address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Thursday, July 11, 2013
မြေယာအငြင်းပွားမှု ဖြေရှင်းရန် KNU နှင့် ကရင်လူ့အဖွဲ့အစည်းများ ဆွေးနွေးမည်
11-7-2013
ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော မြေယာပိုင်ဆိုင်ခွင့် အငြင်းပွားမှုများ ဖြေရှင်းနိုင်ရန် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ကရင်လူထု အခြေပြု အဖွဲ့အစည်းများ ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ် သွားမည် ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက်မည့် ကရင်သဘာ ဝပတ် ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုရေးဆိုင်ရာကွန်ရက် ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဇွန်လ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်း ပပြုလုပ်မည်ဖြစ်ပြီး ယင်းအစည်းအဝေးမှ ထွက်ပေါ်လာသော အကြံပြုချက်များကို အစိုးရထံ တင်ပြမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
အစိုးရနှင့် KNU တို့၏ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်တွင် မြေယာနှင့် ပတ်သက်သည့် သဘောတူညီချက် သုံးချက်ပါဝင်ပြီး ကရင်ပြည်နယ်တွင် အစိုးရက သိမ်းယူထားသော မြေယာ များ ပြန်လည်ရရှိရေးနှင့် ယခင်စစ်ဖြစ်ပွားခဲ့သည့် နေရာများတွင် ဒေသခံများပြန် လည် နေထိုင် ခွင့် ရရှိရေးအတွက် အဓိကထား တောင်းဆိုထားခြင်း ဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် အဆိုပါ အချက်သုံးချက်နှင့် ပတ်သက်ပြီး အဓိကထား ဆွေးနွေးသွားမည်ြ ဖစ်ကြောင်း၊ KNU က ချထားသည့် မြေယာပိုင်ဆိုင်ခွင့် ဂရန်များကို အစိုးရက အသိအ မှတ်ပြုပေးရန်နှင့် မြေယာမဲ့IDPsများ၏ မြေယာလုပ်ပိုင်ခွင့်ရရှိရေးအတွက်အဓိကထား ဆွေးနွေး သွားမည် ဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲ တက်ရောက်မည့် ကရင်လူထုအခြေပြု အဖွဲ့ အစည်း များထံမှ သိရသည်။
ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားစဉ် စစ်ဘေးရှောင် ဒုက္ခသည်များ တိမ်းရှောင်သွား သည့် လယ်ယာမြေများတွင် လက်နက်ကိုင်တပ်ဖွဲ့များ စခန်းပြုလုပ် နေထိုင်ခြင်း၊ တပ်မတော်က သိမ်းယူကာ တပ်စခန်းများ ဆောက်လုပ်ခြင်းတို့ကြောင့် ကရင်ပြည်နယ်တွင်း မြေယာအငြင်းပွားမှု များ ဖြစ်ပွားလျက် ရှိသည်။
စောဖရန်ကလင်း
The Voice Weekly
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment