address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, April 28, 2014

မြ၀တီ ချစ်ကြည်ရေးတံတားတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များကြောင့် နယ်စပ်ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များ အခက်ကြုံ


 

28.4.2014

မြန်မာနှစ်သစ်ကူးပွဲတော် အပြီးနောက် မြ၀တီ-မဲဆောက်လမ်းမှ တစ်ဖက်နိုင်ငံသို့ ထွက်ခွာမည့် မြန်မာရွှေ့ပြောင်း လုပ်သားများ များပြားနေချိန်တွင် မြ၀တီချစ်ကြည်ရေး တံတားပေါ်၌ လိုင်စင်မဲ့ကားများ စည်းကမ်းမဲ့စွာ ခရီးသည်ကြိုပို့ (ခေါက်တို) သွားလာနေခြင်းကြောင့် တံတားတစ်စင်းလုံး မော်တော်ယာဉ်များပြည့်သိပ်ကာ ယာဉ်သွားလာရ ခက်ခဲလျက်ရှိပြီး နယ်စပ်ကုန်စည် ပို့ဆောင်သည့် မော်တော်ယာဉ်များ အခက်ကြုံကာ ကုန်စည်စီးဆင်းမှု နှောင့်နှေးနေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း ခိုးဝင် မြန်မာနိုင်ငံသား ၇၁ ဦး ဖမ်းဆီးခံရ




28.4.2014

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်ဘက်ကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၇၁ ဦးကို ဧပြီ ၂၇ ရက်နေ့က ဖမ်းဆီးရမိကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မြန်မာ ပွဲစားနှစ်ဦး ထိုင်းရောက် မြန်မာ အမျိုးသမီးငယ်ကို လေးရက်ကြာ ပိတ်လှောင်ပြီး ငွေညှစ်




28.4.2014

ထိုင်းနိုင်ငံတွင် မြန်မာ ပွဲစားနှစ်ဦးက ရခိုင်ပြည်နယ်မှ အ လုပ်လာ လုပ်သော အမျိုးသား သုံးဦးကို ငါးဖမ်းလှေသို့ ရောင်းစားခဲ့ပြီး အမျိုးသမီး ငယ်တစ်ဦးကို လေးရက်ကြာ အခန်း ပိတ်လှောင်ကာ ထိုင်းဘတ်ငွေ ၁၂,၀၀၀ဖြင့် ရွေးယူရန် တောင်းခံမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

လူကုန်ကူးခံရသူ ၅ဝ ကိုကော့သောင်း၌ ယာယီစောင့်ရှောက်ထား


28.4.2014

လူကုန်ကူးခံရသူ ၅ဝအား တစ် ပြိုင်နက် ယာယီစောင့်ရှောက်ထား နိုင်သောဂေဟာတစ်ခုကို ကော့ သောင်းမြို့၌ ယခုလ ၂၄ ရက်က ဖွင့်လှစ်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဗဟိုအဖွဲ့မှ အတည်ပြုသည်။

ပစ္စတိုတစ်လက်နှင့် မူးယစ်ဆေးပြားများသယ်လာသူ ဒဂုံဧရာအဝေးပြေးတွင်ဖမ်းမိ


28.4.2014

ပစ္စတိုသေနတ်တစ်လက်နှင့်အတူ စိတ်ကြွမူးယစ်ဆေးပြားများ သယ်လာသည့် ခရီးသည်တစ်ဦးကို လှိုင်သာယာ
ဒဂုံဧရာ အဝေးပြေးကားဝင်း အတွင်းတွင် ကြိုတင်သတင်းအရ ဧပြီ ၂၇ ရက် ည ၈ နာရီခန့်က ဖမ်းဆီးရမိလိုက်သည်။

ကရင်ပြည်နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှုန်း ဆက်တိုက် မြှင့်တက်




28.4.2014

ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် ကရင်ပြည်နယ်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဖမ်းဆီးရရှိမှုနှုန်းမှာ တနှစ်ထက် တနှစ် ဆက်တိုက် မြှင့်တက်လာနေကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ စာရင်းများအရ သိရှိရသည်။

Sunday, April 27, 2014

ဂျပန်ဖောင်ဒေးရှင်းက မသန်စွမ်းသူတွေအတွက် အကူအညီပေးမည်




27.4.2014

မသန်စွမ်းသူတွေ လူမှုအသိုက်အဝန်းမှာ ဝင်ဆံ့နိုင်ဖို့အတွက်နဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင် လုပ်ကိုင်နိုင်ဖို့အတွက် ပညာပေးအစီအစဉ်တွေပါ သင်ကြားပေးမယ့် စီးပွားရေးလုပ်ငန်း ပျိုးထောင်ရေးဗဟိုဌာန တည်ထောင်ရေးအတွက် နိုင်ငံတကာ အန်ဂျီအို အဖွဲ့ဖြစ်တဲ့ ဂျပန်နီပွန် ဖောင်ဒေးရှင်းက ကူညီပေးသွားမှာဖြစ်ပါတယ်။

နှစ် ၅၀ အတွင်း အမြင့်ဆုံးအပူချိန် စစ်ကိုင်းတွင် စံချိန်ချိုး


27.4.2014

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့တွင် နေ့အပူချိန် ဆက်လက်မြင့်တက်နေကာ ဧပြီ ၂၃ ရက်က နှစ်ပေါင်း ၅၀ အတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့သည့်အပူချိန်ကို နှစ်ရက်အကြာတွင် ထပ်မံစံချိန်သစ်တင်ခဲ့ကြောင်း မိုး/ဇလဌာနမှ သတင်းရရှိသည်။

ဖုန်းခေါ်ဆိုမှု အကန့်အသတ်မရှိ သုံးစွဲနိုင်မည်ဟု တယ်လီနောမြန်မာဆို


27.4.2014

ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းများ ပြည်တွင်းတွင် စတင် လုပ်ကိုင်နေပြီ ဖြစ်သည့် တယ်လီနောမြန်မာက ၎င်းတို့ အသုံးပြုမည့် မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက် ထိန်းချုပ်စီမံခန့်ခွဲမှု အချက်အလက်စင်တာ (Core Network Data Center) များသည် ဖုန်းအဝင်အထွက် ခေါ်ဆိုမှု အရေအတွက် အကန့်အသတ်မရှိ သုံးစွဲနိုင်ကြောင်း တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ယူကရိန်းအရှေ့ဘက်ရှိ စစ်ဆင်ရေးစခန်းတွေကို ရုရှခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားဆဲ




27.4.2014

ရုရှအစိုးရလိုလားသူ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းအရှေ့ဘက်က စလာဗီယန့်စ်မြို့ အဓိက စစ်ဆေးရေးစခန်းတွေကို ဧပြီလ ၂၆ ရက်နေ့အထိ ထိန်းချုပ်ထားဆဲပါ။

အပစ်ရပ် ဆွေးနွေးမှု NCCT အဆုံးအဖြတ်အတိုင်း ဆက်လုပ်မည်ဟု ကေအိုင်အိုပြော


27.4.2014

အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ပြန်လည် သုံးသပ်မည်ဟု ပြောဆိုထားသော ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုက အပစ်ရပ် ဆွေးနွေးမှုများကို NCCT (တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) ၏ အဆုံးအဖြတ်အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောကြားသည်။

Thursday, April 24, 2014

ပြည်မြို့ န၀ဒေးတံတားအောက် လူသတ်မှု တစ်နှစ်ပြည့်သည့်တိုင် ဖော်ထုတ်ပေးနိုင်ခြင်း မရှိ၍ မိသားစုက သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်


24.4.2014

၂၀၁၃ ခုနှစ်၊ ဧပြီ ၂၃ ရက်က ပြည်မြို့၊ န၀ဒေးတံတားအောက်တွင် ဖြစ်ပွားခဲ့သည့် ချစ်သူစုံတွဲကို လုယက်သတ်ဖြတ်ခဲ့မှု တစ်နှစ်ပြည့်သည့်တိုင်အောင် အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးသည့်အတွက် သေဆုံးသူ ကိုဇော်မင်းဦး၏ မိသားစုများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း မိသားစုထံက သိရသည်။

ဦးဝင်းတင် ကွယ်လွန်သွားသည့်အပေါ် တိုင်းရင်းသားခေါင်းဆောင်များ၏ အမြင်



24.4.2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အသက်-၈၅ နှစ် ဟာ ဧပြီ ၂၁ ရက်နေ့ မနက် ၆ နာရီခွဲက ကျောက်ကပ်ရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။

ပင်မဓါတ်အားလိုင်းကြိုး သွယ်တန်းမှုကြောင့် ဒေသခံများ လျှပ်စစ်အန္တရာယ် စိုးရိမ်နေ




24.4.2014

ဖားအံမြို့နယ် ဖားကပ်ကျေးရွာအုပ်စု ရေတွင်းကုန်း ရွာနှင့် နတ်ကုန်းရွာများကို ဖြတ်သန်းသွယ်တန်းထားသည့် ပင်မလျှပ်စစ် ဓာတ်အားလိုင်းကြိုးမှာ အလွန်နိမ့်ကျလျှက်ရှိသဖြင့် လျှပ်စစ်အန္တရာယ်ကို ဒေသခံရွာသားများက စိုးရိမ်နေကြသည်။

ဖက်ဒရယ်စနစ်ကို အစိုးရလက်မခံဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြားချက် မမှန်ကြောင်း ဦးရဲထွဋ်ရှင်း


24.4.2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းရာတွင် အစိုးရက ဖက်ဒရယ်ကို လက်မခံသည့် အချက်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကြန့်ကြာနေကြောင်း KIA/KIO ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်မှာ မှားယွင်းကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ဖာချယ် ကျေးရွာအုပ်ချုပ်ရေးမှူးကို RCSS/SSA က ဖမ်းဆီးခြင်း မဟုတ်ကြောင်း တရားဝင်ငြင်း


24.4.2014

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ဖာချယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကို ဧပြီလ ၁၉ ရက် ည ၈ နာရီခွဲခန့်က အမည်မသိ လက်နက်ကိုင် လူအင်အား ငါးယောက်က နေအိမ်တွင် လာရောက် ခေါ်ဆောင်သွားမှုတွင် RCSS/SSA အနေနှင့် လုံးဝပတ်သက်ခြင်း မရှိသည်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ဗိုလ်မှူးချုပ်စိုင်းလူးက ရှမ်းပြည်နယ်အစိုးရထံ တရားဝင်စာပို့ ငြင်းဆိုလိုက်ကြောင်း RCSS/SSA မိုင်းတုံ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီးစိုင်းလွန့်ဆန်က ပြောကြားသည်။

ရဲဘော်သုံးကျိပ်ဝင် အချို့နှင့် လွတ်လပ်ရေး မော်ကွန်းဝင် အချို့၏ အုတ်ဂူမြေနေရာကို အဆင့်မြှင့်


24.4.2014

ရဲဘော်သုံးကျိပ်ဝင် အချို့နှင့် လွတ်လပ်ရေး မော်ကွန်းဝင် အချို့၏ အုတ်ဂူများ တည်ရှိရာ လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်ရှိ မြေလေးဧက နေရာတွင် အထိမ်းအမှတ် နေရာတစ်ခုအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (Y.C.D.C)၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

Wednesday, April 23, 2014

ကိုရီယားသင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၁၂၈ ဦးအထိ မြင့်တက်




23.4.2014

အသုဘအခမ်းအနားများ အင်္ဂါနေ့မနက်ပိုင်းမှ စတင်ပြီး သင်္ဘောနစ်မြုပ်ရာ ဒေသနှင့်နီးစပ်ရာဒေသများတွင် အဆက်မပြတ် ကျင်းပလျက်ရှိနေသည်။ လွန်ခဲ့သည့် ၆ ရက်ခန့်က ကိုရီယားကျွန်းဆွယ် အနောက် တောင်ဘက်ပိုင်းတွင် ဇောက်ထိုးအနေအထားဖြင့်နစ်မြုပ်သွားခဲ့သည့် Sewol သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူဦးရေမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ၁၂၈ ဦးကို သေဆုံးပြီ ဟု အတည်ပြုနိုင်ခဲ့ပြီး ၁၇၄ ဦးမှာ ပျောက်ဆုံးလျက်ရှိသည်။

ထိုင်းနိုင်ငံတွင်း ၀တ်ဖြူစင်ကြယ်ဝတ် ခိုးဝင်သူ မြန်မာ ၃၀ အဖမ်းခံရ




23.4.2014

ထိုင်းနိုင်ငံထဲကို တရားထိုင်ဝတ်စုံအဖြူရောင်ဝတ်ဆင်ပြီး ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားအယောက် ၃၀ ကို တာ့ခ်ခရိုင် မဲဆောက်မြို့
နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြသွားပါတယ်။

ကေအဲန်ယူနှင့် ဒီကေဘီအေ ပူးပေါင်း၍ အထက်တန်းကျောင်း တည်ဆောက်




23.4.2014

ကလေးများ၏ ပညာရည်မြင့်မားရေးကို ရည်ရွယ်၍ ကရင်ပြည်နယ်အတွင်းရှိ မြ၀တီမြို့နယ် သေဘောဘိုးကျေးရွာတွင် ကရင် အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ)တို့ ပူးပေါင်းကာ အထက်တန်း ကျောင်းတစ်ကျောင်း တည်ဆောက်လျှက်ရှိသည်။