောင်း သိရသည်။
မလေးရှား လေယာဉ်ကို လေယာဉ် ၃၅ စင်း၊ ရေယာဉ် ၃၀ စီးဖြင့် နိုင်ငံပေါင်း ၉ နိုင်ငံ ပူးပေါင်း ရှာဖွေသော်လည်း ပဟေဠိဆန်စွာ ပျောက်ဆုံးနေဆဲ
11.3.2014
ကွာလာလမ်ပူမှ တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းသို့ ပျံသန်းသွားစဉ် ထူးဆန်းစွာ ပျောက်ဆုံးသွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုင်းအင်း ၇၇၇ ခရီးသည်တင် လေယာဉ်ကို ဒေသတွင်း နိုင်ငံပေါင်း ၉ နိုင်ငံ ပူးပေါင်းကာ လေယာဉ် ၃၄ စင်း၊ သင်္ဘော ၃၀ စီးတို့ဖြင့် သဲကြီးမဲကြီး ရှာဖွေလျက် ရှိသော်လည်း သုံးရက်နီးပါး ကြာချိန်အထိ ရှာဖွေ တွေ့ရှိခြင်း မရှိသေးကြောင်း နိုင်ငံတကာ မီဒီယာများ၏ ရေးသား ဖော်ပြချက်များအရ သိရသည်။
Subscribe to:
Posts (Atom)











.jpg)





